ဧရာဝတီနှင့် ငဝန်မြစ်ရေကြီးမှုအခြေအနေ

နေပြည်တော်  ဇူလိုင်  ၁၁
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ယင်းမြို့၏   စိုးရိမ်ရေမှတ်အောက် လေးပေခွဲခန့် (၁၃၀ စင်တီမီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့  ရောက်ရှိနိုင် သည်။
ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခွဲခန့် (၁၁၀ စင်တီမီတာ)တွင် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်း ယင်းမြို့၏  စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခွဲခန့် (၁၀၄ စင်တီမီတာ) တွင် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်း ယင်းမြို့၏  စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် လေးပေခန့် (၁၁၉ စင်တီမီတာ)တွင် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏  စိုးရိမ် ရေမှတ်အောက် လေးပေကျော်ခန့် (၁၂၉ စင်တီမီတာ)တွင် ရောက်ရှိ နေသည်။ အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မင်းဘူးမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                                                    
  မိုး/ဇလ