ကိုယ့်အိမ်ကိုယ်ကာကွယ်ရန် မိသားစုတိုင်းတာဝန် .. ကိုယ့်ပြည်ထောင်စုကိုယ်ကာကွယ်ရန် ပြည်ထောင်စုသားတိုင်းတာဝန် …

Type

 

တက္ကသိုလ်မြတ်သူ
 

    ဇာတိချက်ကြွေ၊    ရန်အောင်မြေနှင့်၊    
    သွန်းရေခံရာ၊  ခန်းဝါထင်ရှား၊ 
    ဤသုံးပါး-မေ့ငြားမရှိရာ။


မဟာမင်းလှမင်းခေါင်   ဦးရွှန်း  ရေးဖွဲ့ခဲ့သော  မဟာသုတသောမ ပျို့နိဒါန်းတွင် လူတို့ တစ်သက်ဘဝခရီးတစ်လျှောက် မမေ့အပ်သော နေရာဒေသသုံးခုကို ဖော်ညွှန်း ပြခဲ့ပေသည်။ (၁) မိမိတို့ဇာတိချက်ကြွေ မွေးရပ်မြေဆိုသည်မှာ မြန်မာတို့အတွက်မူ ဤမြန်မာ့မြေ   မြန်မာ ပြည်ထောင်စုပိုင်နက်  နယ်မြေသည်  မြန်မာအားလုံး  မမေ့မလျော့ ရှိရမည့်မြေဖြစ်သည်။ (၂) ရန်အောင်မြေဆိုသည်မှာ ရှေးဘုရင်များအဖို့ ရန်သူနှင့် တိုက်ခိုက်၍ အောင်မြင်သော နေရာဒေသကိုလည်း မမေ့ရ ဟု ဆိုပါသည်။ (၃) မြန်မာတိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ဆိုရပါမူ နိုင်ငံကိုကျူးကျော်၊  ကျွန်ပြု၊  ဖိနှိပ်၊  ညှဉ်းပန်း၊  သွေးစုပ် ခြယ်လှယ်သော နယ်ချဲ့သမားတို့လက်မှ မြန်မာ့မြေ၊ မြန်မာပြည်သူ အားလုံးတို့၏ အချုပ်အခြာအာဏာကို ပြန်လည်တိုက်ယူအောင်မြင် ခဲ့သဖြင့် ၄-၁-၁၉၄၈ ရက်နေ့တွင် လွတ်လပ်ရေးပြန်ရခဲ့သည်။ ထိုနေ့ ထိုရက်၊   ထိုအောင်ပွဲကြောင့်  မြန်မာတို့လက်  ပြန်ရောက်လာသော လွတ်လပ်ရေး၊   လွတ်လပ်သည့် မြန်မာပြည်ထောင်စုမြေ၊ မြန်မာ့မြေ၊ မြန်မာဘိုးဘွားအမွေအနှစ်မှ မြန်မာ့မြေကိုလည်း  အစဉ်သတိတရ တန်ဖိုးထားကြရပေမည်။


လွတ်လပ်ရေးရသည့် ၄-၁-၁၉၄၈ ရက်နေ့ မြန်မာတို့က ကမ္ဘာသိ ထုတ်ပြန်ကြေညာသော လွတ်လပ်ရေးကြေညာစာတမ်းတွင် “ငါတို့၏ လွတ်လပ်ရေးကို  ငါတို့  ချစ်မြတ်နိုးသည်နှင့်အညီ  တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည်။  ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။ ဤ ငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန်  ကြားသိ စေသတည်း။’’ 


