နှစ်သစ်မင်္ဂလာ MRTV သင်္ကြန်ပွဲတော်ကျင်းပ

 

နေပြည်တော်  ဧပြီ   ၁၂


ပြန်ကြားရေးဝန်ကြီးဌာန     မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား၏  “နှစ်သစ်မင်္ဂလာ   MRTV   သင်္ကြန်ပွဲတော်”ကို    ယနေ့    ညနေပိုင်းက နေပြည်တော် - တပ်ကုန်းရှိ   မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌   ကျင်းပ သည်။


ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Portico ၌ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်    ဦးအောင်နိုင်ဦး၊  ဒေါက်တာသီတာဦး၊  ဦးမောင်မောင်အုန်း၊  ဒေါက်တာမျိုးသိန်းကျော်၊   ဒေါက်တာစိုးဝင်း၊   ဒေါက်တာ သက်သက်ခိုင်၊ Jeng Phang နော်တောင်တို့နှင့်မိသားစုများ နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့်  ကိုရီးယား  K – Pop အနုပညာရှင်များ၊ နာမည်ကျော် မြန်မာတေးသံရှင်များ၊ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများသည်  ပျော်ရွှင် စွာ အတာရေပက်ဖျန်းကြသည်။ 


ထို့နောက် Auditorium ခန်းမ၌ ကျင်းပသည့် နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ပွဲစဉ်(၃) တေးဂီတဖျော်ဖြေပွဲ (Friday Night Live Show)   ရိုက်ကူးတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။


ဖျော်ဖြေတင်ဆက်မှုအပြီးတွင်   ပြည်ထောင်စုဝန်ကြီးများက ကိုရီးယားရုပ်ရှင် သရုပ်ဆောင်နှင့်  K – Pop အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။


ထို့နောက်    ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်   ကိုရီးယား K – Pop အနုပညာရှင်များ၊ နာမည်ကျော် မြန်မာတေးသံရှင်များအား    ရင်းရင်းနှီးနှီး    နှုတ်ဆက်ပြီး   နှစ်သစ်မင်္ဂလာမဟာသင်္ကြန်   ပွဲစဉ်(၃) တေးဂီတဖျော်ဖြေပွဲ (Friday Night Live Show)  အောင်မြင်စွာ    ပြီးစီး ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်