
စစ်တွေ ဧပြီ ၁၁
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ဧပြီ ၁၀ ရက် နံနက်ပိုင်းက သံတွဲ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲ မြို့ ဒွါရာဝတီမြို့သစ်ရှိ TMP အအေးခန်းစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးကြရာ လုပ်ငန်းရှင် ဦးစိုး ကြည်ဝင်းက ကဏန်းပျော့များ၊ ငါး၊ ပုစွန်များ၊ ကဏန်းများမွေးမြူထုတ်လုပ်နေမှု၊ ကဏန်းပျော့များ အား အအေးခန်းစက်ရုံတွင် ကုန်ချောများ ပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုနှင့် မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စက်မှု လက်မှုလုပ်ငန်းများတိုးတက်ရန်အတွက် နိုင်ငံတော် က MSME လုပ်ငန်းများကို မြှင့်တင်ပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းလုပ်ကိုင်သူ များနှင့် လုပ်ငန်းရှင်များချိတ်ဆက်ပြီး အတွေ့အကြုံ များ၊ ရင်းနှီးမြှုပ်နှံမှုများကို ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည့် လုပ်ငန်းရှင်များကိုဖိတ်ခေါ်ပြီး လုပ်ကိုင်ဆောင်ရွက် ကြစေလိုကြောင်းနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အအေးခန်းစက်ရုံအတွင်း ကဏန်းပျော့များ၊ ငါး၊ ပုစွန်များအား ကုန်ချောပြုလုပ်နေမှုနှင့် ပြည်ပနိုင်ငံ များသို့တင်ပို့ရန် ထုပ်ပိုးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သံတွဲမြို့ ငပလီလေဆိပ်သို့သွားရောက်ပြီး လေဆိပ် အတွင်း နိုင်ငံတကာခရီးသွားပြည်သူများနှင့် ပြည်တွင်း ခရီးသွားပြည်သူများ အေးချမ်းစွာသွားလာနေမှုကိုရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ခရီးသည်တင် လေယာဉ်များ ရောက်ရှိထွက်ခွာနေမှု၊ ခရီးသွားပြည်သူ များလုံခြုံအေးချမ်းစွာသွားလာနိုင်ရန်အတွက် လုံခြုံ ရေးကင်မရာများ တပ်ဆင်ထားရှိမှု၊ လေဆိပ်အတွင်း ဒေသထွက်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွား ရေးထုတ်ကုန်များ ရောင်းချနေမှုတို့ကို လှည့်လည် ကြည့်ရှုကာ လေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)