အာဏာလုတိုက်ခိုက် သတ်ဖြတ်ပွဲ၊  
အကြမ်းဖက်သောင်းကျန်းမှုကြီး ဖြစ်ပွားစေခဲ့


တိုင်းရင်းသားစုံ  မြန်မာပြည်သူအားလုံးက  လွတ်လပ်လာသော နိုင်ငံတော်တွင်  ရေ၊ မြေကောင်း၊  သယံဇာတ၊   ဓနဥစ္စာ  ရတနာ ကြွယ်ဝသဖြင့်  လွတ်လပ်ပြီး  မကြာမီ  ချမ်းသာကြွယ်ဝလာသော နိုင်ငံတော်၏ အသီးအပွင့် လွတ်လပ်သည့်အရသာ ခံစား စံစားနိုင်ကြ တော့မည်ဟု မျှော်လင့်တွက်ဆကာ  ပထမဆုံးသော  လွတ်လပ်ရေး အောင်ပွဲကို  အူလှိုက်သည်းလှိုက်  ပျော်ပျော်ပါးပါး၊  ပီတိတဝေဝေ ဖြင့် ဆင်နွှဲခဲ့ကြသည်။ ပြည်သူများ၏ ထိုသို့ တရားမျှတ၍ သဘာဝ ကျသောဆန္ဒကို  ဖြည့်ဆည်းပေးကြမည့်အစား   ပြည်သူတွေအသက် ဖက်နှင့်ထုပ် ပြေးနေရအောင်   အာဏာလုတိုက်ခိုက်   သတ်ဖြတ်ပွဲ၊  အကြမ်းဖက်သောင်းကျန်းမှုကြီး ဖြစ်ပွားစေခဲ့ကြသည်။


မည်သို့ဆိုစေ နိုင်ငံတော်တွင် အရေးကြုံတိုင်း ဝင်ရောက်ထိန်းသိမ်း ကာကွယ်ပေးရသော မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်သူ တို့နှင့်  တစ်သက်မခွဲ၊   အမြဲလက်တွဲ   ဆောင်ရွက်ခဲ့ကြပေသည်။ ပြည်ထောင်စုမှ  ခွဲထွက်ပြီး  သီးခြားနိုင်ငံ  ထူထောင်ရန်   မျိုးဖျက်၊ ပြည်ဖျက်များက အကွက်ဖန်လာတိုင်း တပ်မတော်က အခွဲမခံ၊ အကွဲ မခံ  သေနတ်တပြင်ပြင်လုပ်ရုံရှိသေးသည်၊  တိုင်းရင်းသားပြည်သူများက ထိုခွဲထွက်မှုကို ဆန့်ကျင်ကြ၊ ကန့်ကွက်ကြ၊ ရှုတ်ချကြဖြင့် ရှေ့တန်းက ထွက်လာကြပေသည်။  
ယနေ့ခေတ်တွင် အနောက်နယ်ချဲ့ရုပ်သေးရုပ်များက မြန်မာနိုင်ငံ ကို အာဏာရယူပြီး နယ်ချဲ့လက်သို့ အဖိုးအခယူရောင်းစားရန် မဲလိမ်၊ မဲခိုး၊ မသမာပစ္စည်းမျိုးစုံဖြင့် လုပ်လာကြရာမှ သိကြသည့်အတိုင်း ရဟန်းသံဃာအပါး ၇၀ ကျော်၊ သီလရှင်နှစ်ပါး၊  ကျောင်းသား၊   ဆရာ၊ ဆရာဝန်၊ ဝန်ထမ်း၊ ပြည်သူ ၆၀၀၀ ကျော်ကို အကြောင်းမဲ့ သတ် ဖြတ်ကြ၊ အစိုးရငွေ၊ ဘဏ်ငွေ၊ ပုဂ္ဂလိက ရွှေငွေပစ္စည်းများဓားပြတိုက် လုယက်လာကြသည့် အကြမ်းဖက်နိုင်ငံသစ္စာဖောက်များ ထကြွလာ သည်။  ငွေကြေး၊ လက်နက်၊ စစ်ရေးအကူအညီ၊ ငွေလိမ်ဖြန့်  ဗန်းတင် ပေးလေသဖြင့် NUG ၊ PDF များ၊  ကမ္ဘာကျော် မူးယစ်ဆေးဝါးရာဇာ၊ လောင်းကစားလူလိမ်ဂိုဏ်း၊ လူသတ်ဆက်ကြေးကောက်၊ ဓားပြတိုက် နေကြသော MNDAA ၊TNLA ၊ AA ၊  KIA စသည့် အကြမ်းဖက် အဖွဲ့များ က ပြည်ထောင်စုပြိုကွဲစေရန်  အင်အားအလုံးအရင်းဖြင့် အကြမ်းဖက် တိုက်ခိုက်လာခဲ့သည်။ တပ်မတော်က ပြန်လည်ချေမှုန်း ချိန်တန်သည် နှင့် ဆက်တိုက်ချေမှုန်းနေရပေသည်။ 


