၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အကြိုလှုပ်ရှားမှု အလွတ်တန်းနှင့် ဝါသနာရှင်အဆင့် ဖိတ်ခေါ်ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ

 

နေပြည်တော်     ဧပြီ    ၁၂


၂၀၂၄ ခုနှစ်၊  အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် ၂၀၂၄ ခုနှစ်   လူဦးရေနှင့်  အိမ်အကြောင်းအရာ  သန်းခေါင်စာရင်း ကောက်ယူရေး အကြိုလှုပ်ရှားမှုအဖြစ် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” အလွတ်တန်းနှင့် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲများကို တစ်နိုင်ငံလုံးရှိ ဝါသနာရှင်၊ စာပေပညာရှင် များသို့ ဖိတ်ခေါ်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိကြသူများ၏  အမည် စာရင်းကို သက်ဆိုင်ရာက ယနေ့ထုတ်ပြန်ကြေညာသည်။


အလွတ်တန်းအဆင့်    ဆောင်းပါးပြိုင်ပွဲတွင်    ဦးထိန်လင်း (လင်းအရုဏ်ဦး - ပဲခူး) က ပထမဆု၊  ဒေါက်တာပြည့်ထူး (ပြည့်ထူး - မင်းဘူး) က ဒုတိယဆု၊ ဦးသိန်းဝင်း (သိန်းဝင်း - စီမံ/ဘဏ္ဍာ)က တတိယဆု၊  ဦးဇော်လွင်ဦး (ကိုတူး - သာယာမြိုင်) က နှစ်သိမ့်ဆု (၁) နှင့် ဒေါ်ရွှေရွှေမြင့် (ရွှေလေညင်း) က နှစ်သိမ့်ဆု (၂)တို့ကို ရရှိကြ သည်။


ဝါသနာရှင်အဆင့်  ဆောင်းပါးပြိုင်ပွဲတွင် မောင်ဥဂ္ဂါလင်းဟန် (ဥဂ္ဂါလင်း - ဟင်္သာတ) က  ပထမဆု၊ မောင်သက်ထူးမြင့် (ထူးထူး  နောင်)က ဒုတိယဆု၊ မငြိမ်းအေးသူ (ငြိမ်းအေးသူ) က တတိယဆု၊ မဇင်လဲ့ထွေး (ဇင်-ဧရာဝတီ) က  နှစ်သိမ့်ဆု (၁) နှင့် မနန်းစောညွန့် (စောငယ်ငယ် - မိုးညှင်း) က နှစ်သိမ့်ဆု (၂) တို့ကို ရရှိကြသည်။


အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုကို ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၇ သိန်း၊   တတိယဆုကို   ငွေကျပ်  ၅ သိန်းနှင့် နှစ်သိမ့်ဆုများကို ငွေကျပ်  ၁ သိန်းစီဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့်    ဆောင်းပါးပြိုင်ပွဲတွင်    ပထမဆုကို   ငွေကျပ်   ၅ သိန်း၊   ဒုတိယဆုကို  ငွေကျပ် ၃ သိန်း၊  တတိယဆုကို ငွေကျပ် ၂  သိန်းနှင့် နှစ်သိမ့်ဆုများကို   ငွေကျပ်  ၁ သိန်းစီဖြင့်လည်းကောင်း ချီးမြှင့်သွားမည်ဖြစ်ပြီး    ဆုချီးမြှင့်ပွဲအခမ်းအနား   ကျင်းပမည့် အစီအစဉ်ကို    ဆက်လက်အသိပေး    အကြောင်းကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်