မြန်မာ့ရိုးရာအစားအစာ ပုံးရည်ကြီး

Type
1

ပီပီပီ (စက်မှု)
ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လူများသည် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော အစားအစာတစ်မျိုးဖြစ်သည့် အနှေးအစားအစာ (Slow Food - ပြင်ဆင်ချက်ပြုတ်ရသော အစားအစာ)ကို ပိုမိုစိတ်ဝင်စားလာကြပါသည်။ တိုင်းရင်းသားအစားအစာကို အကျဉ်းအဓိပ္ပာယ်ဖွင့်ပါက ဒေသထွက်ပစ္စည်းများကို အသုံးပြု၍ တိုင်းရင်းသား လူမျိုးစု၏ အမွေအနှစ်နှင့် ယဉ်ကျေးမှုမှ ဆင်းသက်လာသော အစားအစာများဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။ 
ထို့ပြင်    လူမျိုးစု   ပြင်ပမှ   စားသုံးသူများက ယဉ်ကျေးမှုနှင့် လူမှုရေးအရ လက်ခံသည့် ဟင်းလျာ အဖြစ်လည်း   သတ်မှတ်နိုင်ပါသည်။  ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း လူမျိုးအလိုက် တိုင်းရင်းသား အစားအစာများ များစွာရှိပြီး ဥပမာ- ဂရိ၊ အိန္ဒိယ၊ အီတလီ၊   ထိုင်းနှင့်   ကိုရီးယားအစားအစာများ စသည်တို့ဖြစ်ကြပါသည်။   တိုင်းရင်းသားအစား အစာများတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်နှင့် မွတ်စလင် အစားအစာများကဲ့သို့   မတူညီသော  ဘာသာ ကိုးကွယ်သူများ စားသုံးသော အစားအစာများလည်း ပါဝင်ပါသည် (Dea Young Kwon. Editorial, Journal of Ethnic Foods, ၂၀၁၅)။ 
နိုင်ငံအသီးသီးက  ၎င်းတို့၏   တိုင်းရင်းသား အစားအစာများကို ကမ္ဘာတစ်ဝန်းက လူများအား မိတ်ဆက်ပေးရန် စိတ်အားထက်သန်ကြပါသည်။ နိုင်ငံတစ်ခုစီ၏ အစားအစာသည် ၎င်း၏ သမိုင်း ကြောင်းနှင့် အာဟာရဆိုင်ရာ အကျိုးကျေးဇူးများ အပါအဝင်    ကိုယ်ပိုင်ဇာတ်လမ်းရှိသော်လည်း၊ သုတေသနပြုလုပ်မှု     နည်းပါးသောကြောင့် တိုင်းရင်းသားအစားအစာနှင့်   ပတ်သက်သည့် အချက်အလက်များ နည်းပါးနေပါသည်။
မြန်မာ့ပုံးရည်ကြီး
မြန်မာနိုင်ငံတွင်   ရှေးပဝေသဏီကတည်းက ရှိခဲ့သော ရိုးရာဟင်းမျိုးစုံနှင့် အစားအသောက်မျိုးစုံ ကို ပိုင်ဆိုင်ထားပါသည်။ မြန်မာ့ရိုးရာအစားအစာ အများစုသည်    အရသာရှိပြီး   ကျန်းမာရေးနှင့် ညီညွတ်ကာ ဗီတာမင်များ ကြွယ်ဝပါသည်။ ၎င်းတို့ အနက်  ပုံးရည်ကြီးသည် ကျော်ကြားပြီး အရသာ ရှိသော     မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်ကာ ဒေသခံများသာမက    နိုင်ငံခြားခရီးသွားများပါ တွင်ကျယ်စွာ  စားသုံးခဲ့ကြသည့်  အရန်ဟင်းဖြစ်ပါ သည်။ ပုံးရည်ကြီးသည် ပုဂံခေတ် (၁၂ ရာစု) တွင် ရှေးမြန်မာများလက်ထက်ကတည်းက လူကြိုက် များသော  အစားအစာဖြစ်သည်ကို  သုတေသီအချို့ က   ယုံကြည်ကြပါသည်။   ပုဂံခေတ်မှစတင်၍ ယနေ့ခေတ်အထိ ပုံးရည်ကြီးသည် ခေတ်အဆက် ဆက်တွင်   ရေပန်းစားသော  အစားအစာတစ်ခု ဖြစ်လာခဲ့ပါသည်။ 
