ပျဉ်းမနားမြို့၌ Power Bank အားသွင်းထားရှိရာမှ အပူလွန်ကဲပြီး နေအိမ်သုံးလုံး မီးလောင်မှုဖြစ်ပွား

 

ပျဉ်းမနား    ဧပြီ    ၁၁ 


ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်  ရန်အောင်(၂)ရပ်ကွက် ရန်ကုန်-မန္တ‌လေးလမ်းဘေး မြင်းရတနာအနီးရှိ လူနေအိမ် အပေါ်ထပ်တွင် ယနေ့နံနက်ပိုင်းက Power Bank အားသွင်းထားရှိရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသည်။ မီးလောင်မှုကြောင့် အမှတ် (၆/၁၈) ရှိ နှစ်ထပ်တိုက်၊ သွပ်မိုး၊ ပျဉ်ခင်းနေအိမ်၊ အမှတ်(၆/၁၇)ရှိ နှစ်ထပ်၊ ပျဉ်ထောင်/ပျဉ်ခင်းနေအိမ်နှင့် အမှတ် (၆/၁၉) ရှိ တစ်ထပ် တိုက်တို့၏ နေအိမ်ခေါင်မိုးနှင့် အပေါ်ထပ်တို့ မီးလောင်ခဲ့သည်။ 
မီးလောင်ရာသို့ နေပြည်တော် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြတ်သီဟ၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်၊ ပျဉ်းမနားမြို့နယ်မီးသတ်ဦးစီးမှူး  ဦးအောင်သူရ ကျော်နှင့်   တပ်ဖွဲ့ဝင်များ၊   အရန်မီးသတ်တပ်ဖွဲ့ဝင်များက  မီးသတ် ရေယာဉ် ခြောက်စီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ   မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍   သက်ဆိုင်ရာက    အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။                        
 မျိုးသီဟ(ပျဉ်းမနား)