မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

 

နေပြည်တော်  မတ်   ၆


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ သည်   ရွှေနှင့်    ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ  မြန်မာနိုင်ငံတော်ဗဟို ဘဏ်၌ တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့  ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြသည်။


စနစ်တကျထိန်းကျောင်းသွားရန်လို


တွေ့ဆုံစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေဈေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့်  ဈေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊  ရွှေစျေး၊  ငွေဈေး ကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက် သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည် ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့်  ဝန်ဆောင်မှု အဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ဆွေးနွေးသည်။


စနစ်တကျ ချမှတ်ဆောင်ရွက်


ထို့နောက်  ပြည်ထဲရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီးက  ရွှေရောင်းဝယ်ရာ၌   မသမာမှုပြုလုပ်၍ ဈေးကစားမှုများအပေါ်   ကြီးကြပ်အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုအဖြစ်သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ရန်လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က သက်ဆိုင်ရာဌာနများအနေဖြင့်  ရည်ညွှန်းရွှေဈေးနှုန်းထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအားအရေးယူနိုင်မည့်နည်းလမ်းများကို  လည်းကောင်း၊ အစည်းအဝေးတက်ရောက်လာသူများက  လိုအပ် သည့်အမိန့်များထုတ်ပြန်ရာတွင်   ဦးစီးဆောင်ရွက် မည့် ဝန်ကြီးဌာန၊  ဆက်လက်  ထိန်းချုပ်ကြီးကြပ် ကွပ်ကဲမည့်နည်းလမ်းများ၊    လုပ်ငန်းစဉ်များကို သေချာစွာစနစ်တကျ ချမှတ်ဆောင်ရွက်သွားရမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးကြသည်။ 


 ရှင်းလင်းဆွေးနွေး


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြ သူများက တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ၊ ထုတ်ပြန် ထားသည့်အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက် များနှင့်စပ်လျဉ်း၍  ရှင်းလင်းတင်ပြကြပြီး  လက်ရှိ ဆောင်ရွက်ချက်များ၊ ထိရောက်စွာအရေးယူနိုင်ရေး အတွက် လိုအပ်သည့်အမိန့်ကြော်ငြာစာများ ထုတ်ပြန် နိုင်ရန်  ဆက်လက်   တင်ပြဆောင်ရွက်သင့်သည့် အချက်များကို ရှင်းလင်းဆွေးနွေးကြသည်။ 


ထို့နောက်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ရွှေဈေးကွက်တည်ငြိမ်ခိုင်မာရေးအတွက်  အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်စပ်လျဉ်း၍ ထုတ်ပြန် ဆောင်ရွက်သင့်သည့်    အစီအစဉ်များကိုလည်း ကောင်း၊ တရားမဝင်ရောင်းဝယ်သူများကို သက်ဆိုင် ရာ တည်ဆဲဥပဒေများနှင့် ထိရောက်စွာအရေးယူနိုင် ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအမံများကိုလည်းကောင်း ဆွေးနွေးကြပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်