
နေပြည်တော် ဖေဖော်ဝါရီ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄) ကိုကျင်းပ၍ ၆ လတာ ကာလအတွင်း နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလသက်တမ်းကို ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း။
သာမန်အခြေအနေပျက်ယွင်း
မိမိတို့ နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန် ကာလမှစ၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာ၌ မဲမသမာ မှုများကို ရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေး ဖော်ထုတ်သွားမည်ဆိုသည့် အချက်ပါဝင်ခဲ့ပြီး တစ်နှစ် ကျော် ကာလအတွင်း ဖော်ထုတ်ပြီးစီးခဲ့ကြောင်း၊ သို့သော် ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင် ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက သာမန်ဆန္ဒပြမှု များမှတစ်ဆင့် ဆူပူဆန္ဒပြမှုများ၊ ၎င်းမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေ ပျက်ယွင်း သွားကြောင်း၊ ထိုသို့ အကြမ်းဖက်တိုက်ခိုက်သည့် နည်းများဖြင့် ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုပါက အရေးပေါ်ကာလ ပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း။
အလားတူ EAO များနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် NCA လက်မှတ်ရေးထိုးထားသော EAO အဖွဲ့များ အနက် KNU မှ သဘောထားတင်းမာသူအချို့၊ CNF နှင့် ABSDF တို့သည် အကြမ်းဖက်လမ်းစဉ်တွင် ပါဝင်ခဲ့ကြောင်း၊ လက်မှတ်ရေးထိုးမထားသည့် အဖွဲ့ များထဲမှ KIA အဖွဲ့အနေဖြင့်လည်း နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို အကြမ်းဖက်တိုက်ခိုက် သည့် သင်တန်းများ၊ မိုင်းထောင်ဖောက်ခွဲသည့် သင်တန်းများ သင်ကြားပေးပြီး လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း၊ KNPP အဖွဲ့အနေဖြင့် ဆူပူ အကြမ်းဖက်မှုကိုလိုလားသည့် PDF အမည်ခံအကြမ်း ဖက်သမားများကို အကြမ်းဖက်သင်တန်းများ သင်ကြားပေးခြင်းနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ ပေးပြီး အကြောင်းအမျိုးမျိုးပြ၍ တိုက်ကွက်များ ဖော်လာခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းများသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ဆောင် မှုများဖြစ်ကြောင်း။
Drop Bomb များဖြင့် တိုက်ခိုက်ခဲ့
ထိုအထဲမှ MNDAA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် လောက်ကိုင်ဒေသကို အင်အားအလုံးအရင်းဖြင့် Drone များအသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တရား မဝင် လုပ်ငန်းများ၊ ၎င်းတို့၏မဟာမိတ်များမှ ထောက်ပံ့မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများမှရရှိခဲ့သည့် ငွေကြေးများဖြင့် အသုံး ပြုခဲ့ခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုသို့ MNDAA အဖွဲ့၏တိုက်ခိုက်မှုများ လုပ်ဆောင်နေမှုသည် သာမန် အခြေအနေကို ထိခိုက်စေသည့် လုပ်ရပ်များပင် ဖြစ်ကြောင်း။
လွှတ်တော်ခေါ်ယူဆောင်ရွက်သွားရမည်
မိမိတို့၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသော သိက္ခာရှိသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါဝင်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင် ပြီးစီးပါက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို လွှဲပြောင်း၍ ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော် ခေါ်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ချိန်တွင် စနစ်တကျဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကိုနိုင်ငံရေးအရ ဦးဆောင်မှု ပေးရန်ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းဆောင်ရွက်ရာတွင် လည်း တပ်မတော်မှ တာဝန်အရှိဆုံးပုဂ္ဂိုလ်များ၊ တိုင်းရင်းသားနှင့် ဒေသများမှ ကိုယ်စားလှယ် ခေါင်းဆောင်များကို ထည့်သွင်းဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ် လုပ်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်းရှိသူများကို ထည့်သွင်း ထားခြင်းဖြစ်ကြောင်း။
အကျိုးရှိစွာဖြင့်အသုံးချနိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် မူဝါဒ များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အမျိုးသား ရေး ရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာ ဝပြောရေး၊ စားရေရိက္ခာဖူလုံရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးမှာ များစွာကျယ်ပြန့် ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းပြီး လူတိုင်းအေးချမ်း သာယာစွာဖြင့် လူမှုစီးပွားဘဝများ တိုးတက်အောင် နေထိုင်လုပ်ကိုင် ဆောင်ရွက်နိုင်ပြီး အေးချမ်းစွာ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်၍လည်း အားလုံးပြေပြေ ပြစ်ပြစ် ရှိနေရန်လိုကြောင်း၊ သို့မှသာတိုင်းပြည် သာယာဝပြောမည် ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေး နှင့်ပတ်သက်၍လည်း နိုင်ငံတကာ၏ Food Security အရ မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံတစ်ခုဖြစ် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အခြေခံကောင်းများရှိပြီးဖြစ်သဖြင့် အကျိုး ရှိစွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း။
တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သွားရမည်
မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့် အမျိုးသားရေးရည်မှန်းချက်များကို မဏ္ဍိုင်ပြု၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ချမှတ်ထားသည့် မူဝါဒများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ ပထမအချက်အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြည် ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေး ထား ဆောင်ရွက်သွားမည်ဟု ချမှတ်ထားကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ချမှတ်ထားကြောင်း၊ အဓိက အားဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ဆောင် ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေး ထား လုပ်ဆောင်သွားမည်ဟု ချမှတ်ထားကြောင်း။
ပြည့်ဝစွာ အကောင်အထည်ဖော်
စတုတ္ထအချက်မှာ စစ်မှန်၍စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန် ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ချမှတ်ထား ကြောင်း၊ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍ သုံးရပ်ကိုကြည့်ပါက ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများကို ပေးအပ်ထား သော်လည်း ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ ကြောင်း၊ ဥပမာအားဖြင့် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများတွင် လွှတ်တော်တွင်လည်း ပြင်ဆင်ရေး နှင့် ပတ်သက်၍ မှတ်တမ်းသာတင်နိုင်ခဲ့ပြီး ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲမလုပ်နိုင်ခဲ့ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လက်ရှိ ဆောင်ရွက်နေသည့် အုပ်ချုပ်မှုပုံစံများတွင် လုပ်ပိုင် ခွင့်များကို ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရန် လိုကြောင်း။
လုပ်ပိုင်ခွင့်များကို တည်ဆောက်ပေးရမည်
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသော ကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်း၍ လုပ်ဆောင်၍ရကြောင်း၊ သို့သော် လည်း ဥပဒေပြဋ္ဌာန်းမှုများကို ပြည့်ပြည့်စုံစုံ ဆောင် ရွက်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် မိမိတို့လုပ်ပိုင်ခွင့် အလိုက် အပြည့်အဝ လုပ်ဆောင်ခြင်းမရှိသည့်အပေါ် အားမလိုအားမရ ဖြစ်လာကြပြီး လုပ်ပိုင်ခွင့်များ ပေးရန် တောင်းဆိုလာကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအား မိမိတို့လုပ်ပိုင်ခွင့်များအလိုက် ဒေသအကျိုး ကို ဖော်ဆောင်ပေးနိုင်သမျှ ဖော်ဆောင်နိုင်ကြောင်းကို အမြဲပြောကြားခဲ့ကြောင်း၊ လုပ်ပိုင်ခွင့်များကို အသုံးချ ရာတွင်လည်း ဒေသနှင့်ဒေသခံများ၏ အကျိုးကိုသာ ဖော်ဆောင်ပေးရန်ဖြစ်ပြီး လူနည်းစု၏ အကျိုးစီးပွား အတွက် အသုံးချခြင်း မဖြစ်စေရန်လိုကြောင်း၊ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ယခုကဲ့သို့ အကျယ်တဝင့် ရှင်းပြနေရခြင်းမှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် လုပ်ပိုင်ခွင့်များသည် အလွန်အခရာကျခြင်းကြောင့် ဖြစ်ပြီး မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် များအတွက် လုပ်ပိုင်ခွင့်များကို တည်ဆောက်ပေး ရမည်ဖြစ်ကြောင်း။
အခွင့်အရေးတန်းတူရရှိရမည်
