
ရန်ကုန် မတ် ၅
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနတို့၏ ညှိနှိုင်းထားချက်အရ ၂၀၂၄ ခုနှစ် မတ် ၁၁ ရက်မှ ၁၉ ရက်အထိကျင်းပမည်ဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲကာလ အတွင်း ဆေးရုံတက်ရောက်၍ ဆေးဝါးကုသမှုခံယူနေ ကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်လျက် ဆေးရုံစာဖြေဌာန လေးခုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတို့၌ ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။
ဆေးရုံတက်ရောက်ကုသနေသော စာမေးပွဲဝင်ရောက်ဖြေဆို လိုသည့် ကျောင်းသား ကျောင်းသူ(လူနာ)များသည် အဆိုပါဆေးရုံ ကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း သတင်းရရှိသည်။ သတင်းစဉ်