ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ဧပြီ ၁၃ 
ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၅   ခုနှစ်   မြန်မာ့ရိုးရာ ယဉ်ကျေးမှု      မဟာသင်္ကြန် ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကို   ယနေ့ညနေပိုင်းက  မြန်မာ့ မီးရထား နေပြည်တော်ဘူတာကြီး ဝင်းအတွင်း  ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊  ဒုတိယဝန်ကြီး များ၊   အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအမှူးများနှင့်  ဇနီးများ၊ အရာထမ်း၊       အမှုထမ်းများ တက်ရောက်ကြသည်။
နှစ်စဉ်ကျင်းပခြင်းဖြစ်
ဖွင့်ပွဲ        အခမ်းအနားတွင် နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီး ချုပ်နှင့်  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ၁၂ လရာသီ ပွဲတော် များအနက်  သင်္ကြန်ပွဲတော်သည် ပြည်သူများအားလုံး လွတ်လပ်စွာ ပါဝင်ဆင်နွှဲသော   ထူးခြားသည့် ရိုးရာပွဲတော်ဖြစ်ကြောင်း၊   ပုဂံ ခေတ်မှ ယနေ့ခေတ်အထိ နှစ်စဉ် နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြပါကြောင်း၊ တစ်ဦး နှင့်တစ်ဦး     သင်္ကြန်ရေပက်ဖျန်း ခြင်းသည်       နှစ်ဟောင်းတွင် ကိန်းအောင်းနေသည့်  ဘေးဥပဒ် အန္တရာယ်များ၊ စိတ်ဆိုးစိတ်ညစ် များ        ပပျောက်ကင်းစင်ပြီး သန့်ရှင်းစေရန်ရည်သန်၍ ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ဘိုး/ဘွား တို့၏  ကောင်းမြတ်သော  ရိုးရာ ယဉ်ကျေးမှု       အစဉ်အလာကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန်နှင့်   နှစ်သစ်တွင်   ဝန်ထမ်းများ ခွန်အားသစ်များ ပြည့်ဝလန်းဆန်း စေရန် ယခုကဲ့သို့ အတာရေသဘင် ပွဲကို နိုင်ငံတစ်ဝန်း နှစ်စဉ်ကျင်းပ ခြင်းဖြစ်ကြောင်း၊  ဝန်ထမ်းများ အားလုံး ကျန်းမာရွှင်လန်းကြပါစေ ကြောင်း ပြောကြားသည်။
အကများဖြင့်ဖျော်ဖြေ
ထို့နောက်    မြန်မာ့ရိုးရာ ယဉ်ကျေးမှု         မဟာသင်္ကြန် ရေကစားမဏ္ဍပ်ဖွင့်ပွဲကို   ဖဲကြိုး ဖြတ်ဖွင့်လှစ်၍(အပေါ်ပုံ)    ဝန်ကြီး ဌာနအောက်ရှိ  ဌာနအဖွဲ့အစည်း များ၏ ယိမ်းအဖွဲ့များက    သင်္ကြန် ယိမ်းအကများဖြင့်     ဖျော်ဖြေခဲ့ ကြောင်း သိရသည်။
သတင်းစဉ်