ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကျင်းပ

 

ရန်ကုန်   ဧပြီ   ၁၃
ရခိုင်စာပေနှင့်    ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)နှင့် ရခိုင်လူမှုရေးအသင်း အဖွဲ့များက ကြီးမှူးကျင်းပသည့် (၂၁)ကြိမ်မြောက်     ရခိုင်ရိုးရာ သင်္ကြန်   နံ့သာသွေးပွဲနှင့်   ဘုရား ရေသပ္ပာယ်ပွဲ     အခမ်းအနားကို ယနေ့   နံနက်ပိုင်းတွင်   ရွှေတိဂုံ စေတီတော်အလယ်ပစ္စယံရှိ ရခိုင် ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။ 
 နံနက်ပိုင်းတွင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) မြို့နယ်  အသင်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊   တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များက ဘုရားရေသပ္ပာယ်ရန် စုပေါင်း၍ နံ့သာသွေးကြသည်။
ထို့နောက် ဘုရားရေသပ္ပာယ်ပွဲ ကို ကျင်းပရာ ဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ညောင်တုန်းကျောင်း တိုက်   မင်္ဂလာစံကျောင်း   ဆရာ တော် ဘဒ္ဒန္တဣဒ္ဓိဗလထံမှ ဧည့် ပရိသတ်များက  ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက်     ဆရာတော် သံဃာတော်များအား ရခိုင်စာပေ နှင့်     ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)နာယကများ၊ ဥက္ကဋ္ဌ ဦးသန်းမောင် နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ က လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်      ညောင်တုန်း ကျောင်းတိုက်  မင်္ဂလာစံကျောင်း ဆရာတော် ဘဒ္ဒန္တဣဒ္ဓိဗလထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် ချတရားနာယူ၍  အမျှပေးကြပြီး ဗုဒ္ဓသာသနံ  စိရံတိဋ္ဌတု  သုံးကြိမ် ရွတ်ဆိုကာ         အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက်   ဆရာတော်၊ သံဃာတော်များအား နာယကများ၊ ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများက  နေ့ ဆွမ်း  ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်   ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)နာယက  များ၊  ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ၊ မြို့နယ်အသင်းများ၊     လူမှုရေး အသင်းအဖွဲ့များ၊     တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက    ဘုရား ရေသပ္ပာယ်ကြကြောင်း     သိရ သည်။          ဇော်မင်းလတ် (mna)