
ရန်ကုန် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသည့် အတာသင်္ကြန်ပွဲတော်တွင် သင်္ကြန် အကျနေ့အဖြစ် ရန်ကုန်မြို့နေ ရေကစားကြသည့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဆင်နွှဲခဲ့ကြပြီး ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် ဖျော်ဖြေခဲ့ကြရာ ရေကစားသူများ၊ ကြည့်ရှု အားပေးသူတို့ဖြင့် အထူးစည်ကားခဲ့သည်။
နံနက် ၈ နာရီမှ ၉ နာရီအထိ ဖျော်ဖြေရေးအစီ အစဉ်နှင့်အတူ ၁၆ ဦး ယိမ်းပြိုင်ပွဲတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) ကိုယ်စားပြုယိမ်းအဖွဲ့၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနကိုယ်စားပြု ယိမ်း အဖွဲ့၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၊ မင်္ဂလာတောင်ညွန့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ပညာရေးမှူးရုံးကိုယ်စားပြု ယိမ်းအဖွဲ့၊ အမှတ်(၁၄၆) ခြေလျင်တပ်ရင်း(သန်လျင်) ကိုယ်စားပြုယိမ်းအဖွဲ့၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုယိမ်း အဖွဲ့၊ ၂၀ ဦးယိမ်း(အလွတ်တန်း)ပြိုင်ပွဲတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာ ဌာနကိုယ်စားပြု ယိမ်းအဖွဲ့နှင့် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ကိုယ်စားပြုယိမ်းအဖွဲ့တို့က အတာ သင်္ကြန်တေးသီချင်းများဖြင့် အသီးသီးယှဉ်ပြိုင် ဖျော်ဖြေခဲ့ကြရာ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ရှေ့တွင် ရေပက်ခံပြည်သူများ၊ မော်တော်ယာဉ် နှင့် ရေကစားကြသည့်ပြည်သူများ၊ နိုင်ငံခြားခရီးသွား အချို့ဖြင့် စည်ကားခဲ့သည်။
ကြည့်ရှုအားပေး
နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အမေများအဖွဲ့က ဟန်ချက် ညီညီ မြူးကြွသည့် သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေ ခဲ့ရာ ပြည်သူများ နှစ်ခြိုက်အားပေးခဲ့ကြပြီး ဆက်လက်၍ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ လောကသားများ စုပေါင်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ပထမထပ်ခန်းမကြီး အတွင်း သင်္ကြန်သီချင်းများကို ပူးပေါင်းဖျော်ဖြေ တင်ဆက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဇနီး၊ တပ်နယ်မှူးများနှင့် ဇနီး များ၊ မိသားစုဝင်များက အားပါးတရ ကြည့်ရှုအားပေး ခဲ့ကြသည်။
ဖျော်ဖြေယှဉ်ပြိုင်
မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ၂၀ ဦးယိမ်း (အလွတ်တန်း)ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ကိုယ်စား ပြု ယိမ်းအဖွဲ့၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု ယိမ်းအဖွဲ့၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့၊ အမှတ်(၁) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေး တပ်ကိုယ်စားပြု ယိမ်းအဖွဲ့၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကတို့တွင် ကချင်၊ ကရင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာအလိုက် တေးသီချင်းများ ဖြင့် ဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြသည်။
ညနေပိုင်းနှင့် ညပိုင်းတို့တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် သဘင်အစည်းအရုံး (ဗဟို)တို့မှ အနုပညာရှင်များက မြူးကြွသွက်လက်သည့် သင်္ကြန် သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြရာ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ရှေ့၊ ဗန္ဓုလပန်းခြံရှေ့နှင့် လမ်းလျှောက်သင်္ကြန် ကျင်းပရာ ဧမာနွေလဘုရား ကျောင်းရှေ့တို့၌ ရန်ကုန်မြို့နေပြည်သူများ အထူး စည်ကားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။
သစ္စာ(mna)၊ ဓာတ်ပုံ - ရဲထွဋ်