နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပထမဦးစားပေးဆောင်ရွက်လျက်ရှိ

နေပြည်တော်   ဇူလိုင်    ၉
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး       လုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး  (၁/၂၀၂၄) ကို    ယနေ့နံနက်ပိုင်းက သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေး     ဝန်ကြီးဌာန၌ ကျင်းပသည်။ 
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးများ၊ ကော်မတီဝင် များနှင့်  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက  နိုင်ငံ့လူဦးရေ၏  ၇၀  ရာခိုင်နှုန်းကျော် ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှသာ    နိုင်ငံ့စီးပွားဖွံ့ဖြိုးလာစေမည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုး မွေးမြူရေးအခြေခံသည့်     ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးကို ပထမဦးစားပေး ဆောင်ရွက်လျက် ရှိပြီး ဒုတိယဦးစားပေးအနေဖြင့် အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကို      အထူးအလေးပေး      ဆောင်ရွက်လျက် ရှိကြောင်း။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီအနေ ဖြင့်     ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ် နှစ်တို/နှစ်ရှည်စီမံကိန်း ရေးဆွဲခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်      ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေ    ပြည်သူများ၏    အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက် မတည် ရန်ပုံငွေ ထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီများ  ဖွဲ့စည်းခြင်း၊   လုပ်ငန်းတာဝန်များ    သတ်မှတ်ခြင်း၊  ကြီးကြပ်ကွပ်ကဲခြင်း စသည့်လုပ်ငန်းတာဝန်များကို  ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အမျိုးသား ရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင်  ကျေးလက်ဒေသရှိ   စိုက်ပျိုးမွေးမြူရေး  လုပ်ကိုင်သူများအတွက်            လိုအပ်လျက်ရှိသည့် သွင်းအားစုနှင့် ငွေကြေးအရင်းအနှီးများ ထောက်ပံ့  ပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်လာ နိုင်အောင်   သုတေသနလုပ်ငန်းများနှင့်   ဈေးကွက် ချိတ်ဆက်ရေးကိစ္စရပ်များ      ဆောင်ရွက်ပေးခြင်း၊ ကျေးလက်အခြေခံအဆောက်အအုံ  လုပ်ငန်းများဖြစ် သော လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ် မီးရရှိရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ကျေးလက်နေပြည်သူများ ၏   အဖွဲ့အစည်းဆိုင်ရာ    စွမ်းဆောင်ရည်မြင့်မား အောင်ဆောင်ရွက်ပေးခြင်း စသည့် ဖွံ့ဖြိုးရေးဆိုင်ရာ  ကိစ္စရပ်များကို     အထူးအလေးထား        ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြော ကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး က နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး ရည်မှန်း ချက်များ    ပြည့်မီအောင်   ပိုမိုပူးပေါင်း    ချိတ်ဆက်  ဆောင်ရွက်ကြရေး   ကိစ္စရပ်များကိုလည်းကောင်း၊ ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေး     လုပ်ငန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး     ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေး (၂/၂၀၂၃)ဆုံးဖြတ် ချက်များအပေါ်   ဆောင်ရွက်ပြီးစီးမှု၊   ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း  ကျေးလက်ဒေသဖွံ့ဖြိုးရေး  လုပ်ငန်းဆောင်ရွက်ပြီးစီးမှု      အခြေအနေများနှင့် ကော်မတီဝင်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ရမည့် လုပ်ငန်းကဏ္ဍများအလိုက် ညှိနှိုင်းဆွေးနွေး ရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် ကော်မတီဝင်များနှင့် ဘာသာရပ် ဆိုင်ရာပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး         လုပ်ငန်းများအတွက် လုပ်ငန်းနှင့် ရန်ပုံငွေလျာထားခြင်း ကိစ္စရပ်များအပေါ် ဖြည့်စွက်ဆွေးနွေးကြသည်။
ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍   ၂၀၂၃-၂၀၂၄   ဘဏ္ဍာရေးနှစ် အတွင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနနှင့် ကော်မတီဝင်ဆက်စပ်ဝန်ကြီးဌာနများမှ  အကောင်အထည်ဖော်    ဆောင်ရွက်နိုင်မှုအနေဖြင့် ကျေးလက်လမ်းလုပ်ငန်းများကို လမ်းအရှည် ၂၂၃၂/ ၃ ဒသမ ၀၈ မိုင်၊ တံတား ၃၁၅၈ စင်း ပေ ၆၅၅၀၀၊  ကျေးလက်ရေရရှိရေး    လုပ်ငန်းပေါင်း   ၂၉၄၁   ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်းကို  တစ်အိမ်သုံးဆိုလာ စနစ်ဖြင့်  ကျေးရွာ   ၉၂၇  ရွာ၊  အိမ်ခြေ  ၄၄၈၉၆၊  အသေးစားဓာတ်အားပေးလုပ်ငန်းဖြင့်        ကျေးရွာ ၁၃   ရွာ၊   အိမ်ခြေ   ၂၄၁၅၊   မဟာဓာတ်အားလိုင်း စနစ်ဖြင့် ကျေးရွာ  ၉၂၇ ရွာ၊  အိမ်ခြေ ၁၆၈၅၀၂၊ မဟာဓာတ်အားလိုင်း (Off-grid) အနေဖြင့် လျှပ်စစ် သွယ်တန်းခြင်း ၀/၀ ဒသမ ၅၆ မိုင်၊ အသက်မွေး  ဝမ်းကျောင်း အထောက်အကူပြုသင်တန်းအကြိမ်ရေ ၁၈၆၃ ကြိမ်၊ သင်တန်းသားဦးရေ ၃၇၅၂၆ ဦးဖြင့်  ဖွင့်လှစ်နိုင်ခဲ့ပြီး   ၁၁၃၆၈   ဦး  အလုပ်အကိုင်  ရရှိ အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ခေတ်မီစံပြ ကျေးရွာထူထောင်ခြင်းလုပ်ငန်း ၄၅ ရွာ၊ ကျေးလက်  စီးပွားမြင့်မားရေး   ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ၅၂  ယူနစ်၊   မြစိမ်းရောင်စီမံကိန်း  ၂၄၅  ယူနစ်၊  ကျေးရွာ     ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း     စီမံကိန်း ၁၈၆၄  ရွာ၊  Cash for Work စီမံကိန်း ၉၈ ရွာတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။     
သတင်းစဉ်