လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲအခမ်းအနားတွင် ပြခန်းပေါင်း ၈၀ ဝန်းကျင် ပါဝင်မည်

 

နေပြည်တော်   ဧပြီ   ၁၂


လူရည်ချွန်မောင်မယ်များ တွေ့ဆုံ ပွဲအခမ်းအနားတွင်   ပြခန်းများ ခင်းကျင်းပြသမှုနှင့်   ပတ်သက် သည့်   လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့   ပြန်ကြား ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဝန်ကြီးဌာနများမှ အမြဲ တမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊    တာဝန်ရှိသူ များနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ    ဒုတိယဝန်ကြီး ဦးရဲတင့်က    နိုင်ငံတော်အကြီး အကဲထံမှ     လူရည်ချွန်လူငယ် မောင်မယ်များ ဩဝါဒခံယူပွဲတွင် ပြခန်းများပြသနိုင်ရေး     ကြိုတင် သိရှိညှိနှိုင်းနိုင်စေရန်    အစည်း အဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင်   လူငယ်ကဏ္ဍနှင့် ပတ်သက်၍  အနှစ်သာရပေါ်လွင် အောင် ဖော်ဆောင်သွားမည်ဖြစ် ပြီး လူငယ်များ၏ စိတ်တွင် စွဲမြဲ သိမှတ်သင့်သည်ကို စွဲမြဲသိရှိသွား စေရန် အသိပညာပေးပြခန်းများ၊ ဖျော်ဖြေရေး    အစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါ ကြောင်း။


ပြခန်းပေါင်း    ၈၀   ဝန်းကျင် ပါဝင်မည်ဖြစ်ပြီး ပြခန်းများတွင် လူရည်ချွန်အဆင့်နှင့်  လျော်ညီ သည့် သိသင့်သိထိုက်သောအသိ ပညာပေးပြကွက်များကို ပြသနိုင် စေရန်နှင့်   လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်   ရှင်သန်ထက် မြက်စေရန်၊     ဗလငါးတန်နှင့် ပြည့်စုံပြီး အတွေးအခေါ်မှန်ကန် ရင့်ကျက်သည့်          အနာဂတ် ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးစိတ်ဓာတ်နှင့်   ခံယူချက် များ မြင့်မားတိုးတက်လာစေရန် စသည့် အချက်များပါဝင်ပြသနိုင် အောင် စီစဉ်ဆောင်ရွက်ကြစေလို ပါကြောင်းနှင့်    ပြခန်းခင်းကျင်း ပြသနိုင်ရေး နေရာချထားမှုအခြေ အနေများနှင့်ပတ်သက်၍   အကြံ ပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက်  အမြဲတမ်းအတွင်း ဝန်   ဦးမျိုးမြင့်မောင်က   လူရည် ချွန်လူငယ်မောင်မယ်များ တွေ့ဆုံ ပွဲတွင်   ပြခန်းများ  ပြသရသည့် ရည်ရွယ်ချက်၊   အသိပညာပေး ပြခန်းပြသမည့်အစီအစဉ်၊  ပါဝင် မည့်    အသိပညာပေးပြကွက် များ၊ ပြခန်းများနေရာချထားမည့် လျာထားအစီအစဉ်တို့နှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက်   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊     နယ်စပ် ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ သမဝါယမနှင့်  ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊   လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊   စွမ်းအင် ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာ ရေးဝန်ကြီးဌာန၊   သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန၊  ကျန်းမာရေး ဝန်ကြီးဌာန၊     အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက် လုပ်ရေးဝန်ကြီးဌာန၊       လူမှု ဝန်ထမ်း၊     ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊      စက်မှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်  မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2)တို့မှ တာဝန်ရှိသူများက  လူငယ် များ အသိပညာဗဟုသုတတိုးပွား စေရေး အထောက်အကူပြုစေမည့် ပြခန်းများပြသနိုင်ရေး၊ ပြသမည့် အစီအစဉ်၊ ပြခန်းအရေအတွက် တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။
ဆက်လက်၍     ပြခန်းများ ပြင်ဆင်     ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍    ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားသည်။


နိုင်ငံတစ်ဝန်းမှ   လူရည်ချွန် မောင်မယ်များအား နိုင်ငံတော်၏ သမိုင်းဖြစ်စဉ်များနှင့်    အနာဂတ် နိုင်ငံတော်၏   အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်များကို သိရှိ စေပြီး နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်း  အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်      ရည်ရွယ် ၍   နိုင်ငံတော်အကြီးအကဲထံမှ လူရည်ချွန်လူငယ်မောင်မယ်များ ဩဝါဒခံယူပွဲတွင် အသိပညာပေး ပြခန်းများကို ထည့်သွင်းပြသသွား မည်ဖြစ်ကြောင်း၊ ပြခန်းများတွင် နိုင်ငံတော်၏  သမိုင်းဖြစ်စဉ်များ နှင့် အနာဂတ်နိုင်ငံတော်၏ အမျိုး သားရေးရည်မှန်းချက်  ပန်းတိုင် များ အသိပညာပေးပြကွက်၊ နိုင်ငံ တော်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသော   နိုင်ငံ တည်ဆောက်ရေး    လုပ်ငန်းများ ပြကွက်နှင့် လူရည်ချွန်တွေ့ဆုံပွဲ သတင်းမှတ်တမ်းများကို   ပြသ သွားမည်ဖြစ်ကြောင်း       သိရ သည်။


သတင်းစဉ်