ကန့်ဘလူမြို့နယ်အတွင်း လုံခြုံရေးတာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆို

 

နေပြည်တော်  ဇန်နဝါရီ  ၂၇


လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည်    တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ     မြို့/ရွာများနှင့်   နိုင်ငံတော်ပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား   မထောက်ခံသည့်  ဒေသခံပြည်သူများအား  ဒလန်ဟု စွပ်စွဲ၍  ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ လမ်း/ တံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများ  လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်နေသည့်       လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများကို    တပ်မတော်သားများ၊    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများအေးချမ်း စွာ နေထိုင်နိုင်ရေးတို့အတွက် အသက်ကိုပဓာနမထား ဘဲ စွန့်လွှတ်စွန့်စားသည့်စိတ်ဖြင့် တိုက်ခိုက်ချေမှုန်း လျက်ရှိပြီး နယ်မြေလုံခြုံရေးတာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိသည်။
ယနေ့တွင်   စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူ မြို့နယ်အတွင်း    ပြည်သူလူထု၏   အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက် နေပြီး   လုံခြုံရေးတာဝန်များ   ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကန့်ဘလူမြို့၌ ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သံဃာတော် များက အောင်သပြေပန်းများ၊ ပန်းကုံးများ၊ အိုးစည် ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုထောက်ခံ အားပေးလျက်ရှိပြီး  လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးရရှိအောင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင် ရေး (Counter – Terrorism  Operation) ကို   ဂျီနီဗာ ကွန်ဗန်းရှင်း(၄)ရပ်ကိုအခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ    (Law of Armed Conflict) ပြဋ္ဌာန်းချက်များနှင့်အညီ       ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း   (Rules  of Engagement-ROE) အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။        

သတင်းစဉ်