နိုင်ငံတော်ကိုငြိမ်းချမ်းစေပြီး  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ ပြည်သူတို့   ဦးထမ်းပဲ့ထမ်းပါဝင် ဆောင်ရွက်ကြရမြဲဖြစ်
ပြည်သူများ၊    စာနယ်ဇင်းအချို့မှ   ကလောင်သမားများက တပ်မတော်အနေဖြင့်  ချေမှုန်းသင့်ပြီ၊   ပြည်သူတို့ကလည်း  ပါဝင် ချေမှုန်းလိုကြပြီ၊  လက်နက်သာ  ထုတ်ပေးပါ စသည်ဖြင့်   မြင်ရာ၊  တွေ့ရာ ရေးသားဖော်ပြကြသည်။ လက်တွေ့ ထိုအကြမ်းဖက်သတ်ဖြတ်၊ လုယက်၊ မီးရှို့ ၊ ဖောက်ခွဲဖျက်ဆီးခံနေရသော ကျေးလက်ပြည်သူများစွာ ကလည်း လူမဆန်သော  အကြမ်းဖက်များကို သူတို့  ပါဝင်ချေမှုန်း လိုပြီဆိုသောအသံများ  နေရာများစွာမှ ပေါ်ထွက်လာသည်။ နိုင်ငံ တစ်ခု မပြိုကွဲအောင်၊  ကျွန်ပြန်မဖြစ်အောင်  ထိန်းသိမ်းကာကွယ်ရာ၌ လည်းကောင်း၊ နိုင်ငံတော်ကို ငြိမ်းချမ်းစေပြီး  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာလည်းကောင်း   ပြည်သူတို့   ဦးထမ်းပဲ့ထမ်းပါဝင် ဆောင်ရွက်ကြရမြဲဖြစ်သည်။ ထို့ကြောင့် ပြည်ဖျက်ရန်မှန်သမျှ ချေမှုန်း ရန် တက်ကြွဖျတ်လတ်သော လူငယ်လူလတ် တိုင်းရင်းသား ပြည်သူ များ  ပူးပေါင်းပါဝင်ချိန်  ရောက်ပါပြီ။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)   အခန်း   (၇) တပ်မတော်ခေါင်းစဉ်အောက်မှ ပုဒ်မ ၃၉၉ တွင်-


ပုဒ်မ ၃၃၉        ။     ။    “နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက်  တပ်မတော်က ဦးဆောင်ရမည်”  ဟူ၍လည်း ကောင်း။


ပုဒ်မ ၃၄၀ တွင် “တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီ၏   သဘောတူညီချက်ဖြင့်    နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင် ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့်  ပြည်သူ့စစ်မဟာ ဗျူဟာကို ဖော်ဆောင်ရမည်” ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည်။


၂၀၀၈ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့်တာဝန်များ ခေါင်းစဉ်အောက်တွင်-
ပုဒ်မ ၃၈၃    ။        ။    နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်း ရန် တာဝန်ရှိသည် -     
    (က)    ပြည်ထောင်စုမပြိုကွဲရေး
    ( ခ )    တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
    ( ဂ )    အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး


ပုဒ်မ ၃၈၅    ။    ။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ် သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။
ပုဒ်မ ၃၈၆    ။    ။    နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ရန် တာဝန်ရှိသည်။
နိုင်ငံတော်လုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ချိန်တွင် တိုင်းရင်းသား ပြည်သူများပါ (ဥပဒေဖြင့်သတ်မှတ်ထားသည့် အသက် အရွယ်၊ အနေအထားအတိုင်း) စစ်မှုထမ်းနိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄  ရက်နေ့တွင်  နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သည်။ 
ယင်းဥပဒေပုဒ်မ(၁) ပုဒ်မခွဲ(ခ)အရ အဆိုပါဥပဒေ ၂၇/၂၀၁၀ အာဏာတည်ကြောင်း    သတ်မှတ်ပြဋ္ဌာန်းရပေသည်။     သို့ဖြစ်၍   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၀-၂-၂၀၂၄ ရက်နေ့ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၂၄ ဖြင့် အောက်ပါအတိုင်း ကြေညာလိုက်သည်- 
“၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှု ထမ်း ဥပဒေသည်  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊  ပုဒ်မခွဲ(ခ)အရ သတ်မှတ်သော   အမိန့်ညွှန်ကြားချက်ပါရှိကာ    မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး    ဥက္ကဋ္ဌ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လက်မှတ်ရေးထိုး ထုတ်ပြန်သည်။      


