နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

မောင်တောမြို့နယ်ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဂိုဒေါင်အား မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ်အမှန်၊ 
AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၏ မူးယစ်ဆေးဝါးကုန်ကူးမှုလုပ်ငန်းများနှင့်ပတ်သက်၍ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့      မီဒီယာတွေ       မေးမြန်းနေကြတဲ့ မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်သွား ကားလမ်းရဲ့ တောင်ဘက်မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ဂိုဒေါင်ကို တပ်မတော်နဲ့ ဘင်္ဂါလီ တွေက    ဖျက်ဆီးခဲ့တယ်၊    လုယက်တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အမှန်ကို ရှင်းလင်း ပြောကြားလိုပါတယ်။ အဲ့ဒီမှာ အဲ့ဒီနယ်မြေဒေသရဲ့  အခြေအနေ           အကြမ်းဖျင်းအနေနဲ့ကတော့ မောင်တော - ဘူးသီးတောင်သွား    ကားလမ်းရဲ့ တောင်ဘက်မှာ ရှိပြီးတော့ အဲဒီနေရာမှာ အရင်တုန်း ကတော့ UNHCR, WFP စတဲ့ ကုလသမဂ္ဂ အဖွဲ့ အစည်းတွေရဲ့ ရုံးတွေ၊ ဂိုဒေါင်တွေရှိပါတယ်။ ရခိုင် ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်း မှာ   မေလကတည်းက   အဲ့ဒီနေရာမှာ   ရုံးထိုင်တဲ့ လူတွေမရှိတော့ဘဲနဲ့ နယ်မြေခံဘင်္ဂါလီအစောင့်တွေ  လောက်သာထားခဲ့နိုင်ပြီးတော့         ပြန်သွားတဲ့ နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေနဲ့ ပတ်သက် ပြီးလည်း  ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊  တပ်မတော် အနေနဲ့ကလည်း ဒီနေရာတွေအထိ ဝင်ရောက်ခြင်း မရှိသေးဘဲနဲ့ ဘေးကနေပဲ လုံခြုံရေးဆောင်ရွက်ပေး နေတဲ့ အနေအထားဖြစ်ပါတယ်။ 
ဒီဇွန်လ ၂၁ ရက်နေ့မှာတော့ မောင်တောမှာရှိတဲ့    တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး အဖွဲ့က     ဒီနေရာတွေကို    ကင်းလှည့်ရပါတယ်။ ကင်းလှည့် ဆောင်ရွက်တဲ့နေရာမှာ  ဒီ  WFP ရုံးတွေ၊ ဂိုဒေါင်တွေရဲ့     အရှေ့ဘက်    ဝေသာလီကျေးရွာ အရောက်မှာ    စိမ့်ဝင်နေတဲ့   AA   အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့      တိုက်ပွဲဖြစ်ပွားခဲ့တာ      ရှိပါတယ်။     အဲဒီလိုတိုက်ပွဲဖြစ်ပွားချိန်မှာ     AA    အကြမ်းဖက်အဖွဲ့အနေနဲ့  Drone  များကို  အဓိက သုံးပြီးတော့ တိုက်ခိုက်ခဲ့တာကို  တွေ့ရပါတယ်။  အဲဒီမှာ  ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်မှာပဲ AA အကြမ်းဖက် အဖွဲ့အနေနဲ့ အဲဒီ WFP ဂိုဒေါင်တွေကို ဝင်ရောက်ဖို့ အကြိမ်ကြိမ်   ကြိုးစားခဲ့ပါတယ်။  အဓိကကတော့ အဲဒီမှာရှိနေတဲ့ ပစ္စည်းတွေကို  လုယက်ဖို့ပဲ  ဖြစ်ပါ တယ်။  သူတို့နဲ့အတူ  ဒေသခံ AA ထောက်ခံအားပေး နေတဲ့ ရခိုင်တိုင်းရင်းသားအချို့လည်း ပါဝင်တယ် ဆိုတာကို ဒေသခံဘင်္ဂါလီတွေရဲ့  ပြောကြားချက်အရ  ကျွန်တော်တို့  သိရှိခဲ့ရပါတယ်။  ဒါကြောင့်မို့လို့ ဒေသခံဘင်္ဂါလီ   ရွာသားများအနေနဲ့  အဲဒီမှာရှိတဲ့ ပစ္စည်းတွေ   AA လက်ထဲမရောက်ရှိစေရေးအတွက် အနီးအနားမှာရှိတဲ့ လုံခြုံတဲ့နေရာတွေကို  ဇွန်လ  ၂၁  ရက်နေ့ကတည်းက  စတင်ရွှေ့ပြောင်းခဲ့တယ် ဆိုတာ  သိရပါတယ်။  ဇွန်လ  ၂၂   ရက်နေ့မှာတော့   ဘယ်လိုရွှေ့ပြောင်းတယ်ဆိုတာကို သိလိုတဲ့အတွက်  AA အနေနဲ့ Drone နဲ့ ကင်းထောက်ထောက်လှမ်းပြီး  အဲဒီ WFP  ဂိုဒေါင်တွေကို  Drone နဲ့ ဗုံးကြဲခဲ့တယ်၊   Drop Bomb  များချ  တိုက်ခိုက်ခဲ့တယ်ဆိုတာကို  သိရှိရပါတယ်။   ဒါကြောင့်   ဒီဂိုဒေါင်တွေ   တချို့ မီးလောင်ပျက်စီးခဲ့တယ်ဆိုတာလည်း   တွေ့ရှိရပါ တယ်။ သူတို့ ထုတ်ပြန်ထားတဲ့ပုံတွေမှာကြည့်ရင်ကို      ဒီအချက်အလက်ကို     သိသာနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ 
ဂိုဒေါင်တွေဟာ ဂိုဒေါင်တွေနဲ့  အဲဒီအနီးအနား မှာရှိနေတဲ့    ရုံးတွေမှာ   UN   ဆိုတဲ့    ကုလသမဂ္ဂ  အမှတ်အသားကို ဂိုဒေါင်အမိုးတွေမှာထင်ထင်ရှားရှားရေးထားတာ၊ ရုံးတွေမှာ ထင်ထင်ရှားရှားရေးထားတာတွေ့ရပါတယ်။  သိလျက်နဲ့လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။   ဒီလိုလုပ်ဆောင်ခဲ့လို့လည်း   ဂိုဒေါင် အမိုးတွေ Drop Bomb  ဒဏ်ကြောင့် ပေါက်ပြဲပေါက်ကွဲ ပြီးတော့ မီးလောင်တာဖြစ်ပါတယ်။ ဒီဒေသခံတွေ  သယ်ထုတ်ထားတဲ့ ဆန်အိတ်များကို ဒေသခံဘင်္ဂါလီ များအနေနဲ့   လုံခြုံရေးတပ်ဖွဲ့တွေကို   လာရောက် သတင်းပို့ခဲ့တာရှိပါတယ်။ ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့  တွေအနေနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေကို   ထောက်ပံ့ဖို့  ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက် အဲဒီရပ်ကွက်တွေမှာရှိတဲ့     အိမ်ထောင်စု     ၂၀၀၀ ကျော်ကို    အိမ်ထောင်စုတစ်စုကို   တစ်အိတ်စီနဲ့ ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း တွေ့ရှိရပါ တယ်။ AA အနေနဲ့ ဘူးသီးတောင်မြို့နယ်အတွင်း မှာရှိတဲ့  ဘင်္ဂါလီများကိုလည်း နေအိမ်မှာ မနေနိုင် အောင်     နှင်ထုတ်ပြီးဖြစ်ပါတယ်။     အလားတူပဲ မောင်တောကို တိုက်ခိုက်ဖို့လုပ်ဆောင်နေတဲ့ အချိန် မှာပဲ     ဒေသခံဘင်္ဂါလီများ၊      ဒုက္ခသည်များကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ပစ္စည်းများကို လုယူ ရန်   ကြံစည်ခြင်းဖြစ်ပြီး    မအောင်မြင်တဲ့အခါမှာ ယခုလို ဂိုဒေါင်ကို  Drop Bomb  ချပြီး မီးရှို့ခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။
နောက်တစ်ခုကတော့  AA ရဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုလုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် မေလအထိ ရခိုင်ပြည်နယ်မှာ ပင်လယ်ရေကြောင်းလမ်းကို  အသုံးပြုပြီး မူးယစ် ဆေးဝါးဖမ်းဆီးရရှိမှု ၄၆ မှုရှိပါတယ်။ တရားခံ ၂၆၆ ဦး    ဖမ်းမိခဲ့ပါတယ်။    အများစုကတော့   AA   နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့     အသိုင်းအဝိုင်းတွေပဲ ဖြစ်ပါတယ်။ စိတ်ကြွဆေး ၂၈ ဒသမ ၅ သန်း၊ အိုက်စ် ၄၁ တန်၊ ကက်တမင်း ၁ ဒသမ ၄ တန်  ဖမ်းဆီးရမိ ခဲ့တာဖြစ်ပါတယ်။  AA  အနေနဲ့ စတင်ထူထောင် လာကတည်းက           မူးယစ်ဆေးဝါးလုပ်ငန်းကို အစဉ်တစိုက်   လုပ်ဆောင်ခဲ့တာ    ဖြစ်ပါတယ်။ ဘာကြောင့်လုပ်ဆောင်ရသလဲဆိုတော့   