တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ခရိုင် ၃၅ ခု၊ မြို့နယ်ပေါင်း ၁၂၅ မြို့နယ်အတွင်း အိမ်ခြေပေါင်း ၃၄၀၀၀ ကျော်မှ ပြည်သူ ၁၂၀၀၀၀ ကျော်အား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများပေးခဲ့

 

ရန်ကုန်    ဇန်နဝါရီ    ၃၀


ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ် ဦးစီးဌာနအနေဖြင့်      နိုင်ငံတော် အတွင်း  မီးလောင်/ မီးလန့်မှုများ မဖြစ်ပွား       မပေါ်ပေါက်စေရေး အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို     နိုင်ငံတစ်ဝန်း အရှိန်အဟုန်မပျက်      အကောင် အထည်ဖော်   ဆောင်ရွက်လျက်ရှိ ရာ         ပွင့်လင်းရာသီကာလသို့ ကူးပြောင်းလာချိန်၌       အများ ပြည်သူ သိရှိလိုက်နာဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့ရှိ  ခရိုင် ၃၅ ခု၊ မြို့နယ်ပေါင်း ၁၂၅     မြို့နယ်၊    အိမ်ခြေပေါင်း ၃၄၀၀၀ ကျော်တွင် နေထိုင်သည့် အများပြည်သူ ၁၂၀၀၀၀ ကျော်အား မီးဘေး လုံခြုံရေးဆိုင်ရာ      အသိပညာများ    ပေးခဲ့ ကြောင်း သိရသည်။


အဆိုပါ    မီးဘေးလုံခြုံရေးဆိုင်ရာလုပ်ငန်း များကို  ၂၀၂၄   ခုနှစ်    ဇန်နဝါရီ    ၂၂  ရက်မှ ၂၉      ရက်အထိ      နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ခရိုင် ၃၅ ခု၊ မြို့နယ်ပေါင်း ၁၂၅ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၁၈၅ အုပ်စုတို့မှ အိမ်ခြေပေါင်း ၃၄၀၀၀  ကျော်၊   အိမ်ထောင်စု  ၄၃၆၉၁  စု၊ လူဦးရေ ၁၂၂၁၇၂ ဦးတို့အား မီးသတိမူရေး ဆိုင်ရာ   နှိုးဆော်ခြင်း၊   မီးဘေးလုံခြုံရေးဆိုင်ရာ    သိမှတ်ဖွယ်ရာများ         တစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း နှင့် ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခြင်းတို့ကို  တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေး/ သတိ ပေးခြင်းနှင့် အသိပညာပေးခြင်းတို့ကို သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်   ၉၆၂   ဦး၊   ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်  ၆၆၇  ဦးတို့ဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ ရပ်ဖများနှင့်အတူ မီးဘေးလုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို          ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။


အလားတူ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး မှူးရုံးတို့  ဦးဆောင်မှုဖြင့် ဒဂုံမြို့သစ်(တောင် ပိုင်း) မြို့နယ်၊ အမှတ်(၁၈)၊ (၂၁)၊ (၂၃)၊ (၂၄)၊ (၅၄) ရပ်ကွက်အတွင်းရှိ အဆင့်မြင့် လူနေအိမ် များ၊ အထပ်မြင့်အိမ်ရာများ၊ လူအများစုဝေး အပန်းဖြေရာ နေရာများ၊    စီးပွားရေးလုပ်ငန်း များနှင့်  စက်မှုဇုန် လေးဇုန်ရှိ စက်ရုံ/အလုပ်ရုံ များကိုလည်း စစ်ဆေးအကြံပြု အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်၌  ကုန်ထုတ်အရင်းအနှီးများ စီးဆင်း စုဝေးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ     ဈေးရုံကြီးများကို      ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  


ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး