
နေပြည်တော် မတ် ၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ သည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ” ကို ၂၀၂၄ ခုနှစ် မတ် ၇ ရက်မှ ၁၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးအဆိုပါပြိုင်ပွဲသို့ အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားကို စိတ်ပါဝင်စား သည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို(အခမဲ့) လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။ သတင်းစဉ်