ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/ ၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ 
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ (၂/ ၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   မတ်   ၅


ကုန်သွယ်မှုနှင့်    ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅  ရက်နေ့  မွန်းလွဲ  ၂  နာရီတွင်  နေပြည် တော်ရှိ      ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်  (၁၈)  ၌    ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်မှုနှင့်    ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး    ဗဟိုကော်မတီ ဥက္ကဋ္ဌ၊        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊  ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး    တက်ရောက်      အမှာစကား ပြောကြားခဲ့သည်။


အစည်းအဝေးသို့      ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ   မှန်ကန်မြန်ဆန်  စေရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အတူ ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသူများ တက်ရောက်ခဲ့သည်။


အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်


ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး    ဗဟိုကော်မတီ ဥက္ကဋ္ဌက  ပြောကြားရာတွင်   စက်သုံးဆီ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်သူများ သက်သာသည့် ဈေးနှုန်းများနှင့် ဝယ်ယူ  အသုံးပြုနိုင်ရေးနှင့်    လုပ်ငန်းရှင်များက  ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချ နိုင်ရေး၊     သက်ဆိုင်ရာကော်မတီများမှ  အမြဲမပြတ် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တရားမဝင် စက်သုံးဆီ များ    ရောင်းချမှုမရှိစေရေး      ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး  တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားမဝင် စက်သုံးဆီ ဖမ်းဆီးရမိမှုအနေဖြင့်  ၂၀၂၄  ခုနှစ်၊ ဖေဖော် ဝါရီလအတွင်း       တနင်္သာရီတိုင်းတွင် စက်သုံးဆီ  (3.810)  တန် ခန့်မှန်းတန်ဖိုး ကျပ်  (၁၂) သန်းနှင့်  မကွေးတိုင်းတွင်     စက်သုံးဆီ (10.464)  တန်၊  စုစုပေါင်း     ခန့်မှန်းတန်ဖိုးကျပ်       (၃5. ၉၉၂)   သန်း၊   စုစုပေါင်းစက်သုံးဆီ  (14. 274)   တန်၊   စုစုပေါင်း  ခန့်မှန်းတန်ဖိုး ကျပ် (47.992) သန်း ဖမ်းဆီးရမိခဲ့ပါကြောင်း။


စက်သုံးဆီဆိုင်များနှင့်ပတ်သက်ပြီး  အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများ အား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်အပါအဝင် တိုင်းဒေသကြီး/ ပြည် နယ်များရှိ စက်သုံးဆီ Terminal များနှင့်  စက်သုံးဆီ အရောင်းဆိုင်များအား CCTV Link ချိတ်ဆက်ပြီးစီးမှုအနေဖြင့် စုစုပေါင်း Terminal   (8)   ခုနှင့်   စက်သုံးဆီဆိုင် (၅၉၁) ဆိုင်အား ချိတ်ဆက် ဆောင်ရွက် ပြီး ဖြစ်ပါကြောင်း။
ဆီဘောက်ဆာယဉ်များ    ဖြတ်သန်း သွားလာမှု      အခြေအနေများကိုလည်း  အချိန် နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက်  နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင်ပြီးစီးမှု အနေနှင့် Toll Gate ပေါင်း (၅၂) ခုနှင့် CCTV အရေအတွက် (၅၄၂) ခု တပ်ဆင်ပြီးဖြစ် ပါကြောင်း။


စိစစ်ကြပ်မတ်ဆောင်ရွက်


အများပြည်သူများအနေဖြင့် Online အသုံးပြုပြီး နီးစပ်ရာ စက်သုံးဆီအရောင်း ဆိုင်များမှ လိုအပ်သည့် စက်သုံးဆီ အမျိုး အစားကို ရောင်းဈေးနှုန်းသိရှိပြီးလိုအပ် သလောက် အလွယ်တကူဝယ်ယူနိုင်မယ့် Software    Application     တစ်ခုအား ရေးဆွဲပြီးဖြစ်ပါသဖြင့် ဖေဖော်ဝါရီလကုန် မှစ၍   ပြည်ထောင်စုနယ်မြေ၊   နေပြည် တော်တွင်ရှိသည့် စက်သုံးဆီအရောင်းဆိုင် များတွင်       စမ်းသပ်အသုံးပြုလျက်ရှိပြီး Software     အား      လိုအပ်ချက်တချို့  ပြင်ဆင်မွမ်းမံ၍   ယခုမတ်လအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေးနယ်နိမိတ်  တွင်ရှိသည့်      စက်သုံးဆီအရောင်းဆိုင် (၃၀၀) ကျော် အသုံးပြုနိုင်ရန်  စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း။


စားအုန်းဆီဈေးနှုန်းနှင့်ပတ်သက်ပြီး  ပြည်တွင်းဈေးကွက်တွင်     ရောင်းဝယ် ဖောက်ကားရမည့်     အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန် ပေးလျက်ရှိပါကြောင်း၊ စားသုံးဆီများကိုနေပြည်တော်အပါအဝင် တိုင်းဒေသကြီး/  ပြည်နယ်အလိုက်     လိုအပ်ချက်များကို စိစစ်၍  စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိပြီး  ဈေးကွက်/ ဈေးနှုန်း   တည်ငြိမ်စေရေး အတွက်  ဆောင်ရွက်လျက်ရှိပါကြောင်း။ 