ဒီမူးယစ် ဆေးဝါးနဲ့ပဲ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေ အကျင့် စာရိတ္တပျက်ပြားနေမှသာ AA သောင်းကျန်းသူအဖွဲ့ တွင်းကို ဝင်ရောက်နိုင်ရေး ပိုမိုစည်းရုံးဖို့ လွယ်ကူ မယ်၊ လွယ်လွယ်ကူကူရတဲ့ငွေနဲ့ လက်နက်၊ ခဲယမ်း တွေဝယ်နိုင်မယ်၊    တရားမဝင်   ထောက်ပံ့မှုတွေ လုပ်နိုင်မယ်ဆိုတာကို   ရည်ရွယ်ပြီး  ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါတယ်။  ၂၀၁၆ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့  AA  သောင်းကျန်းသူအဖွဲ့က   ဒုတိယဗိုလ်မှူးကြီး  အဆင့်ရှိတဲ့ အောင်မြတ်ကျော်ဆိုရင် ထွန်းမြတ်နိုင်ရဲ့  တာဝန်ပေးချက်အရ    ၂၀၁၅    ခုနှစ်အတွင်းမှာ ပြင်ဦးလွင်ကနေ ရန်ကုန်၊ ဘားအံကနေ ရန်ကုန်ကို ၁၀  ကြိမ်လောက် လက်နက်၊ ခဲယမ်းတွေ၊ မူးယစ် ဆေးဝါးတွေကို    ဆီသယ်ဆောင်တဲ့ကားတွေမှာ အံဝှက်တွေပြုလုပ်ပြီး သယ်ဆောင်ခဲ့တယ်ဆိုတာ ကို သူ့ကိုဖမ်းဆီးရမိပြီး အစစ်ခံတဲ့အထဲမှာ အစစ်ခံ ခဲ့ပါတယ်။ နိုင်ငံပိုင်သတင်းဌာနတွေရှေ့မှာလည်း  သူ့ရဲ့ဝန်ခံချက်ကို ထုတ်လွှင့်ခဲ့ပါတယ်။ 
၂၀၂၃  ခုနှစ်  ဒီဇင်ဘာလအတွင်းမှာ  ဖမ်းဆီး ရမိတဲ့ ဖြစ်စဉ်တစ်ခုမှာဆိုရင် အိုက်စ်တို့၊ ကဖင်းတို့  ဖမ်းဆီးရမိတာတွေရှိတယ်။ အသုံးပြုတဲ့ ယာဉ်တွေ၊ စက်လှေတွေ၊ ဂိုဒေါင်တွေကို ငှားရမ်းအသုံးပြုခဲ့တာ တွေ့ရပါတယ်။ AA သောင်းကျန်းသူအဖွဲ့ဝင်အများ အပြား    ကွန်ရက်ချိတ်ဆက်    ဆောင်ရွက်နေတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ကိုပို့မယ့်  ကဖင်း ဖမ်းဆီးရမိမှု ဖြစ်စဉ်အရ AA သောင်းကျန်းသူ  တွေအနေနဲ့ အိုက်စ်တို့၊ ကဖင်းတို့ကို အသုံးပြုပြီး တော့ ရခိုင်ပြည်နယ်မှာပဲ စိတ်ကြွရူးသွပ်ဆေးပြား တွေ    ပြောင်းလဲထုတ်လုပ်ဖို့    ကြိုးစားနေတာကို တွေ့ရပါတယ်။    ဖမ်းဆီးရမိတဲ့      ဆေးပြားအရေ အတွက်တွေ၊    မူးယစ်ဆေးအရေအတွက်တွေကို ကြည့်ရင် ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူဦးရေအားလုံး သုံးစွဲနိုင်တဲ့ပမာဏထက် သာလွန်နေတာကို တွေ့ရ ပါတယ်။ ဒါတွေဟာဘာလဲဆိုတော့ အဓိကကတော့ တစ်ဖက်နိုင်ငံကို အမြောက်အမြားပို့ဆောင်ခဲ့တာ တွေ၊ တစ်ဖက်နိုင်ငံမှာလည်း အမြောက်အမြားဖမ်းမိ တာတွေ၊ ရခိုင်ဒေသကိုအခြေခံပြီး ပင်လယ်ပြင်ကနေ အခြားနိုင်ငံတွေကို  ထွက်တာတွေကို ဆောင်ရွက် တာကို တွေ့ရပါတယ်။ 
ဒါကြောင့်   AA  ရဲ့   အကြမ်းဖက်လုပ်ရပ်တွေ၊ AA    ရဲ့   မူးယစ်ဆေးဝါး   ကုန်ကူးမှုလုပ်ရပ်တွေ၊ သယ်ဆောင်မှုလုပ်ရပ်တွေ၊    မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်မှာပဲ ထုတ်လုပ်ဖို့ လုပ်နေတဲ့ လုပ်ရပ် တွေအားလုံးဟာ        မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူလူထုကို ဖျက်ဆီးရုံသာမက ဒေသတွင်းမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးရေး၊ အကြမ်းဖက်လုပ်ငန်း စဉ်များ ပေါ်ပေါက်လာရေးကို ဦးတည်ဆောင်ရွက် နေတယ်ဆိုတာ တွေ့ ရပါတယ်။  အားလုံးသတိရှိကြဖို့ မေတ္တာရပ်ခံလိုပါတယ်။    အကြမ်းဖက်၊    မူးယစ် ဆေးဝါးကို    ဆောင်ရွက်နေတဲ့    အဖွဲ့အစည်းကို အားလုံးက   ဝိုင်းဝန်းဆန့်ကျင်ကြဖို့     တိုက်တွန်း လိုပါတယ်။
ကျေးဇူးတင်ပါတယ်။