
နေပြည်တော် မတ် ၆
တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူး ရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်ညွှန်ကြား ရေးမှူးရုံးများမှ တာဝန်ခံအရာရှိ များ၊ တက်ရောက်ကြပြီး ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးများမှ တာဝန်ခံအရာရှိများ က Online ဖြင့် တက်ရောက် ကြသည်။
လွန်စွာအရေးကြီး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူး ရုံးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် များ၊ မူဝါဒများနှင့်အညီ တိုင်းရင်း သားရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အဓိကကျသည့် အခန်း ကဏ္ဍမှ ပါဝင်နေသဖြင့် ဝန်ထမ်း များ၏ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝ မြင့်မားရေးသည်လည်း လွန်စွာအရေးကြီးကြောင်း၊ ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသား စီမံကိန်းဥပဒေပါ လုပ်ငန်း ၂၄ ခုကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ရာနှုန်းပြည့်ပြီးစီး နိုင်ရေး အထူးကြပ်မတ်ဆောင် ရွက်ကြရန် တိုက်တွန်းပြောကြား လိုကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်း ထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာ ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းဒေသ ကြီး၊ ပြည်နယ် တာဝန်ခံများအနေ ဖြင့် မိမိတို့၏ လုပ်ငန်းစွမ်းဆောင် ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန် အမှီသဟဲပြုနေ သဖြင့် တိုင်းရင်းသားများ၏ အကျိုး စီးပွားကို ရှေးရှုဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြ ကြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြား ရေးမှူးရုံးများမှ တာဝန်ခံအရာရှိ များက မိမိတို့တာဝန်ယူ ဆောင် ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးက ခြုံငုံ သုံးသပ်၍ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်