AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်

 

AA အကြမ်းဖက်သောင်းကျန်းသူများက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားအချို့ သေဆုံးပြီး ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးမှုများဖြစ်ပွား၊ ကျေးရွာသူ၊ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ရလျက်ရှိ
 

နေပြည်တော်  ဧပြီ   ၁၃
ရခိုင်ပြည်နယ်    ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာ များဖြစ်သည့်   ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှ ဖေကျေးရွာများအတွင်းသို့   AA အကြမ်းဖက်သောင်းကျန်းသူများ က လက်နက်ကြီးများ၊ လက်နက် ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ် ခဲ့မှုကြောင့် ဘင်္ဂါလီလူမျိုး ကျေးရွာ သူ၊ ကျေးရွာသားအချို့  သေဆုံး ခဲ့ပြီး ဘာသာရေးအဆောက်အဦ  များနှင့် လူနေအိမ်များ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း   သိရှိရ သည်။
ဖြစ်စဉ်မှာ AA အကြမ်းဖက် သောင်းကျန်းသူများသည်    ဧပြီ ၁၂ ရက် ညနေ  ၃   နာရီခွဲခန့်တွင် ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊   ရွက်ညိုတောင် ကျေးရွာနှင့် ဦးလှဖေကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  ကျေးရွာ များအတွင်းသို့    လက်နက်ကြီး ဗုံးသီး  ၁၅  လုံးထက်    မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး     AA အကြမ်းဖက်    သောင်းကျန်းသူ အင်အား ၁၀၀ ကျော်ခန့်မှာလည်း ကျေးရွာများအတွင်းသို့ ဝင်ရောက် ၍     လက်နက်ငယ်များဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခဲ့မှု ကြောင့်   ကျေးရွာများအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့်  ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် AA  အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ဘင်္ဂါလီကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် အဆိုပါကျေးရွာများနှင့်    အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါ လီလူမျိုး ကျေးရွာသူ၊   ကျေးရွာ သားများ စုစုပေါင်း ၃၀၀၀ ကျော် ခန့်သည် ၎င်းတို့၏ ကျေးရွာများ အား   စွန့်ခွာ၍    ဘူးသီးတောင် မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ    ဖြစ်စဉ်များနှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်း လျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များ အတွင်း     လက်နက်ကြီးများ အကြောင်းမဲ့   ပစ်ခတ်တိုက်ခိုက် ခြင်း၊ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း ၍ အမှန်တကယ်တွင်    အဖျက် အမှောင့်လုပ်ငန်းများ လုပ်ဆောင် နေသော   AA   အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ် များသည် လုံးဝလက်ခံနိုင်ဖွယ်ရာ မရှိသည့်    လုပ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်း ထန်ထန်  ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်