ပြည်ထောင်စုအောင်သံ

 

l    တစ်ယောက်တည်းအား၊ ပေါင်းစုအားတို့
    ခြားနားမှုလျှင်၊ ပြက်ပြက်ထင်မို့
    ရင်လွှာပိုက်စွဲ၊ စဉ်အမြဲလျှင်
    ချွတ်လွဲမရှိ၊ ကျင့်ကြံဘိသော်
    ထိပါးရန်သူ၊ ကျူးလိုသူကို
    လွယ်ကူဖြိုခွင်း ရန်မြူရှင်း...။
l    မျိုးတူရာစု၊ အင်အားစုဖြင့်
    ထုထည်ခိုင်ဖြီး၊ ရှိန်ဝါကြီးသော်
    ဝေးနီးချောင်းမြောင်း၊ ရန်အပေါင်းကို
    ထောင်းထောင်းညက်ကြေ၊ နောင်ကြဉ်လေအောင်
    ချေဖျက်နိုင်ကြ၊ သာဓကလျှင်
    သုံးချနည်းယူ၊ ဖျက်ရန်သူကို
    လွယ်ကူနှိမ်နင်း၊ ရန်မာန်ရှင်း...။
l    အကယ်စင်ကား၊ ညီနောင်များတွင်
    များပြားလှစွာ၊ သင်ခန်းစာတို့
    ရင်လွှာမှတ်စွဲ၊ ရှိနေဆဲမင့်
    အေးခဲမေ့လျော့
    ပေါ့ဆစွာလျှင်၊ မဆင်ခြင်မူ
    မထင်ဖြိုးဖျပ်၊ ဆုံးရှုံးတတ်သည်
    လွတ်လပ်ရေးလည်း ပျောက်လွင့်ဝဲ...။
    ပြန်လည်ရဖို့ လွန်ခက်ခဲ...။
l    ပဝေရှေးမှ၊ ခုကာလထိ
    ညွှန်းပြလောက်စွာ၊ တူမကွာလျှင်
    မေတ္တာတုံ့နှင်း၊ နောင်ညီရင်းတို့
    လက်ချင်းယှက်လျက်၊ ဘုန်းရှိန်ထက်သော်
    လွင့်တက်အောင်လံ၊ အောင်တေးသံတို့
    နဘံထက်တိုင်၊ ပဲ့တင်လှိုင်သည်
    နိုင်ငံတို့ကြား လွန်ခန့်ညား...။
    ပြည်ထောင်စုကြီး ဂုဏ်မြင့်မား...။
l    “ညီညွတ်ခြင်း”သည်၊ “အင်အား”မည်မို့
    ခိုင်ကျည်လက်တွဲ၊ ချိတ်ဆက်မြဲပြီ
    သင်လည်းပါဝင် အားဖြည့်လှမ်း...။
    ပြည်ထောင်စုကြီး အောင်သံလွှမ်း...။        ။   

 

မောင်စိမ်းနောင်(လယ်ဝေး)