ပဉ္စမအချက်အနေဖြင့် မဲပေးခွင့်ရှိသူများ အားလုံး ၏ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်မြောက်စေရေးပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဖြစ်မြောက်စေရေး အတွက် မိမိတို့အနေဖြင့် အခြေအနေဖန်တီးပေးရမည် ဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရမည်၊ မဲစာရင်း များ မှန်ကန်မှုရှိရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များ အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်၏မည်သည့် အရပ်ဒေသရှိမြို့ပြနှင့် ကျေးလက်တွင် နေထိုင်သည် ဖြစ်စေ နိုင်ငံသားတိုင်းသည် အခွင့်အရေးတန်းတူ ရရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးကို အချိန်ယူ၍ ဆောင် ရွက်နေရခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ရွေးကောက်ပွဲကို ဆောင်ရွက်ရမည် ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေဖော်ဆောင် ပေးနိုင်ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့်ပတ်သက်၍ မိမိအနေဖြင့် ပြောကြားခဲ့ ခြင်းဖြစ်ပြီး ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့ တာဝန်ယူထားရသည့်ဒေသများသို့ ရောက်ရှိပါက နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား ရန်လိုကြောင်း။
ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ခုတွင် ပြင်ဆင်သင့် သည်များကို ပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း အခြား ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် အချက်များလည်း ရှိနေဆဲဖြစ်ကြောင်း၊ ၎င်းအချက်များနှင့် အခြား ဆက်စပ်နေသည့် ဥပဒေ၊ ပုဒ်မများကိုလည်း ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် တိုင်းပြည်အတွက်အရှည်ကို မျှော်တွေး၍ ကြိုတင် စဉ်းစားနိုင်ရန်လိုပါကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ် ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက် ၍ ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် လွှတ်တော် သို့ သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ကောင်စီဝင်များက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားသည့် တိုင်းရင်း သားအခွင့်အရေးများ မှန်မှန်ကန်ကန် ရရှိခံစားနိုင် အောင် ဆောင်ရွက်ပေးရေး၊ လာမည့်ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ခံရာတွင် တိုင်းရင်း သား လူမျိုးများ၊ မျိုးနွယ်စုများ၊ အခေါ်အဝေါ်များနှင့် စာရင်းဇယားများ မှန်ကန်အောင် စနစ်တကျစိစစ် ကောက်ခံသွားရေး၊ သဘာဝမြေဩဇာကို တောင်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သုံးစွဲလာ အောင် ပညာပေးစည်းရုံးရေး၊ ရခိုင်ပြည်နယ်အတွင်း ရှိ စပါးများ အချိန်မီရိတ်သိမ်းနိုင်ရေး၊ စားသောက်ကုန် ပစ္စည်းများ ပုံမှန်စီးဆင်းရေး၊ ပဋိပက္ခဖြစ်ပွားသည့် ဒေသများမှ ကျောင်းသား ကျောင်းသူများ တက္ကသိုလ် ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်အောင် စီစဉ်ဆောင် ရွက်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများအား လက်နက်ကိုင် အဖွဲ့အစည်းများက ခြိမ်းခြောက်အကျပ်ကိုင်နေမှု၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေ ဖြင့် နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုး ရေးနှင့် မွေးမြူရေးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြစ်ကြောင်း။
ပညာရေးကိုကောင်းအောင် လုပ်ဆောင်ရမည်
တိုင်းပြည်အနာဂတ်အတွက် ပညာရေးကိုလည်း အားပေးမြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာမရှိပါက နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်း စဉ်များ အောင်မြင်နိုင်မည်မဟုတ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် ကာလအတွင်း နိုင်ငံ့စီးပွားရေး တိုးတက်အောင်နှင့် ပညာသင်ကြားမှု ကောင်းစွာ ရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ အနာဂတ်ကို ကောင်းမွန်စေ လိုပါက ပညာရေးကိုကောင်းအောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များအနေဖြင့် နိုင်ငံ့စီးပွားတိုးတက် ရေးနှင့် ပညာရေး အားပေးမြှင့်တင်ရေး ကိစ္စရပ်များ ကို ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်