မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဇန်နဝါရီ   ၃၁
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃ရက် (စနေနေ့)  ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) MICC(l) ၌ ခမ်းနားထည်ဝါစွာ စီစဉ် ကျင်းပသွားမည်ဖြစ်သည်။                                                          


အဆိုပါ      အခမ်းအနား ကျင်းပပုံများကို ယင်းနေ့ညနေ ၄ နာရီခွဲမှ စတင်၍ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ ရုပ်သံ လိုင်းများဖြစ်သော MRTV-HD ၊ MRTV   Farmers’၊     MRTV Sports၊ MRTV Parliamentနှင့် အကျိူးတူရုပ်သံလိုင်းများဖြစ်သော  Channel-7၊ Readers’၊ 5-Plus၊ Channel-9 ၊ MNTV၊ Myanmar Movies ၊  Myanmar Arts၊     Fortune    Channel ၊ Channel K ၊    M Channel တို့အပြင် မိတ်ဖက်ရုပ်သံလိုင်း များဖြစ်ကြသော MWD-HD Channel ၊ MWD Variety – HD Channel ၊ Channel Light Channel ၊ MWD Education, Knowledge & Sports Chan-nel ၊ Golden Land Channel ၊ WAF Channel ၊ TVM Channel တို့မှ    လည်းကောင်း၊    မြန်မာ့ အသံရေဒီယိုနှင့်   အကျိုးတူ FMများဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များ ဖြစ်ကြသော Star ၊ သဇင် တို့မှ လည်းကောင်း၊ MOI Website ၊ MOI Youtube ၊ MRTV Web-site၊ MRTV App: အပါအဝင် Online    Media  တို့မှလည်း ကောင်း     တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။  


သတင်းစဉ်