
ပုဗ္ဗသီရိ ဇူလိုင် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန နေပြည် တော် ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံး၌ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် e - ID စနစ် အတွက် Biographic/ Biometric ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းများကို ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြား ထုတ်ပေးခြင်းနှင့် e - ID စနစ်အတွက် Biographic/Bio-metric ဇီဝဆိုင်ရာ အချက်အလက် များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ရပ်ကွက်/ ကျေးရွာများမှ ကျား ၁၈ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်းလူဦးရေ ၄၀ တို့အား ကောက်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂)ဦးသန်း ငွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်လင်း နှင့် တာဝန်ရှိသူများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)