
ပဲခူး ဇန်နဝါရီ ၃၀
တိုင်းဒေသကြီးအဆင့် မကျန်းမာသော မွေးကင်းစကလေးနှင့် ကလေးပေါင်းစည်း ကုသခြင်းလုပ်ငန်း (အသက်(၂)လမှ(၅)နှစ်အထိ) ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၂၉ ရက် နံနက်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သီဟက မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍ တွင် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများ အနက်မှ (၅)နှစ်အောက် ကလေးကျန်းမာ ရေး စောင့်ရှောက်မှုပေးခြင်းသည် အရေးကြီးသော အခန်းကဏ္ဍဖြစ်ပြီး (၅)နှစ်အောက် ကလေးသေဆုံးမှုနှုန်း သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် အဓိကအညွှန်းကိန်းများ တွင်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ကလေးငယ်များတွင် ရောဂါတစ်ခုဖြစ် လျှင် တစ်ခုထက်ပို၍ ဖြစ်တတ်သော ကြောင့် ဤသင်တန်းတွင် မကျန်းမာသော ကလေးအား ရောဂါတစ်ခုချင်းအလိုက် ကုသမှုလမ်းညွှန်ထက် ကလေးတွင် ဖြစ်နေသော ကျန်းမာရေးပြဿနာအားလုံး ကို လေ့ကျင့်သင်ကြားပေးမည်ဖြစ် ကြောင်း၊ (၅) နှစ်အောက်ကလေးများ ဆေးရုံဆေးခန်းရောက်လျှင် ခံစားနေရ သော အဓိကရောဂါလက္ခဏာကိုသာ ပြောပြတတ်၍ အဆင့်မခွဲခြားနိုင်ပါက သေဆုံးမှုများနိုင်သောကြောင့် အဓိက အကြောင်းရင်းအပြင် ဆက်နွှယ်နေသောအကြောင်းရင်းများကို သိရှိဖော်ထုတ် နိုင်ရန် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း များကို ဆက်လက်သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်များမှ ကျန်းမာရေး ဝန်ထမ်း သင်တန်းသား သင်တန်းသူ ၄၂ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။
သက်ထက်