ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကြိုတင်ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇန်နဝါရီ ၃၀


ပြန်ကြားရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်းသည်   ဒုတိယဝန်ကြီး ဦးရဲတင့်၊   သက်ဆိုင်ရာ  လုပ်ငန်း ကော်မတီ၊  ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့်အတူ  ယနေ့ ညနေပိုင်းတွင်    နေပြည်တော် မြန်မာ       အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း   ဗဟိုဌာန  (၁)  သို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား     ကြိုတင်ပြင်ဆင် ဆောင်ရွက်       ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။


အားပေးစကားပြောကြား 


ရှေးဦးစွာ       ပြည်ထောင်စု ဝန်ကြီးသည် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁) တွင်  တည်ဆောက်လျက်ရှိသော ရုပ်ရှင်အနုပညာရှင်များအတွက် ကြိုဆိုရေး   မုခ်ဦး၊   ဂုဏ်ပြုခံ လျှောက်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ရုပ်ရှင်အနုပညာရှင်များအတွက် ကြိုဆိုရေး၊  ဧည့်ခံကျွေးမွေးရေး၊ တွေ့ဆုံမေးမြန်းရေး  ဆောင်ရွက် မည့်        အစီအစဉ်များကိုလည်း ကောင်း၊   ဖျော်ဖြေရေး၊   ဆုများ ချီးမြှင့်ရေးနှင့် မီး၊ အသံစနစ်များ ဆောင်ရွက်မည့်  အစီအစဉ်များကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးကာ ရွှေကြိုမောင်မယ်များနှင့် ပါဝင်ဖျော်ဖြေ   တင်ဆက်ကြမည့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား သည်။


ဆုများပေးအပ်ချီးမြှင့်


၂၀၂၃  ခုနှစ်အတွက်   မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်း အနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၃  ရက်တွင်  မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ၌  ကျင်းပမည်ဖြစ်ပြီး အခမ်းအနား သို့  ရုပ်ရှင်အနုပညာရှင်၊  အတတ် ပညာရှင်        တစ်ထောင်ကျော် တက်ရောက်မည်ဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသထားသည့် ရုပ်ရှင်ဇာတ်ကားများမှ အကောင်း ဆုံး အနုပညာရှင်၊ အတတ်ပညာ ရှင်များကို  ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်မည်   ဖြစ်ကြောင်း သိရသည်။        

         

သတင်းစဉ်