ဂျပန်သုတေသီများ ပစိဖိတ်သမုဒ္ဒရာအတွင်း ဓာတ်သတ္တုအရင်းအမြစ် အမြောက်အမြားတွေ့ရှိ

တိုကျို    ဇွန်   ၂၂
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂျပန် ပိုင်နက်   အရှေ့ဘက်အစွန်ဆုံး ကျွန်းစုများအနီးရှိ       ရေပြင်တွင်  ဓာတ်သတ္တု            အရင်းအမြစ် အမြောက်အမြား   ရှာဖွေတွေ့ရှိခဲ့ ကြောင်း ဇွန် ၂၁ ရက်က  တိုကျို တက္ကသိုလ်နှင့် နိပွန်ဖောင်ဒေးရှင်း တို့ ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်        ထုတ်ဖော် ပြောကြားသည်။
ဂျပန်နိုင်ငံ၏ အထူးသီးသန့် စီးပွားရေးဇုန်ရှိ မီနာမီတိုရီရှီးမား ကျွန်းအနီး အနက်  မီတာ  ၅၅၀၀ တွင် နေရာပေါင်း ၁၀၀ ကျော်ကို ဂျပန်သုတေသနအဖွဲ့ တစ်ဖွဲ့က ဧပြီလမှ   ဇွန်လအထိ  စစ်တမ်း ကောက်ယူခဲ့ကြောင်း   ၎င်းတို့က ပြောသည်။  အဆိုပါ  အဖွဲ့သည် ပင်လယ်ကြမ်းပြင်တွင်  ထုတ်ယူရ လွယ်ကူသည့်   မင်းဂနိစ်ဒြပ်တုံး တန်ချိန် သန်း ၂၃၀ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ 
အဆိုပါ        လေ့လာမှုအရ ယင်းဓာတ်သတ္တုများအနက်  သံ နှင့် မင်းဂနိစ်တို့ အဓိကပါဝင်ပြီး လျှပ်စစ်ကား ဘက်ထရီများတွင် အသုံးပြုသည့် ကိုဘော့နှင့် နီကယ် တို့လည်း ပါဝင်ကြောင်းပြောကြား သည်။  ဂျပန်နိုင်ငံ၏   တစ်နှစ်တာ သုံးစွဲမှု လိုအပ်ချက်ပမာဏ၏ ၇၅ နှစ်စာနှင့်   ညီမျှသော   ကိုဘော့ တန်ချိန် ၆၁၀၀၀၀ ခန့်နှင့် ၁၁နှစ်စာ သုံးစွဲမှုပမာဏနှင့်  ညီမျှသည့် နီကယ်တန်ချိန် ၇၄၀၀၀၀ ခန့်ရှိ မည်ဟုဆိုသည်။
တစ်ရက်လျှင် ခန့်မှန်းတန်ဖိုး ယန်း ၇ မှ ၈ ဘီလီယံ (သို့မဟုတ်) ဒေါ်လာ ၄၄ သန်းမှ သန်း ၅၀ ခန့်ရှိ မင်းဂနိစ် တန်ချိန် ၂၅၀၀ ခန့်ထုတ် ယူမည့် စမ်းသပ်မှုကို လာမည့်နှစ် အစောပိုင်းတွင်    စတင်မည်ဖြစ် ကြောင်း   ၎င်းတို့က  ပြောကြား သည်။                
အင်န်အိတ်ချ်ကေ