လိုအပ်သော   နည်းဥပဒေများ၊  လုပ်ထုံးလုပ်နည်းများ၊   အမိန့် ကြော်ငြာစာနှင့်  ညွှန်ကြားချက်များကို  ကာကွယ်ရေးဝန်ကြီးဌာနက   ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


၁၃-၂-၂၀၂၄ ရက်နေ့  သတင်းများအရ   စစ်မှုထမ်းဥပဒေကို ဆောင်ရွက် အကောင်အထည်ဖော်ရာတွင် ကြီးကြပ်ရန် ဝန်ကြီးဌာန များမှ ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ ပါဝင်ဖွဲ့စည်းထား ကြောင်း သိရသည်။  နိုင်ငံတော်ကာကွယ်ရေးကို   တပ်မတော်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသား၊ လူငယ် လူရွယ်များ၊ မျိုးချစ်စိတ်ဓာတ်ကိုယ်စီဖြင့် မိမိနိုင်ငံ၊ မိမိနိုင်ငံသား၊ မိမိတို့ လွတ်လပ် ရေးကို ကာကွယ်လိုစိတ်ရှိကြပြီး လိုအပ်လာလျှင် ကာကွယ်နိုင်စွမ်းရှိ အောင် စစ်ပညာ (ရန်ပုံခွင်းအခြေခံ)ရအောင် လေ့ကျင့်ခြင်းကို အဓိက လုပ်ဆောင်ကြရမည်ဖြစ်သည်။


ပြည်သူတို့ကိုယ်တိုင်တပ်မတော်နှင့်အတူ
လက်တွဲသုတ်သင်ချေမှုန်းရန်လမ်းပွင့်သွားပြီဖြစ်


တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပိုင်သော အချုပ်အခြာအာဏာ၊ ပြည်သူတို့၏  ပိုင်နက်နယ်မြေ၊  ပြည်သူတို့လိုအပ်သော  ပြည်တွင်း ငြိမ်းချမ်းရေး၊   တိုးတက်ဖွံ့ဖြိုး  သာယာဝပြောရေးကို   ဆန့်ကျင် နှောင့်ယှက်၊ ဖျက်လိုဖျက်ဆီးလုပ်နေကြသော အမျိုးသားသစ္စာဖောက်၊ အကြမ်းဖက်အဖျက်သမားများကို ပြည်သူတို့ကိုယ်တိုင် တပ်မတော် နှင့်အတူ(ရှေးအစဉ်အလာအတိုင်း)  လက်တွဲသုတ်သင်  ချေမှုန်းရန် လမ်းပွင့်သွားပြီဖြစ်ပေသည်။


နိုင်ငံအတွက် လိုအပ်ချိန်တွင် ပြည်သူများထဲမှ လူငယ်လူရွယ်များ ကိုယ်တိုင် ကိုယ့်နိုင်ငံကိုယ် ကာကွယ်ရန်အလို့ငှာ စစ်မှုထမ်းဥပဒေကို နိုင်ငံများတွင်  ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အမေရိကန်တွင် အရွယ် ရောက်သူတိုင်း သုံးနှစ်စစ်မှုမထမ်းမနေရ   ဥပဒေပြဋ္ဌာန်းထားပေသည်။ ဒီမိုကရက်တစ်သမ္မတ  ဘေလ်ကလင်တန်၊   ရီပတ်ဘလိကင်သမ္မတ ဂျော့ဘုရှ်(ဂျူနီယာ)၊ ကမ္ဘာကျော်လက်ဝှေ့ချန်ပီယံ ကဆီယက်ကလေး (မိုဟာမက်အလီ)သည် စစ်မှုမထမ်းရရန် ပတ်ပြေး ရှောင်ပြေးခဲ့သူများ အဖြစ် စာနယ်ဇင်းသတင်းများ၌ တွေ့ရသည်။


