
နေပြည်တော် ဧပြီ ၁၃
သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာ ပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်း ခြင်း” ဟု အနက်အဓိပ္ပာယ်ရကာ နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်း ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော နှစ်ကူးချိန်ခါ မင်္ဂလာအခါသမယ တွင် နှစ်ဟောင်းမှ အညစ်အကြေး များ ကင်းပျောက်၍ ကောင်းခြင်း မင်္ဂလာတို့ ရောက်ရှိလာစေရန် ရည်သန်၍ ရေစင်ရေသန့်တို့ဖြင့် ပက်ဖျန်းဆေးကြောလေ့ရှိကြပြီး ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိ သည့်အလျောက် လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံး ညီညွတ်ချစ်ခင်စွာ နေထိုင်ဆက်ဆံ စေလိုခြင်းဟူသော သဘော ဆောင်သည့်အတွက် နွေရာသီအပူ များကိုအေးမြစေကြောင်း ရေပက် ဖျန်း၍ မြန်မာ့ရိုးရာ အတာရေ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း လုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင် စွာဆင်နွှဲလေ့ရှိကြသည်။
ထိုသို့ပျော်ရွှင်စွာ ဆင်နွှဲလျက် ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ညနေပိုင်းတွင် နေပြည် တော် ဇေယျာသီရိမြက်ခင်းပြင်၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနား ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့ဝင်များ သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
၎င်းနောက် ယိမ်းအဖွဲ့သမီးပျို များက “မြူမှောင်ဝေကင်း”သီချင်း ဖြင့် ကပြဖျော်ဖြေကြရာ ဖွင့်ပွဲ အခမ်းအနား တက်ရောက်လာကြ သူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိသတ်များအား အောင် သပြေခက်များဖြင့် အတာရေ ပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာအစားအစာများ ဖြင့် တည်ခင်းဧည့်ခံ၍ မြဝတီ တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံ ကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့ များက တေးသီချင်းများ၊ ယိမ်း အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
ထို့အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများသည် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်း အတွင်း အိမ်ထောင်သည်လိုင်းများ အနီးရှိ စိန်ပန်းမိသားစုရေကစား မဏ္ဍပ်နှင့် မန်ကျည်းရိပ်မိသားစုရေကစားမဏ္ဍပ်တို့၏ ရေကစား မဏ္ဍပ်ဖွင့်ပွဲများကို အသီးသီး သွားရောက် ဖွင့်လှစ်ပေးကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြ ကြောင်း သိရှိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်များ တွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ သင်္ကြန်ယိမ်း အကအဖွဲ့များနှင့် တေးသံရှင်များ က ယိမ်းအကများ၊ တေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေသွား မည်ဖြစ်ပြီး သင်္ကြန်စတုဒိသာများ ဖြင့်လည်း ဧည့်ခံသွားမည် ဖြစ်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ ထုံးတမ်း အစဉ်အလာများနှင့် အညီ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲ နိုင်ရန်၊ ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေ ပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏တာဝန် များကို စွမ်းအားပြည့်ဆောင်ရွက် နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန် များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန် စသည့်ရည်ရွယ်ချက်များ ဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကား သိုက်မြိုက်စွာဖြင့် နှစ်စဉ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်