ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် အရန်မီးစက်များ နေရာချထားဆောင်ရွက်ထားရှိမှုကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ   ၃၁ 


လျှပ်စစ်စွမ်းအား   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးဉာဏ် ထွန်းသည် ဒုတိယဝန်ကြီး ဦးအေး ကျော်နှင့်အတူ ယနေ့မွန်းလွဲပိုင်း တွင်    နေပြည်တော်   မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) သို့   သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ     အခမ်းအနား ကျင်းပစဉ်ကာလအတွင်း လျှပ်စစ် ဓာတ်အား မပြတ်တောက်စေရေး၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးနှင့်   အရန်မီးစက်များ နေရာချထား ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို    သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိ သူများ၏     တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက  အခမ်း အနားကျင်းပနေစဉ်    ကာလ အတွင်း ဖြန့်ခွဲထားရှိသည့် နေရာ များအတိုင်း       တာဝန်များကို အသေးစိတ်   ချထားတာဝန်ပေး အပ်ထားရန်   လိုအပ်ပါကြောင်း၊ အခမ်းအနားကျင်းပစဉ်   အများ ဆုံး  သုံးစွဲနိုင်မည့်  ဝန်အားများ အတိုင်း စမ်းသပ်မောင်းနှင်ထား ရန်    လိုအပ်ပါကြောင်း၊    အရန် မီးစက်များ၊    UPS  များလည်း ချထားပြီးဖြစ်ပါသဖြင့် သွယ်တန်း ထားရှိသည့်    ဓာတ်အားလိုင်း များကို    မတော်တဆထိခိုက် ပြတ်တောက်မှု      မဖြစ်စေရေး လိုင်းများအား    စစ်ဆေးထား၍ သန့်ရှင်းသပ်ရပ်စွာ     ထားရှိရန် လိုအပ်ပါကြောင်း၊     ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးမည့် ဓာတ်အား လိုင်း လမ်းတစ်လျှောက်နှင့်   ခွဲရုံ များတွင်လည်း တာဝန်များအပိုင်း လိုက် ချထားရန် လိုအပ်ပါကြောင်း၊  အရန်မီးစက်များ     ထားရှိသည့် နေရာဝန်းကျင်တွင်       လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရန်အတွက် မီးကြိုးများ ဆက်သွယ်အသုံးပြု ရာ၌     စနစ်တကျ    ဆက်သွယ် အသုံးပြုရေး    မှာကြားခဲ့ကြောင်း သိရသည်။                  

သတင်းစဉ်