စာနာထောက်ထား မေတ္တာတရားဖြင့် ပြည်ထောင်သားချင်း ဝိုင်းဝန်းကူညီ (ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်)

Type
4

 

ကိုရင်မောင်

မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေနဲ့  မလွတ်ကင်းတဲ့နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့်  ရေကြီးရေလျှံတာတွေ၊   မုန်တိုင်းတိုက်ခတ်တာတွေ   မကြာခဏ ဖြစ်ပေါ်လေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်ကဘင်္ဂလား ပင်လယ်အော်မှ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဟာ  ရခိုင်ကမ်းရိုးတန်းဒေသ   စစ်တွေမြို့အနီးမှ   ဖြတ်ကျော်ဝင်ရောက်ပြီး   ရခိုင် ပြည်နယ်အတွင်းမှာရှိတဲ့  မြို့ရွာတွေသာမက  ချင်းပြည်နယ်အတွင်းက မြို့ရွာတွေ ကိုပါ အငြိုးတကြီး တိုက်ခတ်ဖျက်ဆီးခဲ့ပါတယ်။


ရခိုင်ပြည်နယ်ဟာ     မုန်တိုင်းလို သဘာဝဘေးအန္တရာယ်တွေ အများဆုံး ကြုံတွေ့ရတဲ့  ပြည်နယ်အဖြစ်   သမိုင်း မှတ်တမ်းတင်ထားပါတယ်။  ၁၉၆၇ နဲ့ ၁၉၇၈    ခုနှစ်မှာ   ကျောက်ဖြူမုန်တိုင်း၊ ၁၉၆၈ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်မှာ စစ်တွေ မုန်တိုင်း၊  ၁၉၈၂  ခုနှစ်မှာ  ဂွမုန်တိုင်း တွေအပြင်     ရခိုင်ပြည်နယ်အပါအဝင် ထိခိုက်ခဲ့တဲ့  မာလာမုန်တိုင်း  (၂၀၀၆)၊ အာကက်မုန်တိုင်း(၂၀၀၇)၊ ဂီရိမုန်တိုင်း (၂၀၁၀)၊ မာရသာမုန်တိုင်းနဲ့ မိုရာမုန်တိုင်း (၂၀၁၇)နဲ့ ယခု မိုခါမုန်တိုင်း (၂၀၂၃) တို့ ဖြစ်ပွားခဲ့တဲ့အတွက်  ရခိုင်ပြည်နယ်က ပြည်သူတွေဟာ မုန်တိုင်းဒဏ်ကို အကြိမ် ကြိမ်     ခံစားခဲ့ရတဲ့အပြင်     ပဋိပက္ခတွေ ကြောင့်လည်း    ဒုက္ခအဖုံဖုံကြုံတွေ့ရတဲ့ ပြည်နယ်အဖြစ်  စိတ်မကောင်းဖြစ်ရပါ တယ်။


ထိခိုက်မှုနည်းပါး


ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုကြီးရဲ့     မိသားစုတစ်စု ဖြစ်တာကြောင့်       ဖြစ်ပေါ်လာသမျှ အခြေအနေတွေကို     နိုင်ငံတော်အစိုးရ က  ကယ်ဆယ်စောင့်ရှောက်   ပြန်လည် ထူထောင်ပေးနေကြတာကို မြင်တွေ့ကြ ရမှာဖြစ်ပါတယ်။    ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့   မုန်တိုင်းအန္တရာယ်တွေနဲ့ ပတ်သက်လို့    အကြိမ်တိုင်းမှာ   လူ့ အသက်ထိခိုက်ဆုံးရှုံးမှုတွေ  ဖြစ်ပေါ်ခဲ့ တာကို တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုခါမုန်တိုင်းနဲ့ပတ်သက်လို့ က အင်အားအလွန့်အလွန် ကြီးမားလွန်း တော့ လူ့အသက်ခန္ဓာတွေ ထိခိုက်ဆုံးရှုံး မှုတွေ များလိမ့်မယ်လို့ခန့်မှန်းထားခဲ့ကြပါတယ်။  ဒါပေမယ့်လည်း   နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့    ကြိုတင်မျှော်တွေး   ပြင်ဆင်စီမံ ဆောင်ရွက်ခဲ့မှု၊ အစိုးရအဖွဲ့နဲ့ အဖွဲ့အစည်း အသီးသီးက ချက်ချင်းအရေးပေါ်တုံ့ပြန် အလျင်အမြန် ဆောင်ရွက်နိုင်မှုတွေကြောင့် ခန့်မှန်းထားသလို     ထိခိုက်ပျက်စီးမှု ဖြစ်မလာဘဲ ဆုံးရှုံးထိခိုက်မှု  နည်းပါးခဲ့ တာကို တွေ့ရပါတယ်။


ကြိုတင်ပြင်ဆင်


မုန်တိုင်းမဖြစ်ပေါ်မီ ကြိုတင်ခန့်မှန်း ချက်တွေအရ မေလ ၈ ရက်နေ့မှာ   လေ ဖိအားနည်းရပ်ဝန်းမှတစ်ဆင့်   မုန်တိုင်း ဖြစ်ပေါ်ရာမှ   အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်   ပြောင်းလဲ ကာ         မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိခဲ့ရ ပါတယ်။   အဲဒီရက်ဟာ   ရုံးပိတ်ရက် ဖြစ်သော်လည်း     နိုင်ငံတော်အတွက် အချိန်ပြည့်     တာဝန်ထမ်းဆောင်ဖို့ တာဝန်ရှိကြတဲ့    ပြည်သူ့ဝန်ထမ်းတွေ ဟာ   အနားမယူကြတော့ဘဲ    မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ  ပြုလုပ်ခဲ့ကြ ပါတယ်။   ပြည်သူတွေ   သဘာဝဘေး အန္တရာယ်မှ  အထိအခိုက်  အဆုံးအရှုံး အနည်းဆုံးနဲ့ ကျော်လွှားနိုင်ဖို့အတွက်  အမျိုးသား     သဘာဝဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေးကို မေလ ၆ ရက်နေ့မှာ ခေါ်ယူခဲ့ပါတယ်။


အသေးစိတ်ကြိုတင်မှာကြား


နိုင်ငံတော်အနေနဲ့      မုန်တိုင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံများစွာရှိပြီး ဖြစ်ပါတယ်။   မုန်တိုင်းနဲ့   ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ  ဆောင်ရွက်ရာ မှာ   အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၂၂ ခုနှစ်)ပါအတိုင်း အမျိုးသားအဆင့် အရေး ပေါ်စီမံခန့်ခွဲမှု၊  တုံ့ပြန်မှုအတွက် အခန်း လေးခန်းပါ လုပ်ငန်းကော်မတီ(၁၂)ရပ် မှ  ပြင်ဆင်ခြင်း၊   အရေးပေါ်တုံ့ပြန်ခြင်း၊  ပြန်လည်ထူထောင်ခြင်း    စတဲ့လုပ်ငန်း တာဝန်တွေအရ     ဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်    အရေးပေါ် စီမံခန့်ခွဲမှု၊  တုံ့ပြန်မှုအတွက် အခန်း(၅)ပါ   တိုင်းဒေသကြီးနှင့်   ပြည်နယ်များ အလိုက်     ဖွဲ့စည်းထားတဲ့    လုပ်ငန်း ကော်မတီတွေက  ပြင်ဆင်ခြင်း၊ အရေး ပေါ်တုံ့ပြန်ခြင်းနဲ့ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းတွေကို     ဆောင်ရွက်ကြရန်၊ အလားတူ အခန်း(၆)ပါ တပ်မတော်ပိုင်း ဆိုင်ရာ ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန် ခြင်း၊  ပြန်လည်ထူထောင်ခြင်းလုပ်ငန်း တွေကိုလည်း    (ကြည်း၊  ရေ၊ လေ)တပ်မတော်သားတွေက လုပ်ငန်းတာဝန် အသေးစိတ်အလိုက် လုပ်ဆောင်ကြရန် ကြိုတင်မှာကြားခဲ့ပါတယ်။


လမ်းညွှန်မှာကြား


အဲဒီနောက်       အလွန့်အလွန် အားကောင်းတဲ့    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ဟာ   ခန့်မှန်းထားတဲ့ အတိုင်း ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ မှာ      ရခိုင်ကမ်းရိုးတန်းဒေသတွေကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်  မကျ ရောက်မီနဲ့ ကျရောက်ပြီး အချိန်တွေမှာ လိုအပ်တဲ့     အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊    ကယ်ဆယ်ရေးနဲ့ပူးပေါင်း ဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထား ခြင်းနဲ့   ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်တွေ    ပြုလုပ် ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲ ရေး အရေးပေါ်အစည်းအဝေးကို မုန်တိုင်း ဖြတ်ကျော်ခဲ့တဲ့ မေလ ၁၄ ရက်နေ့ နံနက် ပိုင်းမှာ        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်  ဦးဆောင်ပြုလုပ်ပြီး  လမ်းညွှန်မှာကြား ခဲ့ပါတယ်။


ပြင်ဆင်ဆောင်ရွက်


အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီ   ဒုတိယ အကြိမ်  (အရေးပေါ်)    အစည်းအဝေး ကို   မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှာ အမျိုး သား    သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဦးဆောင်ပြုလုပ်ပြီး အရေးပေါ်တုံ့ပြန်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အလွန့်အလွန် အားကောင်းတဲ့    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မစတင်မီ မေလ ၆ ရက်နေ့ကတည်း က  နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့  လမ်းညွှန် ချက်နဲ့အညီ     အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုခေါ်ယူပြီး တည်မြဲအမိန့်များအပေါ် မူတည်လို့      မုန်တိုင်းဝင်ရောက်နိုင်တဲ့   ခန့်မှန်းနေရာတွေအလိုက်    ညွှန်ကြား ချက်တွေ   ထုတ်ပြန်ခြင်း၊  ဇာတ်တိုက် လေ့ကျင့်ခြင်း    စတဲ့ကြိုတင်ပြင်ဆင် ဆောင်ရွက်စရာရှိတာတွေကို    ကိုးရက် ခန့် ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။


တက်ညီလက်ညီ


မုန်တိုင်းတိုက်ခတ် ဖြတ်ကျော်နေချိန် မှာ   မုန်တိုင်းလမ်းကြောင်းတစ်လျှောက် နဲ့   မုန်တိုင်းအဝန်း အဝိုင်းတစ်လျှောက် မှာ   ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့   ဝန်ကြီးဌာနအလိုက် လျာထားဆောင်ရွက်ခဲ့ပါတယ်။  မုန်တိုင်း အလွန်ကာလ    ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို မူလပုံမှန်အနေအထား သို့ ပြန်လည်ရောက်ရှိနိုင်ဖို့ ကော်မတီဝင် တွေက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ပါ တယ်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် မှုကြောင့်  ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တဲ့ နေရာတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားတဲ့ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့အတူ  ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေနဲ့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးတဲ့ လုပ်ငန်းတွေကို      တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပါတယ်။                            

                                                                                           
ပုဏ္ဏားကျွန်း 


မိုခါမုန်တိုင်းဟာ စစ်တွေမြို့အနီးသို့ ဖြတ်သန်းတိုက်ခိုက်ရာမှာ စစ်တွေမြို့နဲ့ အနီးဆုံးဖြစ်တဲ့   ပုဏ္ဏားကျွန်းမြို့ဟာ လည်း  မုန်တိုင်းကြောင့်    ထိခိုက်ပျက်စီးမှု များပြားခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် အတွင်း တည်ဆောက်ထားတဲ့ လျှပ်စစ် ဓာတ်အားလိုင်းတွေ၊   ဓာတ်တိုင်တွေ၊ တာဝါတိုင်တွေ ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အခြေခံပညာ     စာသင်ကျောင်းတွေ၊ ဆေးရုံ၊ ဆေးပေးခန်းတွေ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းတွေ၊      မြို့နယ်အတွင်း ရေပေးဝေရေးလုပ်ငန်းတွေ    အတော် များများ ပျက်စီးသွားခဲ့ပါတယ်။ ပျက်စီး သွားတဲ့ကဏ္ဍတွေကို မုန်တိုင်းစဲသွားပြီး တာနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ချက်ချင်း      အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ   အချိန်တိုအတွင်း ပြီးစီးခဲ့တာတွေရှိပါတယ်။


