၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်မည်

 

 

နေပြည်တော်     ဇူလိုင်    ၁၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂ဝ၂၄ ခုနှစ်၊   ပြည်နယ်နှင့်  တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက်  (အမျိုးသား)ဘောလုံးပြိုင်ပွဲ” အား ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိ နေပြည်တော်    ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊   ပေါင်းလောင်းကွင်းနှင့် လယ်ဝေးကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၁၅  သင်း   ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍  အားကစားကိုစိတ်ပါ ဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို(အခမဲ့)လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။               သတင်းစဉ်