ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့် Online Ticketing and Payment System လုပ်ငန်းအကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူ

ရန်ကုန်  ဇူလိုင်   ၂၃
ရထားလက်မှတ်များကို အွန်လိုင်း မှ   ဝယ်ယူနိုင်သည့်     Online Ticketing   and    Payment System   ရေးဆွဲတည်ဆောက် လုပ်ကိုင်ခြင်း      လုပ်ငန်းကို အကောင်အထည်      ဖော်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက   တင်ဒါခေါ်ယူထား‌ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို အကောင် အထည်ဖော်ရန်အတွက် ဝန်ကြီး ဌာနက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံလုပ်ကိုင်သူ   Developer များကို   တင်ဒါခေါ်ယူထားကာ ရန်ကုန်  -   မန္တလေးလမ်းပိုင်း၊ ရန်ကုန် - ပြည် - ပုဂံလမ်းပိုင်း၊ ရန်ကုန် - မော်လမြိုင်လမ်းပိုင်း တို့တွင် ကနဦးလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
တင်ဒါကို Online Ticketing and   Payment   System ကို အကောင်အထည်ဖော်    ဆောင် ရွက်မည့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူသည်      မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်စေ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီဖြစ်စေ၊  Joint   Venture (သို့မဟုတ်) Consortium ဖွဲ့စည်း ၍ဖြစ်စေ  ဝင်ရောက်ယှဉ်ပြိုင်နိုင် သည်ဟု သိရသည်။
အဆိုပါ     လုပ်ငန်းအတွက် တင်ဒါစိစစ်       ရွေးချယ်မှုကို စိတ်ဝင်စားမှုဖော်ပြချက်  (EOI) အဆိုပြုလွှာတင်သွင်းခြင်း၊  EOI အောင်မြင်သူအား Request for Proposal (RFP)  တင်သွင်းစေ ခြင်းဟူ၍  အဆင့်  (၂)  ဆင့်ဖြင့် အကောင်အထည်ဖော်   ဆောင် ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့် အနေဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့်   ပြည်တွင်း / ပြည်ပ ကုမ္ပဏီအဖွဲ့အစည်းများသို့  EOI အဆိုပြုလွှာများ  တင်သွင်းရန် ဖိတ်ခေါ်ထားသည်။   စိတ်ပါဝင် စားသော  ရင်းနှီးမြှုပ်နှံလုပ်ကိုင် လိုသူများအနေဖြင့် EOI အဆိုပြု လွှာစာရွက်စာတမ်းများကို တစ်စုံ လျှင် ငွေကျပ်   ၃၀၀၀၀၀   ဖြင့်  မြန်မာ့မီးရထား၊ ထောက်ပံ့ဌာန၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထောင့် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ ၌ ဇူလိုင် ၂၂ ရက်မှ သြဂုတ်  ၂ ရက် အတွင်းရုံးချိန်အတွင်း ဝယ်ယူနိုင် ကြောင်း အသိပေးထားသည်။
EOI    အဆိုပြုလွှာများကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ  ၂ နာရီခွဲ နောက်ဆုံးထား၍  မြန်မာ့ မီးရထား၊ ထောက်ပံ့ဌာန၊ ကုန်သည် လမ်းနှင့် (၅၁)     လမ်းထောင့် ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့ တွင်    ပြန်လည်တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။       
 MT