နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် လုံးတော်ပြည့် ရွှေစင်ရွှေပြား ကပ်လှူရန် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ ကျင်းပမည်

 

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန်    ပထမဖောင်းရစ်ဧရိယာ   (၃၄၈၅.၈၇) စတုရန်းပေအား ရွှေစင်ရွှေပြားလိုအပ်သည့် အချပ်ရေမှာ (၃၄၈၅) ချပ် ဖြစ်ပါသည်။ ၂၉-၂-၂၀၂၄ ရက်နေ့အထိ အလှူခံရရှိပြီးသော အချပ်ရေမှာ (၅၂၆) ချပ်သာဖြစ်ပါသည်။ လိုအပ်နေသော ရွှေစင်ရွှေပြား (၂၉၅၉) ချပ်ကို (၁) ချပ်လျှင် ၂၅၀၀၀၀၀/- (ကျပ်နှစ်ဆယ့် ငါးသိန်း တိတိ)ဖြင့် ပါဝင်လှူဒါန်းနိုင်ပါသည်။ 
လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူရန်အတွက်လည်း စေတနာ ရှင်များ လူကိုယ်တိုင်(သို့) အောက်ပါဘဏ်စာရင်းတွင် တိုက်ရိုက် လှူဒါန်းနိုင်ပါသည်။
လုံးတော်ပြည့်  ရွှေသင်္ကန်း၊  ရွှေစင်ရွှေပြားကပ်လှူရန်  “ပထမ”  အကြိမ် အလှူငွေပေးအပ်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ဆောင်ရွက်မည်ဖြစ်ပါသည်။ 
သဒ္ဓါကြည်လင်ပါရမီရှင်များအနေဖြင့် ကြွရောက်လှူဒါန်းပူဇော် နိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်-
နေ့ရက်    -     ၁၂-၃-၂၀၂၄ 
        (၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်) အင်္ဂါနေ့
အချိန်    -     မွန်းလွဲ (၁) နာရီ
နေရာ    -     စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံ။
v  ဆက်သွယ်နိုင်လှူဒါန်းနိုင်ပါသည်−
(၁)    ဦးမောင်မောင် (ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင် 
    သာယာရေးကော်မတီ)
    ဖုန်း − ၀၉−၄၀၄၄၃၄၄၉၉
(၂)    ဦးထွန်းကြည် (ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်)
    ဖုန်း − ၀၉−၅၁၃၅၆၉၈
(၃)    ဦးကြည်လွင် (ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်)
    ဖုန်း − ၀၉−၂၅၀၇၉၇၄၁၇
(၄)    ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ရုံး
    ဖုန်း − ၀၉−၄၄၂၂၅၂၆၇၀
(၅)    ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်
    စာရင်းအမှတ် (CF – 000873) သို့လည်း 
    တိုက်ရိုက်လှူဒါန်းနိုင်ပါသည်။
(၆)    AYA Pay (Merchant ID. 20044314)

    ရွှေစင်ရွှေပြားကပ်လှူရေး
    အလှူငွေလက်ခံရေးဆပ်ကော်မတီ