အမေရိကန်အပါအဝင်   အနောက်အုပ်စုနယ်ချဲ့နိုင်ငံများသည် ကမ္ဘာ့နိုင်ငံများကို  အသားလွတ်  ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ကာ ထိုနိုင်ငံမှ ရွှေ၊ ငွေ၊ စိန်  ကျောက်မျက်ရတနာများ၊ ရေနံ၊ သစ်၊ စိုက်ပျိုး ထွက်ကုန်များ၊ စက်မှုသုံး ဓာတ်သတ္တုသယံဇာတများကို ဓားပြတိုက် သလို လုယက်ယူငင်ပြီး ချမ်းသာလာသော နိုင်ငံများဖြစ်သည်။ 


အမေရိကန်သည် ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲ၊ ဆာဘီးယားစစ်ပွဲ၊ ဆီးရီးယားစစ်ပွဲနှင့် အာဖရိကမှ စစ်ပွဲများစွာကို  ဖန်တီးသော   နယ်ချဲ့စစ်ဝါဒီကြီးများဖြစ်ပေသည်။ အမေရိကန်တွင် အရွယ်ရောက်သူတိုင်း သုံးနှစ် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်သားသစ်များခေါ်ကာ ကျူးကျော်စစ်ပွဲများနှင့် ရှေ့တန်း တင် အသေခံတိုက်ခိုက်စေခဲ့သဖြင့် နယ်ချဲ့ရန်  ဆင့်ခေါ်စစ်သားများ အသုံးချသလိုဖြစ်ခဲ့သည်။ ရှေ့တန်း(ကျူးကျော်စစ်)များ၌  သေစရာရှိ ထိုသုံးနှစ် စစ်မှုထမ်းများစွာ သေရသည်။ မိသားစုက သင်္ဂြိုဟ်ရန် အလောင်း၊ အရိုးပြာ၊ အရိုးတစ်ချောင်းပင် ပြန်မရသော ဗီယက်နမ် ကျူးကျော်စစ်ကို အမေရိကန်ပြည်သူများကိုယ်တိုင် ကန့်ကွက်ဆန္ဒပြ ခဲ့ကြခြင်းမှာ သူတို့လင်၊ သူတို့မောင်၊ သူတို့သား၊  သူတို့တူများကို စစ်မှုထမ်းခိုင်းပြီး ကျူးကျော်စစ်များ၌ အသေခံခိုင်းသဖြင့် ကန့်ကွက် ကြခြင်းဖြစ်သည်။


ဒုတိယကမ္ဘာစစ်မဖြစ်မီ  ဂျာမနီမှ  ဟစ်တလာက  ဆိုဗီယက်မှ စတာလင်နှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတိုက်ခိုက်ရေး စာချုပ်ချုပ်ခဲ့ကြ သည်။ ကမ္ဘာစစ်အတွင်း ဂျာမန်တပ်များအတွက်  လောင်စာဆီများ လိုအပ်သောအခါ ဟစ်တလာသည် ဆိုဗီယက် ရုရှားကို ကျူးကျော် တိုက်ခိုက်၏။   အင်အားသန်းချီသော  ဆိုဗီယက်တပ်များအပြင် စတာလင်က အရန်ပါတီဝင်များ၊ ပြည်သူများကို စစ်မှုထမ်းရန် ခေါ်ယူ ရာ ပြည်သူများ သန်းချီ၍ စစ်မှုထမ်းကြကာ ဂျာမန်ရန်ကို တိုက်ထုတ် ခဲ့ရာ ဂျာမန်တို့ စစ်ရှုံးခဲ့ရသည်။ စစ်မှုထမ်းပြည်သူများကို မိမိနိုင်ငံ အတွက် တရားသဖြင့် အသုံးပြုသော ဆိုဗီယက်နှင့်  မတရားသဖြင့် အသုံးပြုသော ဗီယက်နမ်စစ်ပွဲမှ အမေရိကန် အရပ်သား စစ်မှုထမ်း အကြောင်း နှိုင်းယှဉ်ပြခြင်းဖြစ်ပါသည်။