ရာနှုန်းပြည့်နီးပါးပြီးစီး 


မိုခါမုန်တိုင်း    တိုက်ခတ်မှုကြောင့်   ပျက်စီးသွားခဲ့တဲ့  ရခိုင်ပြည်နယ်  ပုဏ္ဏား ကျွန်းမြို့မှာရှိတဲ့   ၂၃၀  ကေဗွီပင်မ ဓာတ်အားခွဲရုံ  ပြန်လည်ထူထောင်ရေး လုပ်ငန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  အင်ဂျင် နီယာတွေနဲ့    ကျွမ်းကျင်လုပ်သားတွေ က         ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို     ဆောင်ရွက်ခဲ့ရာမှာ မေ  ၂၅ ရက်နေ့မှာပဲ  ၉၀  ရာခိုင်နှုန်းအထိ ပြီးစီးခဲ့ကြောင်း   သိပါတယ်။   လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနမှ  အင်ဂျင်နီယာနဲ့ ကျွမ်းကျင်လုပ်သား   ၅၆၇   ဦးတို့ဟာ ပုဏ္ဏားကျွန်းပင်မ ၂၃၀  ကေဗွီ ဓာတ်အား ခွဲရုံ  Control Room နဲ့ Switch Yard အတွင်းရှိ  လုပ်ငန်းတွေ၊ ဝန်ထမ်းအိမ်ရာ ပြုပြင်မှုလုပ်ငန်းတွေ၊    တာဝါတိုင်နဲ့   ဆက်စပ်ပစ္စည်း   ပြုပြင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို မေလ ၁၅ ရက်မှစတင်ပြီး နေ့မအားညမနား      ပြန်လည်ပြုပြင်   တည်ဆောက်ခဲ့ကြလို့   ရက်သတ္တပတ် အကျော်မှာပဲ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီး ခဲ့ပါတယ်။


ဝမ်းမြောက်ဝမ်းသာ


မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီး သွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ တာဝါ တိုင်အမှတ် (၄၂၄) နဲ့  (၄၂၅)   တို့ကို ဖယ်ရှားဆောင်ရွက်တာ၊   ပျက်စီးခဲ့တဲ့ ဖောင်ဒေးရှင်းတွေ ပြန်လည်ပြုပြင်တာ၊ ၂၃၀ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းမှာ   တာဝါတိုင် ပေါင်း ၄၄၈ တိုင်ရှိတဲ့အနက် ပြိုကျပျက်စီး ခဲ့တဲ့ တာဝါတိုင် ၁၂ တိုင်၊ တာဝါထိပ်ပိုင်း ပျက်စီးခဲ့တဲ့        တာဝါတိုင်နှစ်တိုင်ကို အစားထိုးတာ၊ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- စစ်တွေ  အမှတ် (၁) ဓာတ်အားလိုင်းမှာ ကွန်ကရစ်တိုင်ပေါင်း   ၈၁၂   တိုင်ရှိတဲ့ အနက် လဲကျပျက်စီးခဲ့တဲ့ ဓာတ်အားတိုင် ၁၀၆ တိုင် အစားထိုးပြုပြင်ခြင်းလုပ်ငန်း တွေကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။    မုန်တိုင်းအလွန်ကာလ  ဓာတ်အားဖြန့်ဖြူးမှု   ပထမအဆင့်အနေနဲ့ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ရှိ ပြည်သူ တွေကို      နိုင်ငံတော်ဓာတ်အားစနစ်မှ  ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်လို့   ဒေသခံပြည်သူတွေ    ဝမ်းမြောက် ဝမ်းသာဖြစ်ကြရပါတယ်။


