နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသအတွင်းဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများတိုးမြှင့်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁


နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ    အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊   နေပြည် တော်       စည်ပင်သာယာရေး ကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင်      နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ  မင်္ဂလာကန် သာယာလှပရေးလုပ်ငန်း  ဆောင် ရွက်နေမှု     အခြေအနေများကို  ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန်သည် တာဝန်ရှိ သူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား - တောင်ညိုလမ်းဘေး ရှိ  မင်္ဂလာကန် အမှတ်(၃)အတွင်း နုန်းသဲများပို့ချမှုကြောင့် တိမ်ကော လာသည့်အတွက် အင်ဂျင်နီယာ ဌာန(ရေနှင့်သန့်ရှင်းမှု)မှ Amphi-bious၊ Excavatorနှင့် မြေသယ် ယာဉ်များအသုံးပြုပြီး နုန်းတူးဖော် ဆယ်ယူ     စွန့်ပစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို     ကြည့်ရှု စစ်ဆေးပြီး   အများပြည်သူများ အပန်းဖြေနားနေနိုင်ရန်    ကန် ပတ်လည်   သာယာလှပရေးနှင့် ရေပြင်    ကြည်လင်သန့်ရှင်းရေး ကို   အမြဲမပြတ်ဆောင်ရွက်ရန်၊ သတ်မှတ်ရေ   အနက်ရရှိအောင် ဆောင်ရွက်ရန်နှင့် ကန်အတွင်းမှ ဆယ်ယူစွန့်ပစ်သည့်နုန်းမြေများကို မြို့သာယာလှပရေးအတွက် စိုက်ပျိုးထားရှိသည့်    သစ်ပင် ပန်းမန်များတွင် မြေဩဇာအဖြစ် စနစ်တကျ ပြန်လည်အသုံးပြုနိုင် ရေးဆောင်ရွက်ကြရန် မှာကြား သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များ သည်   နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပ သည့်       နေပြည်တော်အတွင်း သီးနှံများ  ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဒေသအတွင်းဆီ ဖူလုံရေး နှင့် ကုန်ထုတ်လုပ်ငန်းများတိုးမြှင့် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင်  နေပြည် တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုး ရေးကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း တိုးတက်ထွက်ရှိရေး    ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့်     ပန်းတိုင် အထွက်နှုန်း      တိုးတက်ရရှိရေး အတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်း စနစ်များကို လိုက်နာကျင့်သုံးစေ ရေးအတွက်   သက်ဆိုင်ရာဌာန များက ဆောင်ရွက်ကြရန် ပြော ကြားသည်။


ထို့နောက်  တက်ရောက်လာ ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများက  နေပြည်တော်အတွင်း သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ ရေး၊ ဒေသအတွင်းဆီဖူလုံရေးနှင့် ကုန်ထုတ်လုပ်ငန်းများ   တိုးမြှင့် ရေးလုပ်ငန်းများနှင့်  စပ်လျဉ်း၍  လက်ရှိ     ဆောင်ရွက်နေမှုနှင့် ဆက်လက်    ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို     ရှင်းလင်း တင်ပြကြပြီး    နေပြည်တော် ကောင်စီအဖွဲ့ဝင်     ဗိုလ်မှူးကြီး မင်းနောင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ယင်းနောက်   နေပြည်တော် ကောင်စီဥက္ကဋ္ဌက   တင်ပြချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ဆက်လက်၍   နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များ သည်   (၇၇)      နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ ရိုးရာယဉ်ကျေးမှု    အကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်း ဒေသကြီးနှင့်     ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု   ကိုယ် စားလှယ်အဖွဲ့များ တည်းခိုနေထိုင် မည့် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည် တော်   အားကစားလေ့ကျင့်ရေး စခန်းသို့ သွားရောက်၍ ဆေးပေး ခန်း၊   စာကြည့်တိုက်နှင့်    ဆပ် ကော်မတီရုံးခန်း၊ တည်းခိုဆောင် များနှင့်   စားရိပ်သာဆောင်များ ဆောင်ရွက်ထားရှိမှု   အခြေအနေ များကို      ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  လိုအပ်သည် များ   မှာကြားခဲ့ကြောင်း   သိရ သည်။


သတင်းစဉ်