ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လွိုင်ကော်မြို့ ရေကစားမဏ္ဍပ်၌ ဖျော်ဖြေမှုများ ကြည့်ရှုအားပေး

 

လွိုင်ကော်   ဧပြီ   ၁၄
ယနေ့(သင်္ကြန်အကျနေ့)   နံနက် ပိုင်းက ကယားပြည်နယ် လွိုင်ကော် မြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို  ယိမ်း အကများဖြင့်     ကပြဖျော်ဖြေ တင်ဆက်မှုများ၊  ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ  ကျင်းပလျက်ရှိရာ       ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး တင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက  ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)   မိသားစုရေကစား မဏ္ဍပ်သို့  တက်ရောက်အားပေး ကြသည်။
ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်နှင့်    ဖိတ်ကြားထားသော ဧည့်သည်တော်များက  သင်္ကြန် ယိမ်းအဖွဲ့များ၏  စုပေါင်းကပြ ဖျော်ဖြေမှုကို  ကြည့်ရှုအားပေး၍   ယိမ်းအဖွဲ့များနှင့်    သင်္ကြန်ပွဲတော် တက်ရောက်လာကြသော   ဧည့် ပရိသတ်များအား      အတာသင်္ကြန် ရေ ပက်ဖျန်းခဲ့သည်။ ဆက်လက် ၍  ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှု နှင့် တေးသံရှင်များ၏   သင်္ကြန် တေးသီချင်းများ၊    မြန်မာ့ဂီတ နှင့်     ခေတ်ပေါ်တေးဂီတများ ဖြင့်    ဧည့်ခံဖျော်ဖြေတင်ဆက်မှု များကို     ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန် ရှိသူများက    ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသည်။
လွိုင်ကော်မြို့၌    သင်္ကြန် ကာလအတွင်း  ယိမ်းအဖွဲ့များ၏ဖျော်ဖြေတင်ဆက်မှုများ၊    စတု ဒိသာကျွေးမွေးခြင်းများ၊ ရေကစား ခြင်းများကို  နေ့စဉ်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း     သိရ သည်။
ပြည်နယ် (ပြန်/ဆက်)