နေပြည်တော် ဖေဖော်ဝါရီ ၁
၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ရန် ရောက်ရှိနေကြသည့် နိုင်ငံကျော်အနုပညာ ရှင်များနှင့် အကယ်ဒမီရွှေကြိုများသည် ယနေ့ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြသည်။
လေ့လာ
ဦးစွာ နိုင်ငံကျော်အနုပညာရှင်များနှင့် အကယ်ဒမီရွှေကြိုများသည် ဗုဒ္ဓဥယျာဉ် တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံ ငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်း အနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်း များ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ် တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော် ကြီးအား အစိတ်အပိုင်း (၄) ပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော် ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းဓာတ်ပုံများကို လေ့လာကြ သည်။
ဆက်လက်၍ မော်ကွန်းတိုက်၌ မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပက အဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော် မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ ကျောက်စာရုံ စေတီတော်များ တည်ထားဆောင်ရွက်ခဲ့ မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနား ကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော် နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ပြသသည်။
လေ့လာကြည့်ရှု
ထို့နောက် အနုပညာရှင်အဖွဲ့များ သည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များအသုံးပြု၍ တည်ဆောက် ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။
ယင်းနောက် အနုပညာရှင်အဖွဲ့များ သည် ဗိသုကာလက်ရာများဖြင့် ခမ်းနား ထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြား သာသနိက အဆောက်အအုံများကို ဆက်လက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြ သည်။
လာရောက်ဖူးမြော်လျက်ရှိ
အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်