လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခမ်းအနားကျင်းပ

 

နေပြည်တော်    ဧပြီ    ၁၃


လျှပ်စစ်စွမ်းအား   ဝန်ကြီးဌာန၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေး မှု မဟာသင်္ကြန်ပွဲတော်   အခမ်း အနားကို   ယနေ့  ညနေပိုင်းက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန    ရုံးအမှတ်(၂၇)၌ ကျင်းပသည်။ 
အခမ်းအနားသို့     လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု  ဝန်ကြီး   ဦးဉာဏ်ထွန်း၊  ဒုတိယ ဝန်ကြီး   ဦးအေးကျော်၊  ဝန်ကြီး ဌာန       ကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန  နှင့် လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အရာထမ်း၊ အမှုထမ်း များနှင့်    ဝန်ထမ်းမိသားစုများက  စတုဒိသာ  ဧည့်ခံကျွေးမွေးမှုကို  အတူတကွသုံးဆောင်၍    ပျော်ရွှင် စွာ  ပါဝင်ဆင်နွှဲကြပြီး   ဦးစီးဌာန များနှင့်     လုပ်ငန်းများကိုယ်စားပြု သင်္ကြန်အလှမယ် ယိမ်းအကအဖွဲ့ များက ယိမ်းအကများ၊  တေးသံ သာများဖြင့်   ဧည့်ခံဖျော်ဖြေကြ သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီး၊   ဒုတိယဝန်ကြီး၊  ဌာန အကြီးအကဲများနှင့် အခမ်းအနား သို့ တက်ရောက်လာသူ ဝန်ထမ်း များက   အတာရေများ အပြန် အလှန် ပက်ဖျန်းကြပြီး ဦးစီးဌာန များနှင့် လုပ်ငန်းများ ကိုယ်စားပြု ယိမ်းအကအဖွဲ့များကို   ဂုဏ်ပြု ချီးမြှင့်ငွေများ  ပေးအပ်ကြောင်း သိရသည်။                  

သတင်းစဉ်