နေပြည်တော်အပါအဝင် အခြားတိုင်း ဒေသကြီး/ပြည်နယ်အလိုက် အစိုးရအဖွဲ့ များ၏     လမ်းညွှန်မှုနှင့်     သက်ဆိုင်ရာ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ  ကြီးကြပ်၍ မြို့နယ်များအထိ စားသုံးဆီ ဖြန့်ဖြူးရရှိသည့်အရေအတွက် သတ်မှတ်  ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ စားသုံးဆီလက်ဝယ်ရရှိခြင်း ရှိ/မရှိ တို့ကို စိစစ်ကြပ်မတ်        ဆောင်ရွက်စေလျက် ရှိပါကြောင်း။


ပို့ကုန်ရငွေ     ပြန်လည်ဝင်ရောက်မှု အနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ (၁,၃၀၁) ခုမှ အမေရိကန်ဒေါ်လာ (၂၈၃.၃၆) သန်း၊ တရုတ်ယွမ်  (၃၂၁. ၈၀)  သန်းနှင့်  ထိုင်းဘတ်  (၈၇၆.၁၅)  သန်း      ဝင်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကာလတူ ဖြစ်သော ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကုမ္ပဏီ (၂၁၅) ခုမှ အမေရိကန်ဒေါ်လာ  (၄၅.၁၄)  သန်း၊ တရုတ်ယွမ် (၁၀၉) သန်းနှင့် ထိုင်း ဘတ်  (၁၈၇.၆၇) သန်းသာ ဝင်ရောက်ခဲ့ သဖြင့် ကာလတူထက်ကုမ္ပဏီ (၁,၀၈၆) ခုမှ အမေရိကန် ဒေါ်လာ (၂၃၈.၂၂) သန်း၊ တရုတ်ယွမ် (၂၁၂.၈၀) သန်းနှင့် ထိုင်း ဘတ်  (၆၈၈. ၄၈) သန်း ပိုမိုဝင်ရောက်ခဲ့ သည်ကို တွေ့ရှိရပါကြောင်း။ 


အရေးယူဆောင်ရွက်


ပို့ကုန်ရငွေပေးသွင်းရန်     ကျန်ရှိနေ သေးသည့်       ကုမ္ပဏီများကိုလည်း သတ်မှတ်ကာလအတွင်း   ပေးသွင်းခြင်း မရှိပါက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံး လုပ်နည်းများအတိုင်း            အရေးယူ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ပို့ကုန်၊   သွင်းကုန်   ငွေကြေးဆိုင်ရာ မူဝါဒများအား       ယခင်ဗဟိုကော်မတီ အစည်းအဝေး    (1/2024)    ပါအတိုင်း ဆက်လက်         ဆောင်ရွက်စေလျက်ရှိပါ ကြောင်း၊   သက်ဆိုင်ရာ   ဝန်ကြီးဌာနများ အနေဖြင့်  2023  - 2024 ဘဏ္ဍာရေးနှစ် မကုန်မီ      လျာထားချက်ပြည့်မီအောင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလေး ထား ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း။ 


ကူညီဖြေရှင်းဆောင်ရွက်ပေးရမည်

ပြည်ပသို့ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့ နိုင်ရေးနှင့်ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင် များ၏  အခက်အခဲများကို     သိအောင် လေ့လာပြီး    ကုန်သွယ်မှုနှင့်    ကုန်စည် စီးဆင်းမှုများ   မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေဖြင့်   ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊  ကုန်သွယ်မှုလုပ်ငန်းများတွင် အခက်အခဲ ဖြစ်နေမှုများနှင့် ကြန့်ကြာနေမှုများကို သိရှိအောင်လေ့လာပြီး ဖြေရှင်းရမည့်အစီ အမံများကို      သက်ဆိုင်ရာဝန်ကြီးဌာန များမှ    အမြန်ဆုံးတင်ပြပေးရန်လိုအပ် ပါကြောင်း။


ပြည်တွင်း/ ပြည်ပ      ကုန်သွယ်မှု လုပ်ငန်းများ  ဆောင်ရွက်ရာတွင် ပြည်သူ    လူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ကုန်သွယ်မှုလုပ်ငန်း များ       နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့်     ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန် ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေး တို့ကို   အဓိကထား  ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တက်ရောက်လာကြ သည့်     ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအနေဖြင့်          ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း။


ထို့နောက်   အစည်းအဝေးသို့  တက် ရောက်လာကြသည့် ဗဟိုကော်မတီအဖွဲ့ ဝင်များနှင့် အထူးဖိတ်ကြားထားသူများက  သက်ဆိုင်ရာကဏ္ဍအလိုက်     ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ကြသည်။


ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး     ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်    ဗိုလ်ချုပ်ကြီး      မြထွန်းဦးက  ရှင်းလင်းဆွေးနွေး     တင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး  နိဂုံးချုပ်    အမှာစကား      ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်