ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မဟာသင်္ကြန် အကြို စတုဒိသာ ကျွေးမွေး၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၂


ဥပဒေရေးရာ        ဝန်ကြီးဌာန နေပြည်တော်တွင်         တာဝန် ထမ်းဆောင်လျက်ရှိသော   အရာ ထမ်း၊   အမှုထမ်းများ၏   ၂၀၂၄ ခုနှစ်    မဟာသင်္ကြန်   အကြို စတုဒိသာ   ကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲ          အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဥပဒေရေးရာ ဝန်ကြီးရုံးရှေ့၌ ကျင်းပသည်။ 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု        ရှေ့နေချုပ် ဒေါက်တာသီတာဦးက   မဟာ သင်္ကြန်ပွဲတော်သည်        မြန်မာ့ ယဉ်ကျေးမှုကို           မဏ္ဍိုင်ပြု၍ သင်္ကြန်ရေ ပက်ဖျန်းခြင်း  အလေ့ အထနှင့်   နှစ်ဟောင်းမှ  အညစ် အကြေးများကို         ရေစင်ရေသန့် တို့နှင့်           ပက်ဖျန်းခြင်းဖြင့် စိတ်ကြည်လင် လန်းဆန်းအေးမြ စေရန်ဖြစ်ကြောင်း၊  နှစ်သစ်တွင် ပျော်ရွှင်         ကျန်းမာကြပါစေ ကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန်၊  မိသားစုတာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ များဖြစ်ကြပါစေကြောင်း၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးနှင့် မြန်မာနိုင်ငံ သားအားလုံးလည်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး ချမ်းသာ သုခနှင့်  ပြည့်စုံကြပါစေကြောင်း နှစ်သစ်ဦး           မင်္ဂလာစကား ပြောကြားသည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ဝန်ကြီးရုံးနှင့် ဦးစီး ဌာနများမှ   ညွှန်ကြားရေးမှူးချုပ် များကနှစ်သစ်အတွက် ဆုတောင်း စကားများ ပြောကြားကြသည်။
ထို့နောက်          ပြည်ထောင်စု ဝန်ကြီးနှင့်    ပြည်ထောင်စုရှေ့နေ ချုပ်နှင့်အဖွဲ့သည်    ဥပဒေရေးရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှု ထမ်းများ စတုဒိသာ ကျွေးမွေးနေ မှုများ၊   သင်္ကြန်တေးသီချင်းများ ဖြင့်  သီဆိုဖျော်ဖြေမှုများ၊ ၁၀ ဦး ယိမ်းအဖွဲ့၊ ၁၆ ဦး ယိမ်းအဖွဲ့များ ကပြဖျော်ဖြေနေမှုများကို ကြည့်ရှု အားပေးကာ   ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ 
အခမ်းအနားသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊  ညွှန်ကြားရေးမှူးများ နှင့်   အရာထမ်း၊  အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း     သိရ သည်။                          

သတင်းစဉ်