ပညာသင်ကြားရေး


ပုဏ္ဏားကျွန်းမြို့နယ်အတွင်း   မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်   ထိခိုက် ပျက်စီးမှုတွေကို   ပြန်လည်ထူထောင်ဖို့ အတွက်   ပုဏ္ဏားကျွန်းမြို့နယ်ဒေသကို ကြီးကြပ်နိုင်ဖို့      တာဝန်ပေးထားတဲ့ တပ်မတော်မှ အရာရှိကြီးနဲ့အတူ မြို့နယ် မှ တာဝန်ရှိသူတွေဟာ ပုဏ္ဏားကျွန်းမြို့ ပေါ်ရှိ စာသင်ကျောင်းတွေကို ကွင်းဆင်း စစ်ဆေးပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့   ပုဏ္ဏားကျွန်း(အ.ထ.က)၊ အ.ထ.က(ခွဲ)မြို့မ၊    အ.ထ.က    (ကွန်း တောင်)၊     မူ/လွန်(မြို့သစ်)၊    မူ/လွန် (ရွာဟောင်း)         စတဲ့စာသင်ကျောင်း တွေ  ကျောင်းဖွင့်ရက်အမီ  ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့     သက်ဆိုင်ရာ  တာဝန် ရှိသူတွေ၊    ရပ်မိရပ်ဖတွေ၊    ကျောင်း အကျိုးတော်ဆောင်တွေနဲ့      တွေ့ဆုံ ပေါင်းစပ်        ညှိနှိုင်းပေးခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့်   ကျောင်း ပေါင်း  ၁၉၉  ကျောင်း   ထိခိုက်ပျက်စီး ခဲ့ပါတယ်။


လုံလောက်စွာပေးဝေ


ပုဏ္ဏားကျွန်းမြို့ပေါ်   ရပ်ကွက်တွေ မှာ    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ     အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက်   သောက်သုံးရေ ပြတ်လပ်မှုတွေ မဖြစ်ပေါ်စေဖို့ နယ်မြေခံ တပ်မတော်မှ ရေဂါလန် ၂၀၀၀ ဆံ့ ယာဉ် နဲ့   နေ့စဉ်လှူဒါန်းပေးခဲ့ပါတယ်။   မိုခါ မုန်တိုင်းကြောင့် ရေရှားပါးမှုနဲ့ ကြုံတွေ့ ခဲ့တဲ့ ရပ်ကွက်/ ကျေးရွာတွေကို သန့်ရှင်း တဲ့သောက်သုံးရေတွေကို စဉ်ဆက်မပြတ် ဆက်လက်    ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း ဒဏ်သင့်    မြို့ရွာတွေ  သန့်ရှင်းသော သောက်သုံးရေ       ရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားတွေ၊ Life Straw (ရေနောက်မှရေကြည်သို့    သန့်စင်ပေး သည့်) ရေသန့်စက်တွေ၊ ဆိုလာစနစ်သုံး ရွေ့လျားရေသန့် စက်တွေနဲ့ ဖြန့်ဝေပေး လျက်ရှိပါတယ်။    လျှပ်စစ်ဓာတ်အား မလိုအပ်တဲ့ တစ်နာရီလျှင် သုံးဂါလန်ခန့်  သန့်စင်ပေးနိုင်သော Life Straw ရေသန့် စက်တွေကို  ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရှိ ကျေးရွာတွေကို ဖြန့်ခွဲပေးပို့ထားပြီး ယင်းရေသန့်စက် တစ်လုံးဟာ လူဦးရေ ၁၀၀ အတွက် တစ်နေ့တာ သောက်သုံး ရေကို   လုံလောက်စွာ  သန့်စင်ပေးနိုင် ကြောင်း သိရပါတယ်။


