မလေးရှားတွင် တရားမဝင်နေထိုင်သူများကို ဖမ်းဆီးမှုများပြားနေသဖြင့် မြန်မာအလုပ်သမားများသတိထားရန်လို

 

ရန်ကုန်   ဇန်နဝါရီ    ၂၇


မလေးရှားတွင် တရားမဝင်နေထိုင်သူများကို ဖမ်းဆီးမှုများပြားနေသော ကြောင့် မြန်မာအလုပ်သမားများသတိထားရန်လိုပြီး အဖမ်းအဆီးများ နေချိန်တွင် အသွားအလာ၊ နယ်မြေအနေအထားဂရုစိုက်ကြရန် မလေးရှား ရောက် မြန်မာလုပ်သားများကို ကူညီဆောင်ရွက်ပေးနေသည့် နှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ - မလေးရှား)က အသိပေးထားသည်။ အထက်ပါအဖွဲ့ရုံးတွင် ကယ်တင်ထားရသူ ၁၁ ဦး မှာ တရားမဝင်နေထိုင်သူများကို ဖမ်းဆီးစဉ်အဖမ်းခံခဲ့ရပြီး ရုံးပတ်ဝန်း ကျင်တွင်လည်း    အစစ်အဆေးများနေဆဲဖြစ်သည့်အတွက်  နေစရာ အခက်အခဲဖြစ်နေသော အခြားမြန်မာနိုင်ငံသားများအား ကယ်တင်မှုကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်းလည်း အဆိုပါအသင်းက အသိပေး ထားသည်။ 


“လောလောဆယ် ကျွန်တော်တို့ရုံးကလည်း ၁၁ ယောက် ပါသွား တယ်။ အဲဒီအတွက်ကြောင့် နှလုံးလှပရဟိတရုံးခန်းမှာ နေစရာမရှိတဲ့ သူတွေ၊ အခက်အခဲဖြစ်တဲ့သူတွေကို အခုကာလ အော်ပရာစီကာလလေး တွေမှာ လက်ခံလို့အဆင်မပြေပါဘူး”ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။ ၎င်းတို့အဖွဲ့အနေဖြင့် နေစရာမပေးနိုင်သော်လည်း နေစရာရှိပြီး  စားစရာအခက်အခဲဖြစ်နေသူများအနေဖြင့်  မလေးရှား နိုင်ငံရှိ မည်သည့်နေရာတွင်မဆို အကူအညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။                                                                 

MT