ပုံးရည်ကြီးကို    ပဲပိစပ်   (Horse Gram)၊ ကုလားပဲညို၊   ပဲနီ၊  ပဲပုပ်  အစရှိသော ပဲမျိုးစုံမှ ထုတ်လုပ်ပါသည်။ ထို့ကြောင့် အာဟာရတန်ဖိုး မြင့်မားပါသည်။ ဖော်ပြထားသော ပဲများအနက်မှ ပဲပိစပ်ကို ပုံးရည်ကြီးပြုလုပ်ရန် အဓိကအသုံးပြုပါ သည်။ ပုံးရည်ကြီးကို ပုဂံ၊ ညောင်ဦး၊ ငါးသရောက် နှင့်   မြင်းခြံကျေးလက်ဒေသများတွင်   အဓိက ထုတ်လုပ်ကြပါသည်။ ပုံးရည်ကြီးသည် ပျစ်ခဲပြီး အညိုရင့်ရောင်ရှိကာ ချဉ်သောအရသာ ရှိပါသည်။ အများအားဖြင့် ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တစ်ခါတစ်ရံ ပုစွန်ခြောက်နှင့် ရောစပ်ပြီး အသုပ် အဖြစ်   ပြင်ဆင်တည်ခင်းလေ့ရှိပါသည်။  ဟင်းပွဲ အနေဖြင့် ဝက်သား၊ ငါး၊  ဥများနှင့်  ချက်ပြုတ်ကြ ပါသည်။ ၎င်း၏ သင့်လျော်သော ပေါင်းစပ်ပါဝင် ပစ္စည်းများကြောင့်    ပုံးရည်ကြီးသည်    ကျန်းမာရေး နှင့် အညီညွတ်ဆုံးနှင့် အရသာအရှိဆုံး အစားအစာ များထဲမှ တစ်ခုဖြစ်သည်မှာ သေချာပါသည် (Than et al, 2020)။
ပုံးရည်ကြီးပြုလုပ်ပုံ
ပုံးရည်ကြီးကို     အများအားဖြင့်   ပဲပိစပ်မှ ပြုလုပ်ကြပါသည်။ တခြားပဲအမျိုးမျိုးများဖြင့်လည်း ပုံးရည်ကြီးကို   ပြုလုပ်၍ရပါသည်။  ပဲပိစပ်ဖြင့် ပြုလုပ်သော ပုံးရည်ကြီးသည် အခြားပဲနှင့် ပြုလုပ် သော   ပုံးရည်ကြီးတို့ထက်  အရသာပိုမိုလေးပင် ပါသည်။ 
ပုံးရည်ကြီးပြုလုပ်ရာ၌  ရှေးဦးစွာ  ပဲပိစပ်ကို စင်ကြယ်အောင်   ရေနှင့်အထပ်ထပ်  ဆေးပေးရ ပါသည်။   ထို့နောက်   အိုးကြီးကြီးတစ်လုံးထဲသို့ ရေစင်အောင်ဆေးထားသော  ပဲပိစပ်တစ်ဆ၊  ရေ သုံးဆထည့်ပြီး ပြုတ်ရပါသည်။ ပဲနူး၍ ပွလာသော အခါ အရည်သည် သစ်ခေါက်ရောင် ဖြစ်လာပါသည်။ ပုံးရည်ကျိုသည့်လုပ်ငန်းကို  စီးပွားဖြစ်လုပ်သူတို့ သည် မီးဖိုကို အုတ်၊ ရွှံ့အင်္ဂတေတို့ဖြင့် အခိုင်အမာ ပြုလုပ်ထားပါသည်။ ပဲများကောင်းစွာ နူးနပ်လာ သည်အထိ ပြုတ်ရပါသည်။ 
ပဲကိုဆယ်ထားပြီးနောက် အိုးထဲ၌ ကျန်ခဲ့သော အရည်များကို   စဉ့်အိုးများတွင်ထည့်၍  အချဉ် ဖောက်ရပါသည်။ အချဉ်ပေါက်ရန်အတွက် ပုံမှန် အားဖြင့် ငါးရက်မှ ခုနစ်ရက်ခန့်အထိ ထားလေ့ရှိပြီး အချဉ်အရသာ ပိုကြိုက်ပါက ရက်ကြာကြာထားနိုင် ပါသည်။ အချဉ်ပေါက်လာသော ပဲရည်ကို ဖျဉ်းအိုး ထဲထည့်ပြီး မီးဖိုပေါ်တင် ပြန်ကျိုရပါသည်။ ပြန်ကျို