ထောက်ပံ့ပေးအပ်


မိုခါမုန်တိုင်း   တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ်    ကျရောက်ခဲ့ သည့်  ရခိုင်ပြည်နယ်အတွင်းရှိ  ပြည်သူ လူထုကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ရာမှာ  မေလ ၂၆ ရက်နေ့အထိ  ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံမှ ပြင်ပလူနာ၊ အတွင်းလူနာတွေနဲ့ ပြင်ပ လူနာဌာနမှာ     ပြသတဲ့လူနာတွေကို ကုသစောင့်ရှောက်မှု   ပေးခဲ့တဲ့အပြင် ရေသန့်ဆေးခတ်ခြင်းနဲ့   ကျန်းမာရေး ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါ တယ်။   ဒါ့အပြင်  အရေးပေါ်တုံ့ပြန်ရေး အဖွဲ့နဲ့      အထူးကုဆေးအဖွဲ့တွေနဲ့ ကွင်းဆင်းပြီး       ပုဏ္ဏားကျွန်းမြို့နယ်  ကွန်းတောင်ကျေးရွာ       ကျေးလက် ကျန်းမာရေးဌာနမှာ အထွေထွေရောဂါ၊ အရိုး၊ ခွဲစိတ်နဲ့ ကလေးအထူးကုဆရာ ဝန်ကြီးတွေ ပါဝင်တဲ့ အထူးကုဆေးအဖွဲ့ က  ကွင်းဆင်းပြီး  ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးပြီး လူနာ တွေကို  အားပေးစကားပြောကြားကာ သီးစုံဒံပေါက်ထုပ်တွေ ထောက်ပံ့ပေးအပ် ခဲ့ပါတယ်။


ကွင်းဆင်းဆောင်ရွက်


မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ တဲ့ ပုဏ္ဏားကျွန်းမြို့နယ် စံပြရပ်ကွက်နဲ့ နတ်ဆိတ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ဦးရာဇ်မင်္ဂလာကြိုးတံတားကို အမြန်ဆုံး ပြန်လည်     ပြင်ဆင်နိုင်ပေးခဲ့ပါတယ်။    ပုဏ္ဏားကျွန်းမြို့နယ်      ကွန်းတောင် ကျေးရွာ စုပေါင်းထွန်ယက်ပွဲနဲ့ မိုးစပါး မျိုးစေ့ပေးအပ်ပွဲမှာ ကွန်းတောင်ကျေးရွာ တောင်သူ     လယ်သမားတွေအတွက် စိုက်ပျိုးရေးဦးစီးဌာန   မျိုးစေ့ဌာနခွဲက ထုတ်လုပ်တဲ့      ဆင်းသွယ်လတ်နဲ့ ပေါ်ဆန်းရင်   စပါးမျိုးစေ့အိတ်တွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။


အာဆီယံ၏  One  ASEAN ၊ One Response နဲ့အညီ   အာဆီယံအရေးပေါ် တုံ့ပြန်ရေးနဲ့   ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT)က ဆိုင်ကလုန်းမုန်တိုင်း မိုခါဘေးသင့်ဒေသ  ပုဏ္ဏားကျွန်းမြို့နယ် ကိုလည်း ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ပါတယ်။ အဆိုပါ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနဲ့   ဆန်းစစ်လေ့လာရေးအဖွဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း  ကွင်းဆင်း စစ်တမ်းကောက်ယူရာမှာ တွေ့ရှိချက်နဲ့ လုပ်ငန်းစဉ်တွေကို         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီးထံ         ရှင်းလင်းတင်ပြခဲ့ပြီး ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။


မိုခါမုန်တိုင်း     တိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့တဲ့    ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေထဲမှာ ပုဏ္ဏားကျွန်းမြို့နယ် ဟာလည်း  ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။ ရခိုင်ပြည်နယ် မုန်တိုင်းသင့်ဒေသ တွေ မူလအခြေအနေသို့ ပြန်လည်ရောက် ရှိအောင်    ပြန်လည်ထူထောင်နိုင်ရေး အတွက်    နိုင်ငံတော်အကြီးအကဲရဲ့ စဉ်ဆက်မပြတ်       ထိတွေ့လမ်းညွှန်မှု၊ သက်ဆိုင်ရာ     ဝန်ကြီးဌာနတွေနဲ့အဖွဲ့ အစည်းတွေရဲ့    အင်တိုက်အားတိုက် နေ့မနား     ညမအား    တက်တက်ကြွကြွ ဆောင်ရွက်မှု၊   ဒေသခံပြည်သူတွေရဲ့ ပူးပေါင်း           ဆောင်ရွက်မှုတွေကြောင့် မုန်တိုင်းတိုက်ခတ်ပြီးတဲ့  အချိန်မှစလို့ အချိန်တိုကာလအတွင်း   တည်ဆောက် ရေးလုပ်ငန်းတွေ သိသာစွာတိုးတက်လာ ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိ အောင်  ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြ လိုက်ပါတယ်။       ။