နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   ဇန်နဝါရီ   ၂၇


ပညာရေးဝန်ကြီးဌာန၊ (၂၃) ကြိမ်မြောက် ဝိဇ္ဇာ နှင့် သိပ္ပံသုတေသနညီလာခံ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင်နေပြည် တော်ရှိ  Naypyitaw State Academy ၌    ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့်ဇနီး   ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့် သည်။


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီးတို့ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊  ကောင်စီအဖွဲ့ဝင်များ နှင့်   ဇနီးများ၊     ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊  ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊   ပါမောက္ခချုပ်များ၊   ပါမောက္ခများ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်     သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့်       အဖွဲ့ဝင်များ၊    စာတမ်းရှင်များနှင့်     ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။


ဦးစွာ ဆုချီးမြှင့်ပွဲအခမ်းအနား ကို    ကျင်းပရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က (၁၇)  ကြိမ် မြောက်   မြန်မာနိုင်ငံ   ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့    ဆုရရှိသူများ ဖြစ်ကြသည့်   ဒေါက်တာထက်ထက် သန်းစိန်၊ ဒေါက်တာဇော်ဇော်သိန်း၊ ဒေါက်တာ  အိအိဖြိုး၊  ဒေါက်တာ ဝင့်ဝါဝါထွန်း၊ ဒေါက်တာနန်းယဉ် ယဉ်မိုး၊   ဒေါက်တာချိုမာလွင်၊ ဒေါက်တာခင်မို့မို့နှင့်  ဒေါက်တာ ဟိန်းလတ်တို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ၏ဇနီးက     မြန်မာဘာသာရပ် နှင့်  အင်္ဂလိပ်ဘာသာရပ်တို့တွင်  အကောင်းဆုံး    စာတမ်းဆုများ    ရရှိကြသည့်    ဒေါက်တာမြမြဝင်း၊  ဒေါက်တာအေးစုငြိမ်း၊ ဦးခင်အေး နှင့်  ဒေါ်ကေခိုင်ငြိမ်းတို့ကိုလည်း ကောင်း   ဆုများ    ပေးအပ်ချီးမြှင့် သည်။

ဆုများပေးအပ်ချီးမြှင့်


ထို့နောက်   ကောင်စီတွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး   ရဲဝင်းဦး၊   ကောင်စီဝင်များ ဖြစ်ကြသည့်      ဗိုလ်ချုပ်ကြီး  မြထွန်းဦး၊        ဗိုလ်ချုပ်ကြီး     တင်အောင်စန်း၊   ဒုတိယဗိုလ်ချုပ် ကြီး   ညိုစော၊  ပိုးရယ်အောင်သိန်း၊     မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေနှင့် ဦးရန်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်     (ရေ)     ဒုတိယဗိုလ်ချုပ်ကြီး     ဇွဲဝင်းမြင့်၊  
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဒေါက်တာညွန့်ဖေ တို့က   ဘာသာရပ်များအလိုက် ပထမ၊   ဒုတိယ၊   တတိယနှင့်  ဂုဏ်ပြုဆုရရှိကြသည့်   စာတမ်း ရှင်များကို ဆုများပေးအပ်ချီးမြှင့် ကြသည်။


ယင်းနောက်    ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား သို့    တက်ရောက်လာကြသူများ နှင့်အတူ  ဂုဏ်ပြုညစာကို  အတူ တကွသုံးဆောင်ကြသည်။


ညစာ        မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာ ရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက တေးသံသာများ၊ အက အလှများဖြင့် သီဆိုတီးမှုတ်ကပြ ဖျော်ဖြေကြသည်။


ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ ကြသည့်       သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များကို ချီးမြှင့်ငွေများ ပေးအပ်သည်။


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်     ဇနီးတို့ သည်  ဝါရင့်ပညာရှင်ကြီးများနှင့် တက်ရောက်  လာကြသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်