အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမအစည်းအဝေး ပထမနေ့ကျင်းပ

 

ရန်ကုန်   မတ်   ၅  


ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော် အဋ္ဌမအကြိမ်      နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့    ၄၇ ပါးစုံညီ  သောဠသမ အစည်းအဝေး  ပထမနေ့ကို   ယနေ့နံနက် ၈   နာရီက    ရန်ကုန်မြို့     သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ       ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။ 
အစည်းအဝေးသို့    နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့  အကျိုးတော်ဆောင်၊ သန်လျင်မြို့၊     မင်းကျောင်းပထမပြန် စာသင်တိုက်  ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ          အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ   ဒေါက်တာဘဒ္ဒန္တ  စန္ဒိမာ ဘိဝံသ အမှူးပြုသည့်    နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်   ဆရာတော်ကြီး များ   ကြွရောက်တော်မူကြပြီး  သာသနာ ရေးနှင့်             ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး     ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန  ညွှန်ကြားရေးမှူး ချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်၊ အပြည် ပြည်ဆိုင်ရာ        ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်   ဒုတိယပါမောက္ခချုပ်   (စီမံ)နှင့်  သာသနာရေးဦးစီးဌာနမှ   အရာထမ်း၊ အမှုထမ်းများ၊  တိုင်းဒေသကြီး/  ပြည်နယ် သာသနာရေးမှူးများ       တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင်   နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့    အကျိုးတော်ဆောင်၊ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသက သဘာ ပတိအဖြစ်  ဆောင်ရွက်တော်မူပြီး တွဲဖက် အကျိုးတော်ဆောင်  ဆရာတော်   အဂ္ဂ   မဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက  အခမ်း အနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဖတ်ကြားလျှောက်ထား
ဦးစွာ  အခမ်းအနားမှူးဆရာတော်က အစည်းအဝေး        စတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထား ပြီး အစည်းအဝေး  အထမြောက်အောင်မြင် ကြောင်း ကြေညာသည်။ 
ထို့နောက်    နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့     အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က    အစည်းအဝေးဖွင့်      သာရဏီယ သြဝါဒကထာကို မြွက်ကြားသည်။
(ဒေါက်တာ    ဘဒ္ဒန္တစန္ဒိမာ    ဘိဝံသ၏ သာရဏီယ   ဩဝါဒကထာကို  စာမျက်နှာ ၇  တွင် သီးခြားဖော်ပြထားပါသည်။)
ယင်းနောက်  ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင်   သာသနာ့ရန်စွယ် အန္တရာယ်များကို နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးက  ဦးဆောင်ဦးရွက်ပြု ပြီး  သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့က နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းကာ ဓမ္မစက် အာဏာစက် နှစ်ချက် ကုံလုံပြည့်စုံစွာဖြင့် ကာကွယ်စောင့်ရှောက်ကြရမည်   ဖြစ်ပါ ကြောင်း၊    နိုင်ငံတော်အစိုးရနှင့်   တပည့် တော်တို့ ဒါယကာ၊  ဒါယိကာမများဘက် ကလည်း ပစ္စယာနုဂ္ဂဟဖြင့် ချီးမြှောက် ထောက်ပံ့မှုအပြင်   ဓမ္မစက်ကို    အာဏာ စက်ဖြင့် ခိုင်မြဲအောင်   လက်တွဲညီညာစွာ သာသနာပြုသွားမည်           ဖြစ်ပါကြောင်း လျှောက်ထားသည်။
ကဏ္ဍအလိုက် တင်သွင်းလျှောက်ထား
ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ၏      ပဉ္စမအကြိမ်   တာဝန်ကျရာကာလ အတွင်း      ဆောင်ရွက်ချက်အစီရင်ခံစာ အကျဉ်းကို    တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင်  ဆရာတော် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထားပြီး  အဋ္ဌမအကြိမ် နိုင်ငံတော်     သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျ ရာ  ကာလအတွင်း    ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ်     အဂ္ဂမဟာ ပဏ္ဍိတ    ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာ   လင်္ကာရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာဆောင်ရွက် ချက်များအပေါ်        အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ   သဒ္ဓမ္မဇောတိကဓဇ     ဘဒ္ဒန္တ သုစိတ္တက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ်   အဂ္ဂမဟာ ပဏ္ဍိတ     ဘဒ္ဒန္တ ဝိလာသာဘိဝံသက    လည်းကောင်း   ကဏ္ဍအလိုက်    တင်သွင်း လျှောက်ထားသည်။
ထို့နောက် ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ   နိုင်ငံတော်သံဃ မဟာနာယက  ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေး     ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို  နံနက်  ၉  နာရီခွဲတွင် ရပ်နားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့    ၄၇   ပါးစုံညီ သောဠသမအစည်းအဝေး     ပထမနေ့ ဒုတိယပိုင်းကို     မွန်းလွဲ  ၁  နာရီတွင်  ဆက်လက်ကျင်းပခဲ့ပြီး   သာသနာရေးရာ၊    ဝိနိစ္ဆယ  ရေးရာကိစ္စရပ်များကို  တင်ပြ လျှောက်ထားရာ  နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများက   ဝေဖန် ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး   အစည်း အဝေးကို ရပ်နားခဲ့သည်။
ဆက်ကပ်လှူဒါန်း
ယနေ့အစည်းအဝေးသို့    ကြွရောက် တော်မူလာကြသော   နိုင်ငံတော်    သံဃ မဟာနာယက   ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး         အစိုးရအဖွဲ့က အရုဏ်ဆွမ်း၊ နေ့ဆွမ်းတစ်နေ့တာ ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သတင်းစဉ်