မြန်မာနိုင်ငံတွင်လည်း ဗကပ သောင်းကျန်းစဉ်ကပင် အသက် ၁၀ နှစ်မှအထက် တိုင်းရင်းသားကလေးသူငယ်များကို တပ်သားအသစ် စုဆောင်းကာ ရှေ့တန်းမှတင်၍  အသေခံခိုင်းကာ  တိုက်ခဲ့သည်။ ထို့ကြောင့်လည်း ဗကပလက်အောက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ဗကပကို တော်လှန်ခဲ့ကြသည်။ ယနေ့ CRPH, NUG ကဲ့သို့ NLD  ပြည်ပြေးများသည် အမေရိကန်တွင်   မိသားစုလိုက် တိုက်ဝယ်၊ ကုန်တိုက်ဖွင့် စီးပွားရှာ ဇိမ်ကျနေကြပြီး  တော်လှန်ရေး လုပ်သည်ဆိုကာ PDF အဖွဲ့ဝင် လူငယ်များကို  အကြမ်းဖက်ပြည်ဖျက် လူသတ်ခိုင်းရင်း အသေခံနေကြရသည်။


လူငယ်လူရွယ်များ မိမိနိုင်ငံကို ကာကွယ်လိုစိတ်နှင့်ကာကွယ်နိုင်စွမ်း စစ်ပညာလေ့ကျင့်တတ်မြောက်ထားရုံမျှသာရည်ရွယ် 
NUG မှ အလှူခံရသမျှ PDF  တို့ ဝေစုမရ၍ လုယက်ဓားပြတိုက် နေကြရသည်။ ကယားမှ KNPP၊ ကရင်မှ KNU ခွဲထွက်များ၊ MNDAA၊  KIA ၊  TNLA ၊ AA တို့ကလည်း PDF များကို အသေခံတိုက်ခိုင်းနေကြသည်။ PDF တို့သည် မူးယစ်ရာဇာ  ကိုယ်ကျိုးရှာအုပ်စုများ၏  စစ်မှုထမ်း အသေခံများ ဖြစ်နေကြရာ ယနေ့မြန်မာနိုင်ငံမှ စစ်မှုထမ်း ဥပဒေကို လက်တွေ့အကောင်ထည်ဖော်သောအခါ  ကန့်သတ်အသက်ပြည့်မီသူ တိုင်းအား စစ်မှုထမ်းခိုင်းမည်မဟုတ်။ လူငယ်လူရွယ်များ မိမိနိုင်ငံကို ကာကွယ်လိုစိတ်နှင့် ကာကွယ်နိုင်စွမ်း စစ်ပညာ လေ့ကျင့်တတ်မြောက် ထားရုံမျှသာ ရည်ရွယ်ထားသည်ဟု သိရသည်။


ယနေ့မြန်မာနိုင်ငံတွင် အခြေခံဥပဒေအရ လက်ရှိအခြေအနေအရ ပြည်ထောင်စုအကျိုး၊   ပြည်ထောင်စုသားတို့    အကျိုးအတွက် တိုင်းဖျက်၊ ပြည်ဖျက် အကျင့်ပျက်၊ စာရိတ္တပျက်၊  လူမှုကျင့်ဝတ်ပျက် အကြမ်းဖက်မိစ္ဆာများကို ပြည်သူနှင့်တပ်မတော် ပူးပေါင်းတိုက်ခိုက် ချေမှုန်းကာ ပြည်ထောင်စုသားများနှင့် ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရမည့်အချိန်တွင်   စစ်မှုထမ်းဥပဒေ   အသက်ဝင်လာ သည်မှာ  ပြည်ထောင်စုကြီးအတွက်  ကြီးမြတ်သော အခွင့်အလမ်း ကြီး တစ်ရပ်ဖြစ်ကြောင်းပါခင်ဗျာ။    ။