(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

 

နေပြည်တော်   မေ   ၄
(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌  ဆက်လက်ကျင်းပ ရာ  မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊  သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌    ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊      မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း    ပြသထားသည့်   ပုလဲ အတွဲများ၊  ကျောက်စိမ်းအတွဲများ၊   ကျောက်မျက် အတွဲများ၊   ကျောက်မျက်နှင့်    လက်ဝတ်ရတနာ အရောင်းဆိုင်များကို     လိုက်လံကြည့်ရှု    စစ်ဆေး ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ   မှာကြား သည်။  
ယနေ့တွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များသည်    မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊  ကျောက် စိမ်း၊ ကျောက်မျက်အတွဲများနှင့်  ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက်   ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး  ပြပွဲတွင်ရောင်းချမည့်   ပုလဲအတွဲ အမှတ် (၁)မှ အတွဲအမှတ် (၂၀၀)အထိ ပုလဲအတွဲများ ကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံး များအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲအမှတ်(၁)မှ  အတွဲအမှတ် (၂၀၀)အထိ  တင်သွင်းထားသော ဈေးနှုန်းတင်သွင်း လွှာများကို တာဝန်ရှိသူများက   ဖွင့်ဖောက်စစ်ဆေး ကာ ပုလဲအတွဲပေါင်း  ၁၈၂   တွဲရောင်းချရကြောင်း ကြေညာသည်။
ယနေ့ရောင်းချခဲ့ရသည့်     ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးသတ်မှတ်ထားရှိ ပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များ သည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ် ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းကုန်သည်များ သည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေနိုင် ကြောင်း သိရသည်။
ပြပွဲတတိယနေ့တွင် ပုလဲအတွဲ အမှတ်(၂၀၁)မှ အတွဲအမှတ် (၄၀၀)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို  ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင် များကိုလည်း ဖွင့်လှစ်ထားရှိရာ  လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။ 
ယခုကျင်းပသည့်   (၅၉)ကြိမ်မြောက်   မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ၌ မေ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ် ပြီး ပြပွဲတွင်  ပုလဲအတွဲပေါင်း  ၄၀၀၊  ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်