မြန်မာ့ပဲတီစိမ်းကို လာမည့်ဖေဖော်ဝါရီ ဒုတိယပတ်တွင် ပြည်ပသို့တင်ပို့နိုင်ရန် မျှော်မှန်းထား

 

ရန်ကုန်   ဇန်နဝါရီ    ၂၇


မြန်မာ့ပဲတီစိမ်းကို လာမည့်ဖေဖော်ဝါရီ ဒုတိယ ပတ်တွင်  ပြည်ပသို့တင်ပို့နိုင်မည်ဟု   မျှော်မှန်း ထားကြောင်း  ပဲမျိုးစုံရောင်းဝယ်ရေးအသိုင်း အဝိုင်းမှ သိရသည်။


လာမည့် ဖေဖော်ဝါရီ ဒုတိယပတ်ကာလ တွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ပဲတီစိမ်းစိုက်ပျိုး သည့် ဒေသစုံမှ ပဲတီစိမ်းများ ပေါ်ချိန်ဖြစ်သဖြင့် ပြည်ပသို့  ပဲတီစိမ်းတင်ပို့မှုများအတွက်   နိုင်ငံ တကာနှင့် စာချုပ် ချုပ်ဆိုနိုင်သော  ကာလဖြစ် ကြောင်း သိရသည်​။


“ပြည်ပ တင်ပို့မှုကျတော့ ခုချိန်နည်းနည်း   စောနေတယ်။       သူတို့အရောင်းပိုင်းပေါ့။ အရောင်းပိုင်းဆိုတာက  သီးနှံအထွက်ကို စာချုပ် ချုပ်မှာပေါ့။  နောက်လထဲလောက်မှဖြစ်မှာ။     နိုင်ငံတကာနဲ့စာချုပ်ပြီး ရောင်းဝယ်ဖို့ ပဲတီစိမ်း ထွက်လာတဲ့အချိန်မှာ    ရောင်းမှာဆိုတော့      ပဲတီစိမ်းက ဒေသစုံလှိုင်လှိုင်ထွက်မယ့် ဒုတိယ ပတ်ပေါ့။    ဖေဖော်ဝါရီ   ဒုတိယပတ်မှာက ကွင်းစုံထွက်မှာဆိုတော့  အဲဒီလိုအချိန်ကျရင်  ကမ္ဘာနဲ့ အိတ်စ်ပို့     အရောင်းတွေဖွင့်ကြပြီး ပေါ့။  အဲဒီအခါကျ   ဈေးကွက်တွေ   အကုန်မှန် သွားတာပေါ့”ဟု ပဲတီစိမ်း ဆန်နှင့် ဒေသထွက် ပစ္စည်းများ ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ် သည့်   GLC   Myanmar  မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိကာလတွင်  ပဲတီစိမ်းနှင့်မတ်ပဲမှာ      ဝယ်လိုအားတက်လျက်ရှိပြီး ပဲမျိုးစုံမှာလည်း ဧရာဝတီတိုင်းဒေသကြီးနှင့်   ပဲခူးတိုင်းဒေသ ကြီးတို့တွင်    စတင်ထွက်ရှိနေပြီဖြစ်ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။


“ဝယ်လိုအား တက်နေတာကတော့ ပဲတီ စိမ်းနဲ့ မတ်ပဲ ပဲပြောရမယ်။ ပဲမျိုးစုံက ဝယ်လို အားတက်တယ်ပေါ့။     ပေါ်လစီချိန်းပေမယ့် ဝယ်လိုအားရှိတယ်။ ပဲတီစိမ်းပေါ်ပြီဆိုလို့ ရှိရင်    နိုင်ငံခြားပိုင်းက    ရှာတာတွေက   ရှေ့တစ်လ နှစ်လလောက်ကြိုပြီးတော့      အလုပ်လုပ် ကြတာပေါ့” ဟု     အထက်ပါတာဝန်ရှိသူက ဆိုသည်။


ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ်က မြန်မာ့ပဲတီစိမ်း တန်ချိန် ၁၀၀၀၀ ကျော်ကို ဥရောပသမဂ္ဂနိုင်ငံ များသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ 

သစ်တော်