သောအခါတွင် ယောက်မနှင့် အဆက်မပြတ် မွှေပေး ရပါသည်။     မွှေသည့်အခါတွင်လည်း   အိုးအနှံ့ သမအောင်   မွှေရန်လိုပါသည်။  အမွှေမညီပါက ကျဲသည့်နေရာကျဲ၍ ခဲသည့်နေရာ ခဲတတ်ပါသည်။ ပဲရည်များကို    ယောက်မနှင့်  ကော်လိုက်လျှင် အောက်သို့ ကျလာသော ပဲရည်သည် ကြွက်မြီးကဲ့သို့ အမျှင်တန်းအောင် ပျစ်လာသောအခါ ယောက်မ နှင့် ပို၍မွှေပေးရပါသည်။ 
မွှေရင်းမွှေရင်းဖြင့်      သင့်တော်သော  အပျစ် အနေထားရောက်ပြီဟု ခန့်မှန်းရသောအခါ အိုးကို မီးဖိုပေါ်မှချပြီး     အသင့်ဆေးထားသော   မြူအိုး သို့မဟုတ် လေလုံသောအိုးတစ်ခုခုထဲကို ခပ်ထည့် လိုက်ပါက ပုံးရည်ကြီးရရှိပြီဖြစ်ပါသည်။ ထို့အပြင် ပုံးရည်ကြီးအိုးကို     မီးဖိုပေါ်မှ   ချရာတွင်လည်း အရေးကြီးပါသည်။ အေးသွားသောအခါ ပုံးရည် ကြီးသည်   ပို၍ပျစ်သွားတတ်သဖြင့်  အိုးကိုမချမီ အလိုရှိသည့်  အပျစ်အကျဲကို  ခန့်မှန်းပေးရသည်။ ပုံးရည်ကြီးကို  သံဘူးတွင်ထည့်လျှင် အရောင်မည်း သွားတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျိုရာ၌ပင် အရောင်ပျက်မည်စိုး၍ သံဒယ်ဖြင့် မကျိုကြချေ။
ပုံးရည်ကြီးကို  ကျိုချက်ရာ၌  အထူးဂရုစိုက် ရပါသည်။ အရည်များ ပျစ်လွန်းသွားလျှင် ပုံးရည် ကြီး   အရနည်းတတ်ပါသည်။  သာမန်အားဖြင့် ပဲတစ်တင်းကျိုလျှင်  ပုံးရည်ကြီး  ကောင်းကောင်း သုံးပိဿာခန့်ရသည်။    အလတ်တန်းစားကျိုမူ လေးပိဿာရ၍ အညံ့စားကျိုမူ ငါးပိဿာရပါသည်။ သို့ရာတွင် ကျဲပါသည်။ အကောင်းဆုံး ပုံးရည်ကြီး သည်    အချဉ်လွန်သဖြင့်   လူကြိုက်မများချေ။ အချဉ်လွန်သော်လည်း စား၍ကား ကောင်းသည်။ အလတ်တန်းစား    ပုံးရည်ကြီးများမူ   ချဉ်ပြီး ဆိမ့်သည်။    ပုံးရည်ကို   လေသလပ်ထားလျှင် အပေါ်ယံ မှိုတက်လာတတ်သဖြင့် နှမ်းဆီ သို့မဟုတ် ပဲဆီကို အပေါ်မှလောင်းထည့်ထားရပါသည်။ အချဉ် ဖောက်သော ကြာချိန်ပေါ်မူတည်ပြီး အချဉ်အရသာ ကဲသော ပုံးရည်ကြီးနှင့် အဆိမ့်အရသာကဲသော ပုံးရည်ကြီးဟု  အရသာနှစ်မျိုးနှစ်စား ရှိပါသည်။ စားသုံးသူ   အတော်များများက  အဆိမ့်အရသာ ကဲသော    ပုံးရည်ကြီးကို    ပိုကြိုက်နှစ်သက်ကြ ကြောင်း သိရှိရပါသည်။
ပဲပိစပ်မှ ထုတ်လုပ်ထားသော ပုံးရည်ကြီးသည် အရသာရှိပြီး  အမျိုးမျိုးလည်း   ပြုလုပ်စားသုံး၍ ရသည့်အပြင် ပရိုတင်းဓာတ်(Protein)၊ လက်စီတင် ဓာတ်(Lecithin)၊  ဗီတာမင်နဲ့   သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါသည်။
ပုံးရည်ကြီးစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများမှာ -
(၁)    ပုံးရည်ကြီးတွင်ပါဝင်သော    ပရိုတင်းဓာတ် သည်       ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရန် အတွက် အထောက်အကူပေးပါသည်။
(၂)     လက်စီတင်ဓာတ်သည်     ဦးနှောက်၏ မှတ်ဉာဏ်၊         စဉ်းစားဉာဏ်များကို ကောင်းစေပြီး   အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါသည်။
(၃)     ထို့အပြင်   ကိုယ်တွင်းရှိ  မကောင်းသော အဆီဓာတ် (ကိုလက်စထရောဓာတ်) ကို လည်း    ကျစေသည့်အတွက်   နှလုံး သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကို လည်း လျော့ကျစေနိုင်ပါသည်။
(၄)     ပုံးရည်ကြီးစားခြင်းဖြင့်     ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်းတို့ ကင်းဝေးပြီး ဝမ်းပျော့ပျော့ သွားစေနိုင်သည့်အတွက်   အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်း စေနိုင်ပါသည်။
(၅)     ပုံးရည်ကြီးတွင်      ပါဝင်သော    အန်တီ အောက်ဆီးဒန့်ဓာတ် (Anti-oxidant) တစ်မျိုးသည်        ကင်ဆာဆဲလ်များ ဖြစ်မလာအောင်   ကာကွယ်ပေးနိုင်ပြီး ပုံးရည်ကြီး  မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊    ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါသည်။
ယောအတွင်းဦးဘိုးလှိုင်    ရေးသားပြုစုသော ဥတုဘောဇနကျမ်းတွင်   “ပုံးရည်သည်  ဝမ်းကို ပျော့စေတတ်၏။ နှုတ်ကို မြိန်စေတတ်၏။ အစာကို ကျေစေတတ်၏။ လေသလိပ်တို့ကို ငြိမ်းစေတတ် ၏။”ဟု   ပုံးရည်ကြီး၏   အကျိုးကျေးဇူးများကို ရေးသားဖော်ပြထားပါသည် (နှင်းဖြူဖြူ “အစိမ်း ရောင်လမ်း” မှ ကူးယူဖော်ပြပါသည်။) ။
ပဲပိစပ်သည်  အလွန်မိုးခေါင်ရေရှားဒဏ်ခံနိုင်သော   သီးနှံဖြစ်ပါသည်။  အတန်အသင့် ပူနွေးပြီး ခြောက်သွေ့သော ရာသီဥတုအခြေအနေများသည် အကောင်းဆုံးကြီးထွားမှုအတွက်   သင့်လျော်ပါ သည်။ အေးမြပြီး  စိုစွတ်သော  ရာသီဥတုရှိသည့် မြင့်မားသော ကုန်းမြင့်များတွင် ကောင်းစွာမဖြစ် ထွန်းပါ။ ပဲပိစပ်ကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၀၀၀ မီတာအထိ စိုက်ပျိုးနိုင်သည်။ အပူချိန် ၂၅-၃၀ ဒီဂရီစင်တီဂရိတ်နှင့် နှိုင်းရစိုထိုင်းဆ ၅၀ မှ ၈၀ ရာခိုင်နှုန်းကြားသည် ၎င်း၏ကြီးထွားမှု အတွက် အကောင်းဆုံးဖြစ်ပါသည်။ 
