နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကျင်းပ တက်​ရောက်လာကြ​သော ပြည်သူများ အတာရေသဘင်ပွဲ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

 

နေပြည်တော်  ဧပြီ   ၁၃


မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့   ကူးပြောင်းမည့်  မြန်မာ့ရိုးရာ နှစ်သစ်ကူး   မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင်   နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ      မြို့တော်ခန်းမရှေ့ရှိ အဆိုပါ မဏ္ဍပ်၌ ကျင်းပသည်။


အခမ်းအနားသို့           နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊    ကောင်စီဝင်များနှင့်  ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီး များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီး များ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီး ဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ၊ ခရိုင်နှင့် မြို့နယ်များမှ  သင်္ကြန်ယိမ်း အဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊   ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်       သင်္ကြန်ကို ချစ်မြတ်နိုးကြသည့်            ပြည်သူများ တက်ရောက်ကြသည်။


နှုတ်ခွန်းဆက်စကားပြောကြား


ဦးစွာ  သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာန     အနုပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်း က ၁၃၈၅ ခုနှစ် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်ပွဲတော်  နှစ်သစ်မင်္ဂလာပိုဒ်စုံ ရတုကို    ဖတ်ကြားပြီး   နေပြည်တော် မြို့တော်ဝန် ဦးသန်းထွန်းဦးက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး  အောင်လင်းဒွေး၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယဝန်ကြီး ချုပ်နှင့်   ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ် ကြီး   မြထွန်းဦး၊   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်   နေပြည်တော် ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး တို့က နေပြည်တော်မြို့တော်ဝန်  မဟာ သင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြသည်။


သင်္ကြန်ရေပက်ဖျန်း


ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့ များက    မြူမှောင်ဝေကင်း   သီချင်းဖြင့် စုပေါင်းသီဆို          ကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး      ကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊  ကောင်စီဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များနှင့် ဇနီးများ၊  ပြည်ထောင်စုဝန်ကြီး များနှင့်      ဇနီးများ၊     နေပြည်တော် မြို့တော်ဝန်နှင့်ဇနီးနှင့်        တပ်မတော် အရာရှိကြီးများနှင့်  ဇနီးများက   သင်္ကြန် ယိမ်းအကအဖွဲ့များ၊   အနုပညာရှင်များနှင့် တေးသံရှင်များကို သပြေခက်ဖြင့် အတာ သင်္ကြန်ရေပက်ဖျန်းပေးကြသည်။

ဆက်လက်၍   အနုပညာရှင်များ၊ တေးသံရှင်များနှင့် သင်္ကြန်ယိမ်းအဖွဲ့များ က တူးပို့တူးပို့၊ ရွှေမန်းမာလာ၊ ရွှင်လန်း ချမ်းမြေ့ပါစေ  သီချင်းတို့ဖြင့်  သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ထို့နောက် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်      ဖွင့်ပွဲအပြီးတွင် နေပြည်တော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲ အခမ်းအနားကို   ပျဉ်းမနား-တောင်ညို လမ်းပေါ်ရှိ   နေပြည်တော်  မြို့တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံ ဧရိယာအထိရှိ   လမ်းလျှောက်သင်္ကြန် သင်္ကြန်မုခ်ဦးရှေ့၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီ အတွင်းရေးမှူး ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊      နေပြည်တော် မြို့တော်ဝန်၊   ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Mr. Artemi Alimov Representative of   Fund  RC-   Investments in Myanmar၊  မြန်မာ - အိန္ဒိယ - တရုတ်   ပူးပေါင်း ဆောင်ရွက်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက် ရေးအသင်း၏   အလုပ်အမှုဆောင်များ ဖြစ်ကြသည့်  ဦးတင့်နိုင်နှင့် ဦးအောင်မြင့်၊    ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်ဘတ်အွန်း ဟီးတို့က    အခမ်းအနားကို       ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။(အောက်ပုံ)
ထို့နောက်   ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအလှသမီးပျိုများက   သင်္ကြန်မိုး တေးသီချင်းဖြင့် သံပြိုင်ညီညာကပြသီဆိုဖျော်ဖြေကြသည်။


ရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲ


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင် များကကျန်းမာရေးဝန်ကြီးဌာန ရေကစား မဏ္ဍပ်၊   ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန  ရေကစားမဏ္ဍပ်၊  ကာကွယ် ရေးဝန်ကြီးဌာန  ရေကစားမဏ္ဍပ်၊  ရုရှား- မြန်မာချစ်ကြည်ရေးအသင်း  ရေကစား မဏ္ဍပ်၊         နိုင်ငံခြားရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊   နယ်စပ်ရေးရာဝန်ကြီး ဌာန  ရေကစားမဏ္ဍပ်၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန  ရေကစား မဏ္ဍပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန​    ရေကစားမဏ္ဍပ်၊    စက်မှု ဝန်ကြီးဌာန            ရေကစားမဏ္ဍပ်၊  ဆောက်လုပ်ရေးဝန်ကြီးဌာန၏  ဉာဏ သိဒ္ဓိမိသားစုမဟာသင်္ကြန်   ရေကစား မဏ္ဍပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန   ရေကစား မဏ္ဍပ်၊     ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရေကစားမဏ္ဍပ်၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊  မြန်မာ - အိန္ဒိယ -တရုတ် ပူးပေါင်းဆောင် ရွက်ရေးနှင့်   စီးပွားဖွံ့ဖြိုးတိုးတက်ရေး အသင်း ရေကစားမဏ္ဍပ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊       အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး   ရေကစား မဏ္ဍပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊    အလုပ်သမားဝန်ကြီး ဌာန  ရေကစားမဏ္ဍပ်၊ လူဝင်မှုကြီးကြပ် ရေးနှင့်      ပြည်သူ့အင်အားဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊      စွမ်းအင်ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊    လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တို့၌     ဝန်ကြီးဌာနယိမ်းအဖွဲ့ များ၊  နိုင်ငံကျော်  အနုပညာရှင်များနှင့် ကိုရီးယားနိုင်ငံမှ  သရုပ်ဆောင်၊ K-Pop အဆိုတော်များက  တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေနေမှု၊   ဝန်ထမ်းများ၊ ပြည်သူများ    စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေပက်ကစားနေမှု၊ မဏ္ဍပ်များအလိုက် စတုဒိသာအကျွေးအမွေးများဖြင့်  ဧည့်ခံ ကျွေးမွေးနေမှုတို့ကို  လှည့်လည်ကြည့်ရှု အားပေးကြပြီး   ဝန်ထမ်းများ၊  ဝန်ထမ်း မိသားစုများ၊ ပြည်သူများနှင့်အတူ  အတာ ရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲကြသည်။


သီဆိုကပြဖျော်ဖြေတင်ဆက်


နေပြည်တော်မြို့တော်ဝန်    မဟာ သင်္ကြန်မဏ္ဍပ်တွင် မြန်မာအသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့်  တွဲဖက်၍  နိုင်ငံကျော် အနုပညာရှင်များနှင့်    တေးသံရှင်များ၊ ဝန်ကြီးဌာနများ၊   ခရိုင်/  မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယိမ်းအက အလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက် သွားကြမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန် ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလအတွင်း  နေပြည်တော်ရှိ ဝန်ထမ်းများနှင့်   ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာဆင်နွှဲနိုင် စေရန်၊  ဝန်ထမ်းများ၏ စည်းလုံးညီညွတ် မှု၊ ပြည်သူနှင့် အစိုးရ၏ ပေါင်းစည်းမှု နှင့် တစ်သားတည်းဖြစ်မှုတို့ကို ဖော်ဆောင် သည့်    ပွဲတော်တစ်ခုအဖြစ်   ပြသရန် ရည်ရွယ်၍     ပျဉ်းမနား -  တောင်ညို  လမ်းပေါ်ရှိ   နေပြည်တော်   မြို့တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံ ဧရိယာအထိ သင်္ကြန်အကြိုနေ့ (ယ​​နေ့) မှ ဧပြီ   ၁၆ ရက်အထိ   စည်ကားသိုက် မြိုက်စွာ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                          

 သတင်းစဉ်