ရန်ကုန်  မတ်  ၅
၂၀၂၄ MNL Cup ပြိုင်ပွဲ အုပ်စု  (က၊ ခ) ဒုတိယနေ့ ပွဲစဉ်များကို မတ် ၅ ရက်က ဆက်လက်ကျင်းပသည်။
YUSC ကွင်း၌  ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက Glory Goal အသင်းကို ငါးဂိုးပြတ်အနိုင်ရ ခဲ့သည်။ နာမည်ကြီး ရှမ်းယူနိုက် တက်အသင်းသည်  နှစ်ပွဲဆက်ဂိုးပြတ်အနိုင်ရခဲ့ပြီး ယခုပွဲတွင်လည်း MNL-2ကလပ်GloryGoal အသင်း ကို ဂိုးပြတ်သွင်းယူခဲ့သည်။ ရှမ်းယူ နိုက်တက်အသင်းသည် ပွဲထွက်လူ စာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ သော်လည်း  ပြိုင်ဘက်အသင်းနှင့် ကစားသမားအင်အားရော အတွေ့ အကြုံပိုင်းပါ   ကွာခြားသဖြင့်  ဂိုး ပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်  အသင်းသည် ပွဲထွက်လူစာရင်းကို   အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး      ပြည့်ဖြိုးသူ     (ဂိုး)၊ ဟိန်းသီဟဇော်၊           အောင်နိုင်ဝင်း၊ ရဲရင့်အောင်တို့ကို နိုင်ငံခြားသားကစား သမား  နှစ်ဦးဖြင့်  တွဲဖက်အသုံးပြုခဲ့ သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၁၀ မိနစ်တွင်   ရဲရင့်အောင်က   အဖွင့် ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်း တွင်လည်း ရှမ်းယူနိုက်တက်အသင်းက ပွဲကိုထိန်းကစားခဲ့ပြီး  ၂၁  မိနစ်တွင် မတ်ခ်ဆာကီ၊ ၂၈၊  ၄၃   မိနစ်တွင် စအောင်ပြည့်ကိုတို့က ဂိုးများ ထပ်မံ သွင်းယူခဲ့သည်။    ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက     ကစား သမားများ    လဲလှယ်အသုံးပြုခဲ့ပြီး နောက်ဆုံးပွဲသိမ်းဂိုးကို ၅၆ မိနစ်တွင် သက်ဝေမိုးက သွင်းယူခဲ့သည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် GFA အသင်းက   ရွှေပြည်သာယူနိုက် တက်အသင်းကို  လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ GFA အသင်းအတွက် ဂိုးများကို ၄၅+၁ မိနစ်တွင် ကျော်ဝင်း၊ ၅၉ မိနစ်တွင် John Kui Hleih၊ ၇၄ မိနစ်တွင် ကျော်စွာထက်၊ ၉၀+၃ မိနစ် တွင်    ရာဇာမျိုးတို့က   သွင်းယူခဲ့ပြီး ရွှေပြည်သာအသင်းအတွက် ဂိုးများကို ၂၂ မိနစ်တွင် ဉာဏ်မင်းထက်၊ ၇၆ မိနစ် တွင် ကျော်ခြူး၊ ၈၈ မိနစ်တွင် ဖြိုးချစ်တို့ က  သွင်းယူသည်။   သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းက      တက္ကသိုလ်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။   
ရန်ကုန်အသင်းသည် ပထမပွဲအနိုင် ရခဲ့သည့် ပွဲထွက်ကစားသမားအများစု ဖြင့် ဆက်လက်ပွဲထွက်ခဲ့ပြီး  အနိုင်ဂိုး များကို ပွဲအစ ၁၅ မိနစ်အတွင်း နှစ်ဂိုး နှင့်    ပွဲပြီးခါနီး     နာကျင်အချိန်ပိုတွင် နှစ်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။   ရန်ကုန် ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုး များကို ၄ မိနစ်တွင် အီမန်နျူရယ်၊ ၁၅ မိနစ်တွင်  တက်တာ၊  မိနစ်  ၉၀  တွင် လမင်းထွေးနှင့်   ၉၀+၄   မိနစ်တွင်  ဥက္ကာနိုင်တို့က သွင်းယူခဲ့သည်။   
တက္ကသိုလ်ကွင်း၌ ကျင်းပသည့်ပွဲ တွင်     ကချင်ယူနိုက်တက်အသင်းက Rainbow အသင်းကို သုံးဂိုးပြတ်အနိုင် ရခဲ့သည်။ ကချင်ယူနိုက်တက်အသင်း သည် ၂၁၊ ၅၉၊ ၆၃ မိနစ်တွင် သွင်းယူ သည့် လန်းဆန်းအောင်၏ ဟက်ထရစ် ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဒုတိယနေ့ အပြီးတွင် အုပ်စု (က) ၌ ရန်ကုန်အသင်း က   နှစ်ပွဲကစား  ခြောက်မှတ်၊  မဟာ ယူနိုက်တက်နှင့် GFA အသင်းက တစ်ပွဲ ကစား သုံးမှတ်စီရထားပြီး ရွှေပြည်သာ အသင်းနှင့်   တက္ကသိုလ်အသင်းတို့က နှစ်ပွဲစလုံးရှုံးကာ   အမှတ်မရသေးပေ။
အုပ်စု  (ခ) ၌  ရှမ်းယူနိုက်တက် အသင်းက  နှစ်ပွဲကစား    ခြောက်မှတ်၊   ရခိုင်ယူနိုက်တက်အသင်းနှင့်   ကချင် ယူနိုက်တက်အသင်းက   တစ်ပွဲကစား သုံးမှတ်စီ    ရထားပြီး    Rainbow  အသင်းနှင့်  Glory Goal  အသင်းတို့ က   နှစ်ပွဲ   စလုံးရှုံးကာ  အမှတ်မရသေး ပေ။
မတ် ၆ ရက် (ယနေ့) တွင် သုဝဏ္ဏ ကွင်း၌ ဟံသာဝတီအသင်းနှင့် Dagon Port  အသင်း၊   တက္ကသိုလ်ကွင်း၌ ငွေကြယ်ပွင့်အသင်းနှင့်   ဧရာဝတီ ယူနိုက်တက်အသင်း၊   ပဒုမ္မာကွင်း၌ ရက္ခပူရယူနိုက်တက်အသင်းနှင့် ရတနာ ပုံအသင်း၊ YUSC ကွင်း၌ အား/ကာသိပ္ပံ အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MNL
      