သီးနှံကြီးထွားမှု ကနဦးအဆင့်တွင် မိုးသည်း ထန်စွာ   ရွာသွန်းခြင်းသည်  မြေဆီလွှာအတွင်း လေဝင်လေထွက် မကောင်းခြင်းကြောင့် ပဲမြစ်ဖုများ ဖြစ်ပေါ်ခြင်းကို ထိခိုက်စေပါသည်။ ပျံ့နှံ့စွာ ရွာသွန်း သော မိုးရေချိန် ၈၀၀ မီလီမီတာခန့်သည် အောင်မြင် သော  စိုက်ပျိုးမှုအတွက်  လုံလောက်သော်လည်း မိုးရွာသွန်းမှုနည်းပါးသော         ဒေသများတွင်ပင်ကောင်းစွာကြီးထွားနိုင်သည်(အိန္ဒိယအစိုးရ၊ ပဲမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၁၇)။ ပဲပိစပ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်   ခြောက်သွေ့ပူပြင်း သော မြင်းခြံမြို့နှင့် သာဝတ္ထိမြို့တစ်ဝိုက်တို့ကဲ့သို့ ခြောက်သွေ့ပူပြင်းသော လယ်မြေများတွင် စိုက်ပျိုး ကြပါသည်။
ပဲပိစပ်တွင် ကြွယ်ဝသော ပရိုတင်း (၂၂ ရာခိုင် နှုန်း)၊ ကစီဓာတ် (၅၇ ဒသမ ၂ ရာခိုင်နှုန်း)၊ အမျှင် ဓာတ် (၅ ဒသမ ၃ ရာခိုင်နှုန်း)၊ အဆီ (၀ ဒသမ ၅၀ ရာခိုင်နှုန်း)   ပါဝင်သည့်အပြင်  ခြောက်သွေ့သော ပဲပိစပ် ၁၀၀ ဂရမ်တွင် ကယ်လ်ဆီယမ် (၂၈၇ မီလီ ဂရမ်)၊ ဖော့စဖရပ် (Phosphorus) ၃၁၁ မီလီဂရမ်၊ သံ ၆ ဒသမ ၇၇ မီလီဂရမ်နှင့် ကယ်လိုရီ ၃၂၁ kcal) နှင့် Thiamine ၀ ဒသမ ၄ မီလီဂရမ်, Riboflavin ၀ ဒသမ ၂ မီလီဂရမ်နှင့် Niacin ၁ ဒသမ ၅ မီလီဂရမ် ကဲ့သို့သော ဗီတာမင်များပါဝင်ပါသည် (Bhartiya, A.; Aditya, J. P.; Kant, L. (2015))။ ပဲပိစပ်တွင် ထိုကဲ့သို့သော အာဟာရတန်ဖိုးများ ပါဝင်နေသော် လည်း ထိုအချက်ကို လူအတော်များများ မသိကြပါ။ 
အချဉ်ဖောက်ထားသော ပဲငါးပိ(မြန်မာပြည်တွင် ပုံးရည်ကြီးခေါ်သည်)ကို ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ကဲ့သို့ အာရှဒေသအများစုတွင် တွင်ကျယ်စွာ စားသုံးကြပါ သည်။ ပဲပိစပ် (Horse Gram) ကို India တွင်လည်း ထုတ်လုပ်ပြီး Muthira, Kulath သို့မဟုတ် Kulthi ဟု ခေါ်ပါသည်။ အိန္ဒိယနိုင်ငံ နေရာအတော်များများ အဓိကအားဖြင့် မြောက်ပိုင်းနှင့် တောင်ဘက်တို့တွင် တွင်ကျယ်စွာ စားသုံးကြပါသည် (အိန္ဒိယ အစိုးရ၊ ပဲမျိုးစုံဖွံ့ဖြိုးတိုးတက်ရေးညွှန်ကြားမှုဦးစီးဌာန၊ ၃ ဧပြီ ၂၀၁၇) ။
“စိုးမြင့်သန်းနှင့်အဖွဲ့ (၂၀၂၀)” ၏ သုတေသန စာတမ်းတွင် မြန်မာနိုင်ငံမှ ရိုးရာအစားအစာဖြစ် သည့် ပုံးရည်ကြီးအား နိုင်ငံတကာဈေးကွက်တွင် အရောင်းမြှင့်တင်ရေး မဟာဗျူဟာများကို ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဈေးကွက်လက်လှမ်းမီစေရန် ခေတ်မီသော စီးပွားရေးအလေ့အကျင့်များ လိုအပ် ကြောင်း အောက်ပါအတိုင်း အလေးပေးဖော်ပြထား ပါသည်-
လက်ရှိအနေအထား- ပုဂံသည် အဓိကခရီးသွား နေရာတစ်ခုအဖြစ်   နိုင်ငံတကာတွင်  စျေးကွက် ချဲ့ထွင်ရန် အခွင့်အလမ်းကို ဖော်ဆောင်ပေးနေသည့် ပြည်တွင်းခရီးသွားများနှင့်  ခရီးသွားများအကြား ရေပန်းစားနေဆဲဖြစ်ပါသည်။
