
နေပြည်တော် ဇန်နဝါရီ ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြသည်။
ကြည့်ရှုအားပေး
ဆီမီးဖိုင်နယ်ပွဲစဉ်သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ ကျောင်းသား ကျောင်းသူ များ၊ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးကြ သည်။
နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၁ ၌ မကွေးဇုန်နှင့် နေပြည်တော်ဇုန်တို့မှ ဘောလုံးအားကစားသမားများယှဉ်ပြိုင်ကစားကြရာ နေပြည်တော်ဇုန်က မကွေးဇုန်ကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိ သည်။ ညနေပိုင်းတွင် ကွင်း ၃ ၌ မိတ္ထီလာဇုန်နှင့် တောင်ကြီးဇုန်မှ ဘောလုံးအားကစားသမားများ ယှဉ်ပြိုင်ကစားကြရာ မိတ္ထီလာဇုန်က တောင်ကြီးဇုန်ကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ပွဲစဉ်များအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဘောလုံး အားကစားသမားများနှင့် ဒိုင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်