မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်အောင်ပွဲ (၁)နှစ်ပြည့်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်  ၂၀


မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် အောင်ပွဲ (၁)နှစ်ပြည့် အထိမ်းအမှတ်  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ  မင်္ဂလာအခမ်းအနား ကို  ယနေ့နံနက်ပိုင်းတွင်   နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ် အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်    တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက   အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တ  ဇနိန္ဒ၊   နိုင်ငံတော်ဩဝါဒါစရိယ၊  တပ်ကုန်းမြို့  မဟာသီဟနာဒကျောင်း တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသော ဆရာတော်ကြီးများ  ကြွရောက် ချီးမြှင့်တော်မူကြပြီး     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အတွင်းရေးမှူး၊   တွဲဖက်အတွင်း ရေးမှူး၊       ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု      ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်    တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်     တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆီမီးကပ်လှူပူဇော်
အခမ်းအနား မစတင်မီ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော် ကြီးအတွင်းရှိ       မာရဝိဇယ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော် မြတ်အား   မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊  သောက်တော် ရေချမ်းနှင့်   ဆီမီးကပ်လှူပူဇော် သည်။
ယင်းနောက် အခမ်းအနားကို နမောတဿ    သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများက ပေါက်မြိုင်ဆရာတော် ကြီးထံမှ        ငါးပါးသီလခံယူ ဆောက်တည်ကြပြီး  ဆရာတော် ကြီးများ   ရွတ်ပွားချီးမြှင့်တော်မူ သည့် မေတ္တသုတ် ပရိတ်တရား တော်များကို နာယူကြည်ညိုကြ သည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ပေါက်မြိုင် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း နှင့်     လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်က မဟာသီဟနာဒ   ကျောင်းတိုက် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း နှင့်     လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။    ယင်း နောက် ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များ၊   ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာ တော်များထံ    ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်    ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်    မင်္ဂလာဇေယျုံ ကျောင်းတိုက်    ပဓာန    နာယကဆရာတော်    အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ  သဒ္ဓမ္မ  ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ အနုမောဒနာ တရားနာယူကြပြီး    လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု     သုံးကြိမ်ရွတ်ဆို ဆုတောင်း၍    အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
အခမ်းအနားအပြီးတွင် နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် ဆရာတော်၊  သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို    မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ   ထွန်းလင်းတောက်ပ လျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည်    ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေရန်၊       နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊   ကမ္ဘာ ကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ဟူသော ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်း   ဖြစ် ကြောင်း၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဝါဆိုလပြည့်ဓမ္မစကြာအခါ တော်နေ့တွင်   မာရဝိဇယ   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား   ဗုဒ္ဓါ ဘိသေက    အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော် ခြင်း၊ ကျောက်စာရုံစေတီတော်များ အား ရွှေထီးတော်တင်လှူပူဇော် ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာခမ်း အနားများကို     အောင်မြင်စွာ ဆင်ယင်ကျင်းပ   ပူဇော်နိုင်ခဲ့ပြီး ယနေ့တွင် “မာရဝိဇယ”ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး   ဗုဒ္ဓါဘိသေက အနေကဇာတင်အောင်ပွဲ တစ်နှစ် ပြည့်အထိမ်းအမှတ်အဖြစ် ဝါဆို သင်္ကန်း    ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း    သတင်းရရှိ သည်။       

သတင်းစဉ်