စီးပွားရေးအလေ့အကျင့်များ-    ပုံးရည်ကြီး ထုတ်လုပ်ရေးတွင် ပါဝင်သည့် စီးပွားရေးလုပ်ငန်း အများစုသည်   စနစ်တကျ  မှတ်တမ်းထားရှိခြင်း မရှိဘဲ မိသားစုအကျိုးတူလုပ်ငန်းအဖြစ် အစဉ်အလာ အတိုင်း လုပ်ကိုင်ဆောင်ရွက်ပါသည်။ နိုင်ငံတကာ တွင်   ယှဉ်ပြိုင်နိုင်ရန်   ဤလုပ်ငန်းများသည်  ပိုမို တရားဝင်လည်ပတ်ဖွဲ့စည်းပုံများကို   ချမှတ်ရန် လိုအပ်ပြီး တိကျသောအခန်းကဏ္ဍများနှင့် တာဝန် များကို    ပေးအပ်ရန်၊   အဆောက်အအုံများသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီကြောင်း သေချာ စေရန်၊ လိုအပ်သော အစားအသောက် ဘေးကင်းရေး အသိအမှတ်ပြုလက်မှတ်များရယူရန်    လိုအပ်ပါ သည်။
စျေးကွက်ချဲ့ထွင်ခြင်းနှင့်     အမှတ်တံဆိပ် ထုတ်လုပ်ခြင်း-    ပုံးရည်ကြီး    အမှတ်တံဆိပ် များသည်   ပြည်တွင်းတွင်  လူသိများသော်လည်း ခိုင်မာသော အမှတ်တံဆိပ်လက္ခဏာကို ထူထောင် ခြင်းသည်    နိုင်ငံတကာ  အောင်မြင်မှုအတွက် အရေးကြီးပါသည်။   ၎င်းတွင်   ကုန်အမှတ်တံဆိပ် အသိအမြင်    တိုးပွားစေရန်နှင့်   ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုတွင် ခေတ်မီနည်းပညာများနှင့် နည်းလမ်း များကို ပေါင်းစပ်ရန် စျေးကွက်ရှာဖွေရေးဗျူဟာများ ပါဝင်ပါသည်။
လိုက်နာမှုနှင့်   နည်းပညာ -   အစားအစာ ဘေးကင်းရေးနှင့်စပ်လျဉ်းသည့်      နိုင်ငံတကာ ဥပဒေများနှင့်   စည်းမျဉ်းများကို  လိုက်နာရန်နှင့် ရေရှည်တည်တံ့စေရန်အတွက်    ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုလုပ်ငန်းစဉ်များတွင် ခေတ်မီနည်းပညာကို လက်ခံကျင့်သုံးရန် အရေးကြီးကြောင်း ဖော်ပြထား ပါသည်။
ထောက်ပံ့မှုကွင်းဆက် စီမံခန့်ခွဲမှု- ပြည်တွင်းစီးပွားရေးလုပ်ငန်းပိုင်ရှင်များအကြား နိုင်ငံတကာ စီးပွားရေးလုပ်ငန်းနှင့် အတွေ့အကြုံကွာဟချက်ကို မီးမောင်းထိုးပြပြီး ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲ မှုကို တိုးတက်ကောင်းမွန်စေခြင်းသည် နိုင်ငံတကာ ဈေးကွက်များသို့ ချဲ့ထွင်ရန်အတွက် အရေးကြီး သည်ဟု အကြံပြုထားပါသည်။
အလားအလာရှိသော  အကျိုးကျေးဇူးများ- ပြည်တွင်းစားသုံးမှုနှင့်      နိုင်ငံတကာကုန်သွယ်မှု နှစ်ခုလုံးကို     တွန်းအားပေးခြင်းဖြင့်   ဒေသတွင်း အလုပ်အကိုင်များ   တိုးပွားလာစေပြီး  ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို    အထောက်အကူ ဖြစ်စေပါသည်။
အကြံပြုချက်များ
