
ဖနောင်ပင် ဇွန် ၄
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ဇွန် ၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
အော်စတင်သည် စင်ကာပူနိုင်ငံ၌ကျင်းပသော ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲ တက်ရောက်ပြီး နောက် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘော ဒီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လိုကြောင်း၊ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍတွင် တိုးမြှင့်လိုကြောင်း အော်စတင်က ပြောကြားခဲ့သည် ဟု ဟွန်မာနက်က ပြောသည်။
ထို့အတူ ဟွန်မာနက်ကလည်း အော်စတင်အား ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် အရာရှိလောင်းများ ဖလှယ်ရေးများအပါအဝင် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု စတင်ရန် တိုက်တွန်းပြောကြားခဲ့ သည်။ အော်စတင်နှင့် ဟွန်မာနက်တို့သည် ဝက်စ်ပွိုင့် အမေရိကန်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ သည်။ အော်စတင်သည် သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသည့် ကမ္ဘောဒီးယား အထက် လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နှင့်လည်း တွေ့ဆုံခဲ့သည်။
အမေရိကန်သည် ကမ္ဘောဒီးယားနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိသည်ဟု အော်စတင်က ပြောကြားခဲ့ကြောင်း ဟွန်ဆန်က ပြောသည်။
အင်န်အိတ်ချ်ကေ