
နေပြည်တော် မေ ၂၈
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ် မေ ၂၈ ရက် ၁၂နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့တွင် ၅၈၈ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၃၆ နာရီအတွင်း ၁၀ ပေ ခန့် မြင့်တက်ခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက် ၁ ရက်မှ ၇ ရက် အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၆ ပေမှ ၈ ပေခန့်၊ နောက် ၈ ရက်မှ ၁၁ ရက်အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် ၈ ပေမှ ၁၀ ပေခန့်၊ နောက် ၁၁ ရက်မှ ၁၃ ရက်အတွင်း ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၆ ပေမှ ၇ ပေခွဲခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်သည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ် မေ ၂၈ ရက် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့တွင် ၅၀၂ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၃၆ နာရီအတွင်း ၁၃ ပေခန့် မြင့်တက်ခဲ့သည်။
ချင်းတွင်းမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေ များသည် နောက် ၁ ရက်မှ ၄ ရက်အတွင်း ဟုမ္မလင်းမြို့၊ ဖောင်းပြင် မြို့နှင့် မော်လိုက်မြို့တို့တွင် ၁၀ ပေမှ ၁၁ ပေခန့်၊ နောက် ၄ ရက်မှ ၆ ရက်အတွင်း ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၈ ပေမှ ၁၀ ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်သည်။
သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေ တိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ်သည်။
မိုး/ဇလ