ရိုးရာနည်းလမ်းများကို ထိန်းသိမ်းရင်း ခေတ်မီ သော  ဓလေ့ထုံးတမ်းများနှင့်  နည်းပညာများကို ကျင့်သုံးခြင်းဖြင့် မြန်မာ့ရိုးရာအစားအစာထုတ်လုပ် သည့် ပုံးရည်ကြီးထုတ်လုပ်မှု၏ ရေရှည်တည်တံ့မှု နှင့် စျေးကွက်အယူခံမှုကို မြှင့်တင်ရန် ရည်ရွယ် ပါသည်။ 
အဓိက  အကြံပြုချက်များအား  အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်-
လုပ်ဆောင်ချက်များကို ခေတ်မီခြင်း- ထိရောက် မှုနှင့် ထိရောက်မှုမြှင့်တင်ရန် မိသားစုလုပ်ဆောင် သည့်နည်းလမ်းများမှ  ပိုမိုစနစ်ကျသော လုပ်ငန်း အလေ့အကျင့်များဆီသို့ ကူးပြောင်းခြင်း၊ ယင်းတွင် နိုင်ငံတကာတွင် သတ်မှတ်ထားသည့် တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့်    အရည်အသွေး  စံချိန်စံညွှန်းများ ပြည့်မီစေရန် ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုတွင် ခေတ်မီ နည်းပညာကို အသုံးပြုခြင်း ပါဝင်သည်။
လေ့ကျင့်ရေးအစီအစဉ်များ-   နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေရှိစေရန်နှင့် အလုံးစုံထုတ်ကုန်     အရည်အသွေးမြှင့်တင်ရန် အစားအစာဘေးကင်းရေးနှင့် လုပ်ငန်းခွင်ဘေးကင်း ရေးဆိုင်ရာ  ဝန်ထမ်းများအတွက်  လေ့ကျင့်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်သင့် ပါသည်။
အထောက်အကူပြုပစ္စည်းများ အဆင့်မြှင့်တင် ခြင်း- ပြည်တွင်းနှင့် နိုင်ငံတကာဧည့်သည်များ ပိုမို နှစ်သက်စေရန်အတွက် ထုတ်လုပ်မှု အဆောက်အအုံ များကို အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ ယင်းက ထုတ်လုပ်သည့်နေရာများကို ခရီးသွားဆွဲဆောင်မှု အဖြစ်သို့  ပြောင်းလဲနိုင်ပြီး  လည်ပတ်မှုများတွင် ပညာရေးနှင့် အတွေ့အကြုံဆိုင်ရာ အစိတ်အပိုင်း တစ်ခုကို ထည့်သွင်းနိုင်ပါသည်။
ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ သက်ရောက် မှု-  ပုံးရည်ကြီးထုတ်လုပ်မှု    ဖွံ့ဖြိုးတိုးတက်ရေး သည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးအတွက် အထောက်အကူ အဖြစ်    ရှုမြင်ပြီး   ဒေသတွင်း  ခရီးသွားများကို ပိုမိုဆွဲဆောင်ကာ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန် ဖြစ်ပါသည်။
ခေတ်မီနည်းပညာများ၊ စီးပွားရေးဗျူဟာများ နှင့် ရိုးရာအလေ့အထများကို ပေါင်းစပ်၍ မြန်မာ့ ရိုးရာအစားအစာဖြစ်သော ပုံးရည်ကြီးလုပ်ငန်းအား တိုးတက်မှု၊ ရေရှည်တည်တံ့မှုနှင့် နိုင်ငံတကာအား   ဆွဲဆောင်မှုဖြစ်စေရန်အတွက်   တင်ပြခြင်းဖြစ်ပါ သည်။      ။